မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ….

News

Unicode
မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကိုကားနဲ့တိုက်ဖမ်းခိုင်းတဲ့ စည်ပင်အရာရှိ သေနတ် ၈ ချက်ပစ်ခံရပြီး သေဆုံး

မုံရွာ၊ ဩဂုတ် ၁၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်မှာနေတဲ့ စည်ပင်အရာရှိအမျိုးသားတဦး ဩဂုတ်လ ၁ ရက် ဒီမနက်အစောပိုင်းက သေနတ်နဲ့ ၈ ချက်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

အသက် ၅၀ နှစ်အရွယ် ဦးသုခ ဆိုသူဖြစ်ပြီး၊ ဒီမနက် ၇ နာရီလောက်မှာ အိမ်ကနေ ဆိုင်ကယ်နဲ့ထွက်လာချိန် သူ့အိမ်အနီးမှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ မြန်မာ့တော်ဝင်နဂါးတပ်မတော်တပ်ခွဲ MRDA – Monywa မှ ဗိုလ် Black က ပြောပါတယ်။

“သူထွက်လာတဲ့အချိန် ကျနော်တို့တွေ့လိုက်တဲ့အချိန်မှာ ၂ ချက်ပစ်လိုက်တယ်၊ ပထမ ၁ ချက်ပစ်တဲ့အချိန်မှာ ဆိုင်ကယ်မောင်းတုန်းပဲ၊ ဒုတိယ ၁ ချက်ပစ်တဲ့အချိန်မှာဆိုင်ကယ်လဲသွားတယ်၊ ဒါပေမယ့် ကျနော်တို့ရဲဘော်တွေက စိတ်မချလို့ဆိုပြီးတော့ ပြန်ပြီးတော့ကြည့်တယ်၊

hihihihihihihihihi

this is test

ဒုတိယ အချက်မှာမသေပဲနဲ့ ဆိုင်ကယ်ပြန်ထောင်ဖို့လုပ်တဲ့အချိန်မှာ နောက်ထပ် ၆ ချက်တိတိ ပစ်သတ်ခဲ့ရတယ်၊” လို့ သူကပြောပါတယ်။

ဦးသုခဟာ စစ်ကောင်စီတပ်သား‌တွေနဲ့ ပူးပေါင်းကာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ကိုလည်း ကားနဲ့တိုက်ပြီးဖမ်းဆီးခိုင်းခဲ့တာကြောင့် ခုလို ရှင်းလင်းခဲ့ရတာလို့လည်း ဆိုပါတယ်။

“ကျနော်တို့ မုံရွာမြို့ရဲ့သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဖမ်းဆီးခံရတုန်းကဆိုရင် ဒီကောင်က စစ်ကောင်စီကိုခေါ်တာ၊ ကားကို သူတို့လမ်းထိပ်မှာ ရပ်ထားတာ၊

ကားနဲ့ သပိတ်ခေါင်းဆောင်ကို တိုက်ပြီးဖမ်းခိုင်းတာ၊ တော်လှန်ရေးလူငယ်တွေလည်းသူ့ကြောင့်အဖမ်းခံရတာလည်းရှိတယ်၊ရပ်ကွက်ထဲမှာဆိုင်ကယ်နဲ့ပတ်ပြီး ဘယ်သူဘာလုပ်တယ်စုံစမ်းပြီး စစ်ကောင်စီကိုသတင်းပေးတာ၊ အဲဒါကြောင့်သေနတ်နဲ့ပစ်ရှင်းခဲ့တာ၊” လို့ ဗိုလ် black က ပြောပြပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်ကလည်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) တပ်ခွဲ အနေနဲ့ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်ရှိ နသတ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃၀ ဦးသေဆုံးခဲ့ပါသေးတယ်။

မြေလတ်အသံ

Zawgyi


မုံရွာ၊ ဩဂုတ် ၁၊ ၂၀၂၂။









မြေလတ်အသံ

Leave a Reply

Your email address will not be published.