Unicode
ကလေး ၃ ယောက်အား တံတားပေါ်မှ အယင်ပစ်ချပြီး
နောက်ဆုံးမှာ ကလေးအဖေကိုယ်တိုင်လည်း တံတားပေါ်မှ ခုန်ချပြီး သတ်သေမှုဖြစ်ပွါး
ကွာလာလမ်ပူ ၊ ကပုန်း (Tmn Desa) ၂ ဩဂုတ်




မြန်မာနိုင်ငံသားဟု ယူဆရသည့် အမျိုးသားတစ်ဦးသည် ယနေ့ နံနက်ပိုင်းက (MRR2) အဝေးပြေးလမ်းမကြီးရဲ့ တံတားပေါ်မှ ခုန်ချခြင်းမပြုမီ ကလေးသုံးဦး (ယောက်ျားလေးနှစ်ဦး နှင့် မိန်းကလေးတစ်ဦး)ကို အယင်ပစ်ချခဲ့ကြောင်း သိရသည်။
this is test
အသက် ၃၈ နှစ်အရွယ် အမျိုးသားနှင့် အခြားကလေးနှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း အတည်ပြုခဲ့ပြီး အခြားကလေးတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိကာ ဆက်လက်ကုသရန် ဆလာယန်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း Sentul ရဲချုပ် Beh Eng Lai က ပြောပါတယ်။




Desa Jaya မီးပွိုင့်အနီး လမ်းဘေးတွင်တွေ့ရှိသည့် ရုပ်အလောင်းအား ကွာလာလမ်ပူဆေးရုံ၏ မှုခင်းဆေးကုသရေးဌာနသို့ ပို့ဆောင်ထားကြောင်းလည်း သိရပါတယ်။
မျက်မြင်သက်သေများ၏ အဆိုအရ အခင်းမဖြစ်ပွားမီ နံနက် ၅ နာရီ ၅၀ မိနစ်တွင် ညာဘက်လက်နှင့် ဘယ်ဘက်လက်နှစ်ဖက်ကို ကိုင်ဆောင်ကာ ကလေးတစ်ဦးကို ကိုင်ဆောင်ကာ လမ်းလျှောက်လာသည့် မြန်မာနိုင်ငံသားတစ်ဦးကို တွေ့ရှိခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။




အဆိုပါအမှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးနေပြီး ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများထံ သတင်းအချက်အလတ်များ ပေးဆောင်ရန် တောင်းဆိုထားကြောင်း ၎င်းက ဆိုသည်။
crd




Zawgyi




















crd