တတ်ကျွမ်းတဲ့အနုပညာနဲ့ တော်လှန်ရေးအတွက် ငွေရှာဖို့စီစဥ်နေတယ်လို့ အသိပေးလိုက်တဲ့ သရုပ်ဆောင် ချစ်သုဝေ




သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန် တစ်ဦးဖြစ်ပြီး ပရိသတ်အချစ်တွေကို တစ်ခဲနက်ရရှိထားသူလေး ချစ်သုဝေ ဟာ အဆိုတော်လင်းလင်း နဲ့ အိမ်ထောင်ကျပြီး
အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ် ကို မွေးဖွားထားသူတစ်ယောက် ဖြစ်ပါတယ်။
စိတ်ပျိုလို့ ကိုယ်နုတဲ့ ချစ်သုဝေက အသက် (၃၇) နှစ်ရောက်သည့်တိုင် လူငယ်လေးလို လန်းဆန်းလှပနေဆဲပါပဲ။
ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ချစ်သုဝေ ဟာလက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အရေးနဲ့ပတ်သတ်ပြီး ထိပ်ဆုံးကနေ ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်တစ်ဦးလဲ ဖြစ်ပါတယ်။
this is test




ဒီလိုလှုပ်ရှားမှု့တွေကြောင့် သူမကို ၅၀၅ ကနဲ့တရားစွဲဆိုထားပြီးတော့ ဘေးကင်းရာမှာ တိမ်းရှောင်နေရပါတယ်။
ချစ်သုဝေ ဟာ တိမ်းရှောင်နေရင်းနဲ့ ကျရာတာဝန်ကို အဝေးတစ်နေရာကနေ ထမ်းဆောင်နေသူလဲ ဖြစ်ပါတယ်။
အခုတစ်ခါမှာလဲ မင်းသား ဒေါင်း နဲ့အတူ သရုပ်ဆောင်ထားတဲ့ “စ”မှတ် ဆိုတဲ့ တော်လှန်ရေးအတွက် ရန်ပုံငွေရှာမယ့် ဇာတ်ကားလေးမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
ဒီဇာတ်ကားလေးကိုတော့ လာမယ့် ၈ လပိုင်း ၈ ရက်နေ့ မနက်ပိုင်း ၈ နာရီမှာ ပြသမှာဖြစ်ပါတယ်နော်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး
” ပြိုကျနေတဲ့စိတ်ကို ဆွဲထူမပြီး လုပ်လက်စ အနုပညာတစ်ခုကို တလရ အတွက် ငွေရှာဖို့ စီစဥ်လိုက်တယ်… “စ” မှတ် ကင်မရာရှေ့ dialouge တွေမပြောဖြစ်တာ ၈နှစ်ကျော်ကြာခဲ့တဲ့ Treza,,,,




” စ” မှတ် ကို သက်ဝင်ခဲ့ရတယ်.. ဆုတောင်းတွေ စကားလုံးတွေ ထပ် အလုပ်တွေနဲ့သာ တလရ ကို အချိန်နဲ့အမျှ ရုန်းမယ်လို့ ဆုံးဖြတ်ထားတယ်။
Comment မှာ ရုပ်ရှင်လက်မှတ်ဝယ်လို့ ရမယ့် linkလေးပေးထားတယ်..Edit- msgတွေစုံဝင်လာလို့ စ မှတ် pageလေး errorဖြစ်နေလို့ပါ Treza’s macrame family pageလေးcbလာပေးနော်၈
ရက် ၈လ မနက် ၈နာရီမှာ “စ”မှတ်မှာအတူဆုံဖို့ “စ”မှတ် ကနေ အဆုံးထိသွားဖို့ ” လို့ ချစ်သုဝေ ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ကဲ…ပရိသတ်ကြီးရေ “စမှတ်” ဇာတ်ကားလေးထွက်ရှိလာခဲ့ရင်လဲ စောင့်ကြည့်အားပေးဖို့ မမေ့ပါနဲ့အုန်းနော်။ ဇာတ်ကားလေးကို ကြည့်ရှု့ပြီး တော်လှန်ရေးအတွက် လှူကြရအောင်။
crd




တတ္ကြၽမ္းတဲ့အႏုပညာနဲ႔ ေတာ္လွန္ေရးအတြက္ ေငြရွာဖို႔စီစဥ္ေနတယ္လို႔ အသိေပးလိုက္တဲ့ သ႐ုပ္ေဆာင္ ခ်စ္သုေဝ
သ႐ုပ္ေဆာင္၊ အဆိုေတာ္၊ ဆရာဝန္ တစ္ဦးျဖစ္ၿပီး ပရိသတ္အခ်စ္ေတြကို တစ္ခဲနက္ရရွိထားသူေလး ခ်စ္သုေဝ ဟာ အဆိုေတာ္လင္းလင္း နဲ႔ အိမ္ေထာင္က်ၿပီး
အႁမႊာသမီးေလးႏွစ္ေယာက္ျဖစ္တဲ့ ေမျမန္မာေခတ္နဲ႔ ေမျမန္မာသစ္ ကို ေမြးဖြားထားသူတစ္ေယာက္ ျဖစ္ပါတယ္။
စိတ္ပ်ိဳလို႔ ကိုယ္ႏုတဲ့ ခ်စ္သုေဝက အသက္ (၃၇) ႏွစ္ေရာက္သည့္တိုင္ လူငယ္ေလးလို လန္းဆန္းလွပေနဆဲပါပဲ။




႐ုပ္ရွင္နဲ႔ဗီဒီယိုသ႐ုပ္ေဆာင္ ခ်စ္သုေဝ ဟာလက္ရွိျဖစ္ေပၚေနတဲ့ ျမန္မာႏိုင္ငံရဲ႕အေရးနဲ႔ပတ္သတ္ၿပီး ထိပ္ဆုံးကေန ပါဝင္လႈပ္ရွားေနတဲ့ အႏုပညာရွင္တစ္ဦးလဲ ျဖစ္ပါတယ္။
ဒီလိုလႈပ္ရွားမႈ႕ေတြေၾကာင့္ သူမကို ၅၀၅ ကနဲ႔တရားစြဲဆိုထားၿပီးေတာ့ ေဘးကင္းရာမွာ တိမ္းေရွာင္ေနရပါတယ္။
ခ်စ္သုေဝ ဟာ တိမ္းေရွာင္ေနရင္းနဲ႔ က်ရာတာဝန္ကို အေဝးတစ္ေနရာကေန ထမ္းေဆာင္ေနသူလဲ ျဖစ္ပါတယ္။
အခုတစ္ခါမွာလဲ မင္းသား ေဒါင္း နဲ႔အတူ သ႐ုပ္ေဆာင္ထားတဲ့ “စ”မွတ္ ဆိုတဲ့ ေတာ္လွန္ေရးအတြက္ ရန္ပုံေငြရွာမယ့္ ဇာတ္ကားေလးမွာ ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။




ဒီဇာတ္ကားေလးကိုေတာ့ လာမယ့္ ၈ လပိုင္း ၈ ရက္ေန႔ မနက္ပိုင္း ၈ နာရီမွာ ျပသမွာျဖစ္ပါတယ္ေနာ္။ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး
” ၿပိဳက်ေနတဲ့စိတ္ကို ဆြဲထူမၿပီး လုပ္လက္စ အႏုပညာတစ္ခုကို တလရ အတြက္ ေငြရွာဖို႔ စီစဥ္လိုက္တယ္… “စ” မွတ္ ကင္မရာေရွ႕ dialouge ေတြမေျပာျဖစ္တာ ၈ႏွစ္ေက်ာ္ၾကာခဲ့တဲ့ Treza,,,,
” စ” မွတ္ ကို သက္ဝင္ခဲ့ရတယ္.. ဆုေတာင္းေတြ စကားလုံးေတြ ထပ္ အလုပ္ေတြနဲ႔သာ တလရ ကို အခ်ိန္နဲ႔အမွ် ႐ုန္းမယ္လို႔ ဆုံးျဖတ္ထားတယ္။
Comment မွာ ႐ုပ္ရွင္လက္မွတ္ဝယ္လို႔ ရမယ့္ linkေလးေပးထားတယ္..Edit- msgေတြစုံဝင္လာလို႔ စ မွတ္ pageေလး errorျဖစ္ေနလို႔ပါ Treza’s macrame family pageေလးcbလာေပးေနာ္၈




ရက္ ၈လ မနက္ ၈နာရီမွာ “စ”မွတ္မွာအတူဆုံဖို႔ “စ”မွတ္ ကေန အဆုံးထိသြားဖို႔ ” လို႔ ခ်စ္သုေဝ ဟာ သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။
ကဲ…ပရိသတ္ႀကီးေရ “စမွတ္” ဇာတ္ကားေလးထြက္ရွိလာခဲ့ရင္လဲ ေစာင့္ၾကည့္အားေပးဖို႔ မေမ့ပါနဲ႔အုန္းေနာ္။ ဇာတ္ကားေလးကို ၾကည့္ရႈ႕ၿပီး ေတာ္လွန္ေရးအတြက္ လႉၾကရေအာင္။
crd