ပန်းနုရောင်ဝမ်းဆက်ဝတ်ပြီး ထိုင်ဝမ်သွားတာ အကြောင်းမဲ့မဟုတ်ပါ …
News
Unicode
ပန်းနုရောင်ဝမ်းဆက်ဝတ်ပြီး ထိုင်ဝမ်သွားတာ အကြောင်းမဲ့မဟုတ်ပါ …
အရောင်တွေနဲ့ နိုင်ငံရေးအကွဲအပြဲအက်ကြောင်း ကြီးမားလှတဲ့ တိုင်းပြည်တစ်ပြည်မှာ ဘယ်ဘက်ကိုမှ ဘက်မလိုက်၊ တိုင်းသူပြည်သားအားလုံးကို တန်းတူမေတ္တာထားတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ တော်ဝင်နန်းတော်ကနေ ဘုရင်ကြီး ကိုယ်တိုင်နေမကောင်းတဲ့ကြားက ပန်းနုရောင် စပို့ရှပ်ဝတ်ပြီး သူ့ရဲ့သဘောထားကို ပြတ်ပြတ်သားသားထုတ်ဖေါ်ပြသပြီးနောက်ပိုင်း…ပန်းနုရောင်ဆိုတာဘက်မလိုက်ခြင်း၊ရန်ငြိုးမရှိခြင်း၊မေတ္တာထားခြင်း၊ခွင့်လွှတ်ခြင်း၊ဘုရင့်အရိပ်အာဝါသအောက်ခိုလှုံသစ္စာရှိခြင်း ဆိုတဲ့ စာနဲ့ရေးမထားတဲ့ နားလည်မှုတွေ သူတို့ပြည်သူကြား ဖြစ်ပေါ်လာခဲ့တာ နှစ်အတော်ကြာပြီ။
၂၀၁၂ ခုနှစ် အဲဒီတိုင်းပြည်ကို ဒေါ်စုအလည်တစ်ခေါက်ရောက်ခဲ့တုန်းက(အိမ်ပြန်ကြစို့) ဆိုတဲ့ မြန်မာလုပ်သားတွေကို ပြောသွားတဲ့စကားက…(ဒေါ်စုတကယ်ပြောတာ ဟုတ်မဟုတ် မသေချာ) သူတို့ကို အရမ်းစိုးရိမ်တုန်လှုပ်စေခဲ့ဖူးပါတယ်။ မီဒီယာမှာလည်းဒီစကားခနခနဖေါ်ပြခဲ့ကြတယ်။
အခုလည်း သူတို့တစ်သက်လုံး လုပ်ချင်သလို လုပ်လာခဲ့တဲ့ ဒီအလုပ်သမားထုကိုလာတွေ့မယ်၊ သူတို့မပေးခဲ့ဖူးတဲ့အလုပ်သမားအခွင့်အရေးတွေပေးဖို့ စာချုပ်ချုပ်ရတော့မယ်၊ ဒေါ်စု သူတို့ဆီအလည်လာတာ မြန်မာအလုပ်သမားတွေအပေါ် သူတို့ပျက်ကွက်ခဲ့သမျှ ပြန်ပေးရမှာမို့ ဒေါ်စုမလာခင်တည်းကစိုးရိမ်နေခဲ့ကြတာ။
hihihihihihihihihi
this is test
ဒီလိုအခြေအနေမှာ –
ပန်းရောင်ဟာကောင်းခြင်း နိမိတ်ယူဆောင်လာတဲ့ အရောင်လို့ယုံကြည်ထားတဲ့နိုင်ငံထဲကို သူတို့ စိုးရိမ်ပူပန်တဲ့ အရေးကြီးပုဂ္ဂိုလ်ကလည်း ပန်းရောင်ဝတ်စုံနဲ့ အလည်ရောက်လာတယ်။ သူတို့ မီဒီယာမှာလည်း ပန်းရောင်ဝမ်းဆက်ပုံရိပ်တွေပလူပျံနေမယ်။ စဉ်းစားကြည့်ပါလေ။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နိုင်ငံက ပြည်သူတွေရဲ့ စိတ်သဘောထားကိုနားလည်ထားရုံမက သူ့နိုင်ငံပြင်ပပြည်သူတွေဘယ်လိုစိတ်သဘောထားရှိလဲ ဆိုတာတောင်နှံ့နှံ့စပ့်စပ်လေ့လာနားလည်ထားတဲ့ သံတမန်ရေးရာတစ်ဘက်ကမ်းခပ်ကျွမ်းကျင်လှတဲ့ ရှာမှရှားပုဂ္ဂိုလ်ထူးတစ်ဦးပဲဖြစ်တော့တယ်။
🌈💜
Credits – Thairath သတင်းစာ။
(Jun 23 2016)
Zawgyi
ဒီလိုအခြေအနေမှာ –
🌈💜
(Jun 23 2016)
Leave a Reply
Your email address will not be published.