Unicode
တောင်ငူရှိ MIG 29 စစ်တိုက်လေယာဉ်မောင်း လေတပ်ဗိုလ်ကြီး သီဟန်ထူး နေအိမ်
တောင်ငူရှိ MIG 29 စစ်တိုက်လေယာဉ်မောင်း လေတပ်ဗိုလ်ကြီး သီဟန်ထူး နေအိမ် မီးရှို့ခံရ၊ မိသားစုဝင်များ အားလုံး မနေရဲ၍ တပ်ထဲ ပြောင်းရွှေ့နေ




ရန်ကုန်၊ ဩဂုတ် ၃
ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်မှ MIG 29 စစ်တိုက်လေယာဉ်မှူး ဗိုလ်ကြီး သီဟန်ထူး၏ နေအိမ် ယမန်နေ့ ညပိုင်းတွင် မီးရှို့ခံရလိုက်ရသဖြင့် အိမ်အောက်ထပ် မီးလောင်ကျွမ်းသွားကြောင်း ဒေသခံများနှင့်တော်လှန်ရေးရဲဘော်တချို့ထံမှ သိရှိရသည်။
this is test
ဩဂုတ်လ ၂ ရက်နေ့ ည ၁၁ နာရီအချိန်တွင် တောင်ငူမြို့၊ စက်ရှင်လမ်း၊ ရပ်ကွက် ၂၀ ရှိ ဗိုလ်ကြီးသီဟန်ထူး၏ နေအိမ်ကို တောင်ငူမြို့ပြပျောက်ကျားတပ်ဖွဲ့တစ်ခု ဝင်ရောက်မီးရှို့ခြင်းဖြစ်ပြီး တောင်ငူတွင် လူငယ်များ ဖမ်းဆီးခံရမှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် မီးရှို့ခြင်းဖြစ်ကြောင်း၊




ဗိုလ်ကြီးသီဟန်ထူးသည် ပြည်သူများကို သတ်ဖြတ်နေသည့် MIG -29 လေယာဉ်မှူးတစ်ဦးဖြစ်ကြောင်း၊ ဗိုလ်ကြီးသီဟန်ထူး၏ နေအိမ်သည် လူမရှိတော့ဘဲ အိမ်သားအားလုံး စစ်တပ်ထဲတွင် ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရှိရသည်။
“ဦးမြင့်သောင်းရဲ့သား လေတပ်ဗိုလ်ကြီး သီဟန်ထူးအိမ် မနေ့ညက မီးရှို့ခံရတာပါ။ အိမ်အောက်ထပ်မီးလောင်ပါတယ်။ တစ်အိမ်လုံးလောင်ဖို့ကို အသိမြန်သွားလို့ပါ။ ဗိုလ်ကြီးသီဟန်ထူးအိမ်က တောင်ပိုင်းသစ်ထုတ်ရုံးရှေ့ ရပ် ကွက် ၂၀မှာပါ။




အိမ်က သူ့မိဘတွေရော အိမ်သားတွေရော မနေကြတော့ဘူး။ အားလုံးတပ်ထဲ ပြောင်းနေကြတာ။ လူတော့ ထိခိုက်မှုမရှိပါဘူး။ တောင်ငူမှာ လူငယ်တွေကို စစ်တပ်က နေ့စဉ် ဖမ်းဆီးနေတဲ့အပေါ် လက်တုံ့ပြန်တာပါ” ဟု တောင်ငူမြို့ပြပျောက်ကျားရဲဘော်တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်တွင် MIG 29 ရုရှားစစ်တိုက်လေယာဉ်မှူးမောင်း ၁၅ ဦးရှိပြီး




ဒုမှူးကြီး ရဲကျော်သူ
ဗိုလ်မှူး ကျော်ဇေယျာစိုး
ဗိုလ်မှူး စောထက်အောင်
ဗိုလ်မှူး ရဲလင်းမြတ်
ဗိုလ်မှူး ကျော်စွာတင်လေး
ဗိုလ်မှူး သန့်ဇော်ဝင်း
ဗိုလ်ကြီး အောင်ထူး
ဗိုလ်ကြီး စိုင်းထွန်အောင်
ဗိုလ်ကြီး သီဟန်ထူး
ဗိုလ်ကြီး ရဲမင်းအောင်




ဗိုလ်ကြီး ဖြိုးဦးခန့်
ဗိုလ်ကြီး ဝေလင်းဖြိုး
ဗိုလ်ကြီး ရဲဝင်းလှိုင်
ဗိုလ်ကြီး ကောင်းခန့်စိုး
ဗိုလ်ကြီး တင်စိုးသန်း တို့ဖြစ်ကာ ဗိုလ်ကြီးသီဟန်ထူးလည်း အပါအဝင်ဖြစ်သည်။ source-khit thit




Zawgyi
ေတာင္ငူရွိ MIG 29 စစ္တိုက္ေလယာဥ္ေမာင္း ေလတပ္ဗိုလ္ႀကီး သီဟန္ထူး ေနအိမ္
ေတာင္ငူရွိ MIG 29 စစ္တိုက္ေလယာဥ္ေမာင္း ေလတပ္ဗိုလ္ႀကီး သီဟန္ထူး ေနအိမ္ မီးရႈိ႕ခံရ၊ မိသားစုဝင္မ်ား အားလုံး မေနရဲ၍ တပ္ထဲ ေျပာင္းေ႐ႊ႕ေန
ရန္ကုန္၊ ဩဂုတ္ ၃




ပဲခူးတိုင္း၊ ေတာင္ငူၿမိဳ႕ရွိ အၾကမ္းဖက္စစ္ေကာင္စီ၏ ေလတပ္မွ MIG 29 စစ္တိုက္ေလယာဥ္မႉး ဗိုလ္ႀကီး သီဟန္ထူး၏ ေနအိမ္ ယမန္ေန႔ ညပိုင္းတြင္ မီးရႈိ႕ခံရလိုက္ရသျဖင့္ အိမ္ေအာက္ထပ္ မီးေလာင္ကြၽမ္းသြားေၾကာင္း ေဒသခံမ်ားႏွင့္ေတာ္လွန္ေရးရဲေဘာ္တခ်ိဳ႕ထံမွ သိရွိရသည္။
ဩဂုတ္လ ၂ ရက္ေန႔ ည ၁၁ နာရီအခ်ိန္တြင္ ေတာင္ငူၿမိဳ႕၊ စက္ရွင္လမ္း၊ ရပ္ကြက္ ၂၀ ရွိ ဗိုလ္ႀကီးသီဟန္ထူး၏ ေနအိမ္ကို ေတာင္ငူၿမိဳ႕ျပေပ်ာက္က်ားတပ္ဖြဲ႕တစ္ခု ဝင္ေရာက္မီးရႈိ႕ျခင္းျဖစ္ၿပီး ေတာင္ငူတြင္ လူငယ္မ်ား ဖမ္းဆီးခံရမႈအေပၚ လက္တုံ႔ျပန္သည့္အေနျဖင့္ မီးရႈိ႕ျခင္းျဖစ္ေၾကာင္း၊




ဗိုလ္ႀကီးသီဟန္ထူးသည္ ျပည္သူမ်ားကို သတ္ျဖတ္ေနသည့္ MIG -29 ေလယာဥ္မႉးတစ္ဦးျဖစ္ေၾကာင္း၊ ဗိုလ္ႀကီးသီဟန္ထူး၏ ေနအိမ္သည္ လူမရွိေတာ့ဘဲ အိမ္သားအားလုံး စစ္တပ္ထဲတြင္ ေျပာင္းေ႐ႊ႕ေနထိုင္ၾကေၾကာင္း သိရွိရသည္။
“ဦးျမင့္ေသာင္းရဲ႕သား ေလတပ္ဗိုလ္ႀကီး သီဟန္ထူးအိမ္ မေန႔ညက မီးရႈိ႕ခံရတာပါ။ အိမ္ေအာက္ထပ္မီးေလာင္ပါတယ္။ တစ္အိမ္လုံးေလာင္ဖို႔ကို အသိျမန္သြားလို႔ပါ။ ဗိုလ္ႀကီးသီဟန္ထူးအိမ္က ေတာင္ပိုင္းသစ္ထုတ္႐ုံးေရွ႕ ရပ္ ကြက္ ၂၀မွာပါ။




အိမ္က သူ႔မိဘေတြေရာ အိမ္သားေတြေရာ မေနၾကေတာ့ဘူး။ အားလုံးတပ္ထဲ ေျပာင္းေနၾကတာ။ လူေတာ့ ထိခိုက္မႈမရွိပါဘူး။ ေတာင္ငူမွာ လူငယ္ေတြကို စစ္တပ္က ေန႔စဥ္ ဖမ္းဆီးေနတဲ့အေပၚ လက္တုံ႔ျပန္တာပါ” ဟု ေတာင္ငူၿမိဳ႕ျပေပ်ာက္က်ားရဲေဘာ္တစ္ဦးက ေျပာဆိုသည္။
အၾကမ္းဖက္စစ္ေကာင္စီတပ္တြင္ MIG 29 ႐ုရွားစစ္တိုက္ေလယာဥ္မႉးေမာင္း ၁၅ ဦးရွိၿပီး
ဒုမႉးႀကီး ရဲေက်ာ္သူ
ဗိုလ္မႉး ေက်ာ္ေဇယ်ာစိုး
ဗိုလ္မႉး ေစာထက္ေအာင္




ဗိုလ္မႉး ရဲလင္းျမတ္
ဗိုလ္မႉး ေက်ာ္စြာတင္ေလး
ဗိုလ္မႉး သန႔္ေဇာ္ဝင္း
ဗိုလ္ႀကီး ေအာင္ထူး
ဗိုလ္ႀကီး စိုင္းထြန္ေအာင္
ဗိုလ္ႀကီး သီဟန္ထူး
ဗိုလ္ႀကီး ရဲမင္းေအာင္




ဗိုလ္ႀကီး ၿဖိဳးဦးခန႔္
ဗိုလ္ႀကီး ေဝလင္းၿဖိဳး
ဗိုလ္ႀကီး ရဲဝင္းလႈိင္
ဗိုလ္ႀကီး ေကာင္းခန႔္စိုး
ဗိုလ္ႀကီး တင္စိုးသန္း တို႔ျဖစ္ကာ ဗိုလ္ႀကီးသီဟန္ထူးလည္း အပါအဝင္ျဖစ္သည္။ source-khit thit