မင်္ဂလာဒုံ၊ ပုလဲမြို့သစ်မှ လက်နက်ကိုင်ခွင့်ရ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လင်မယား

News

Unicode
မင်္ဂလာဒုံ၊ ပုလဲမြို့သစ်မှ လက်နက်ကိုင်ခွင့်ရ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လင်မယား ပစ်သတ်ခံရ၊ မိုင်းပေါက်ကွဲသံများထွက်ပေါ်နေပြီး စစ်အင်အားတိုးချ
ရန်ကုန်၊ ဩဂုတ် ၂
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပုလဲ၂ ပေါင်းကူဉာဏ ရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဝင်းနိုင်ထွန်းနှင့်ဟေမာထွန်းတို့ လင်မယား ၂ ဦး ယနေ့ နံနက် ၉ နာရီအချိန်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း‌ ဒေသခံများက ပြောဆိုသည်။

“ပုလဲမြို့သစ်က အုပ်ကြီးဝင်နိုင်ထွန်းလင်မယားကားအောက်ထဲ ဗုံးအပစ်ခံရပြီး သေနတ်နဲ့ပစ်သတ်ခံရတာ နှစ်ဦးစလုံးသေသွားပြီ။ အခုရပ်ကွက်တွေထဲ့မှာ ခွေးတွေဝင်နေတယ်ဆိုင်ကယ်တွေပါလိုက်ဖမ်းနေတယ်။ အဲ့ဒီအုပ်ကြီးက သေနတ်လည်းရှိတယ်။ အိမ်မှာအစောင့် စစ်သားနှစ်ယောက်ရှိတယ်။ အခုတော့ သေတာတော့ သေသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အခြားမျက်မြင်ဒေသခံတစ်ဦးကမူ “သူတို့စီးတဲ့ကားအောက်မှာ ဗုံးအရင်ကွဲတာ။
အသံတော်တော်ကျယ်ကျယ်တယ်။ ပြီးမှ သေနတ်နဲ့ပစ်တာ။ ကား အောက် မှာ ဗုံးပေါက်သွားပြီး ကားရပ်သွားမှ လင်မယားနှစ်ယောက်ကိုပစ်တာ။ ကားပေါ်တင် နှစ်ဦးစလုံး ပွဲချင်းပြီးပါပဲ” ဟု ပြောဆိုသည်။

အုပ်ကြီးဝင်းနိုင်ထွန်းသည် မင်္ဂလာဒုံမှ လူမိုက်များဖြင့် ဂိုဏ်းပုံစံဖွဲ့စည်းပြီး လက် နက်ကိုင်ဆောင်ထားကြောင်း၊ ဒေသခံပြည်သူများကို အလွန်မောက်မာရိုင်းစိုင်းပြီး စစ်တပ်၏ လက်ကိုင်တုတ်အဖြစ်လုပ်ဆောင်ကြောင်း၊ စျေးထဲသို့ သူ့ကားဝင်လာချိန် မလွတ်ကင်းသော စျေးဗန်းမှန်သမျှ တိုက်ချလေ့ရှိကြောင်း၊ မင်္ဂလာဒုံမှ UG နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လူငယ်များကို ၎င်းကိုယ်တိုင် လိုက်လံဖမ်းဆီး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် မိုင်းပေါက်ကွဲသံများကြားနေရပြီး စစ်ကောင်စီတပ်နှင့်ရဲများ ရပ်ကွက်များအတွင်းသို့ ပိုမိုဝင်ရောက်လာနေသည်ဟု သိရှိရသည်။
ဓာတ်ပုံ- ပစ်ခတ်ခံရ၍ သေဆုံးသွားသော အုပ်ကြီးလင်မယားနှင့် စီးနင်းလာသော ကား။

hihihihihihihihihi

this is test

crd

Zawgyi

မဂၤလာဒုံ၊ ပုလဲၿမိဳ႕သစ္မွ လက္နက္ကိုင္ခြင့္ရ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး လင္မယား ပစ္သတ္ခံရ၊ မိုင္းေပါက္ကြဲသံမ်ားထြက္ေပၚေနၿပီး စစ္အင္အားတိုးခ်
ရန္ကုန္၊ ဩဂုတ္ ၂
ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ ပုလဲၿမိဳ႕သစ္၊ ပုလဲ၂ ေပါင္းကူဉာဏ ရပ္ကြက္မွ စစ္ေကာင္စီခန႔္အုပ္ခ်ဳပ္ေရးမႉး ဝင္းႏိုင္ထြန္းႏွင့္ေဟမာထြန္းတို႔ လင္မယား ၂ ဦး ယေန႔ နံနက္ ၉ နာရီအခ်ိန္တြင္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း‌ ေဒသခံမ်ားက ေျပာဆိုသည္။

“ပုလဲၿမိဳ႕သစ္က အုပ္ႀကီးဝင္ႏိုင္ထြန္းလင္မယားကားေအာက္ထဲ ဗုံးအပစ္ခံရၿပီး ေသနတ္နဲ႔ပစ္သတ္ခံရတာ ႏွစ္ဦးစလုံးေသသြားၿပီ။ အခုရပ္ကြက္ေတြထဲ့မွာ ေခြးေတြဝင္ေနတယ္ဆိုင္ကယ္ေတြပါလိုက္ဖမ္းေနတယ္။ အဲ့ဒီအုပ္ႀကီးက ေသနတ္လည္းရွိတယ္။ အိမ္မွာအေစာင့္ စစ္သားႏွစ္ေယာက္ရွိတယ္။ အခုေတာ့ ေသတာေတာ့ ေသသြားၿပီ” ဟု ေဒသခံတစ္ဦးက ေျပာသည္။

အျခားမ်က္ျမင္ေဒသခံတစ္ဦးကမူ “သူတို႔စီးတဲ့ကားေအာက္မွာ ဗုံးအရင္ကြဲတာ။
အသံေတာ္ေတာ္က်ယ္က်ယ္တယ္။ ၿပီးမွ ေသနတ္နဲ႔ပစ္တာ။ ကား ေအာက္ မွာ ဗုံးေပါက္သြားၿပီး ကားရပ္သြားမွ လင္မယားႏွစ္ေယာက္ကိုပစ္တာ။ ကားေပၚတင္ ႏွစ္ဦးစလုံး ပြဲခ်င္းၿပီးပါပဲ” ဟု ေျပာဆိုသည္။

အုပ္ႀကီးဝင္းႏိုင္ထြန္းသည္ မဂၤလာဒုံမွ လူမိုက္မ်ားျဖင့္ ဂိုဏ္းပုံစံဖြဲ႕စည္းၿပီး လက္ နက္ကိုင္ေဆာင္ထားေၾကာင္း၊ ေဒသခံျပည္သူမ်ားကို အလြန္ေမာက္မာ႐ိုင္းစိုင္းၿပီး စစ္တပ္၏ လက္ကိုင္တုတ္အျဖစ္လုပ္ေဆာင္ေၾကာင္း၊ ေစ်းထဲသို႔ သူ႔ကားဝင္လာခ်ိန္ မလြတ္ကင္းေသာ ေစ်းဗန္းမွန္သမွ် တိုက္ခ်ေလ့ရွိေၾကာင္း၊ မဂၤလာဒုံမွ UG ႏွင့္ စစ္အာဏာရွင္ ဆန႔္က်င္ေရး လူငယ္မ်ားကို ၎ကိုယ္တိုင္ လိုက္လံဖမ္းဆီး ပစ္ခတ္ခဲ့ေၾကာင္း သိရွိရသည္။

လက္ရွိတြင္ မိုင္းေပါက္ကြဲသံမ်ားၾကားေနရၿပီး စစ္ေကာင္စီတပ္ႏွင့္ရဲမ်ား ရပ္ကြက္မ်ားအတြင္းသို႔ ပိုမိုဝင္ေရာက္လာေနသည္ဟု သိရွိရသည္။
ဓာတ္ပုံ- ပစ္ခတ္ခံရ၍ ေသဆုံးသြားေသာ အုပ္ႀကီးလင္မယားႏွင့္ စီးနင္းလာေသာ ကား။

crd

Leave a Reply

Your email address will not be published.