Unicode
အဓမ္မပြုကျင့်ခံရပြီး မီးရှို့အသတ်ခံရသည့် မမြင့်မြင့်ခိုင်အမှုမှ ပြစ်မှုကျူးလွန်သည့် ထိုင်းနိုင်ငံသားကို ကဘင်ဘူရီ တရားရုံးက ထောင်ဒဏ် နှစ် ၅၀ အမိန့်ချ
ဩဂုတ် ၃
အဓမ္မပြုကျင့်ခံရပြီး မီးရှို့အသတ်ခံရသည့် မမြင့်မြင့်ခိုင်အမှုမှ ပြစ်မှုကျူးလွန်သည့် ထိုင်းနိုင်ငံသားကို ကဘင်ဘူရီ တရားရုံးက ထောင်ဒဏ် နှစ် ၅၀ အမိန့်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။




ဩဂုတ် ၂ ရက်နေ့က ထိုင်းနိုင်ငံ ကဘင်ဘူရီတရားရုံးမှာ အမိန့်ချလိုက်တာ ဖြစ်ပြီး ယင်း ရုံးချိန်းကိုတော့ ပြစ်မှုကျူးလွန်သူ တက်ရောက်လာခြင်းမရှိဘဲ ဗီဒီယိုကတစ်ဆင့် ကြားနာအမိန့်ချမှတ်ခြင်းဖြစ်ပါတယ်။
this is test




ပြီးခဲ့သည့် ၂၀၂၁ခုနှစ် နိုဝင်ဘာလက ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဘက် ပရာကျင်ဘူရီ ခရိုင် ကဘင်ဘူရီမြို့နယ် ကဘွန်ကျေးရွာအုပ်စု ဘန်က လောင် ကဘန်ကျေးရွာမှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီး မမြင့်မြင့်ခိုင်ဟာ




နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက နေအိမ် အိပ်ခန်းကနေ ပျောက်ဆုံးသွားခဲ့ပြီးနောက် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အလောင်းကို တွေ့ခဲ့တာ ဖြစ်ပြီး ပြစ်မှုကျူးလွန်သူ အသက် ၂၇ နှစ်အရွယ် ထိုင်းအမျိုးသား Boonlai Buaman ကို နိုဝင်ဘာလ ၁၈ ရက် နေ့ညမှာ ကဘင်ဘူရီခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ ဖြစ်စဉ်ပါ။
MyanmaPlatform #News #Domestic




Zawgyi
အဓမၼျပဳက်င့္ခံရၿပီး မီးရႈိ႕အသတ္ခံရသည့္ မျမင့္ျမင့္ခိုင္အမႈမွ ျပစ္မႈက်ဴးလြန္သည့္ ထိုင္းႏိုင္ငံသားကို ကဘင္ဘူရီ တရား႐ုံးက ေထာင္ဒဏ္ ႏွစ္ ၅၀ အမိန႔္ခ်
ဩဂုတ္ ၃
အဓမၼျပဳက်င့္ခံရၿပီး မီးရႈိ႕အသတ္ခံရသည့္ မျမင့္ျမင့္ခိုင္အမႈမွ ျပစ္မႈက်ဴးလြန္သည့္ ထိုင္းႏိုင္ငံသားကို ကဘင္ဘူရီ တရား႐ုံးက ေထာင္ဒဏ္ ႏွစ္ ၅၀ အမိန႔္ခ်မွတ္လိုက္ၿပီ ျဖစ္ပါတယ္။




ဩဂုတ္ ၂ ရက္ေန႔က ထိုင္းႏိုင္ငံ ကဘင္ဘူရီတရား႐ုံးမွာ အမိန႔္ခ်လိုက္တာ ျဖစ္ၿပီး ယင္း ႐ုံးခ်ိန္းကိုေတာ့ ျပစ္မႈက်ဴးလြန္သူ တက္ေရာက္လာျခင္းမရွိဘဲ ဗီဒီယိုကတစ္ဆင့္ ၾကားနာအမိန႔္ခ်မွတ္ျခင္းျဖစ္ပါတယ္။




ၿပီးခဲ့သည့္ ၂၀၂၁ခုႏွစ္ ႏိုဝင္ဘာလက ထိုင္း-ကေမာၻဒီးယားနယ္စပ္ဘက္ ပရာက်င္ဘူရီ ခ႐ိုင္ ကဘင္ဘူရီၿမိဳ႕နယ္ ကဘြန္ေက်း႐ြာအုပ္စု ဘန္က ေလာင္ ကဘန္ေက်း႐ြာမွာ အလုပ္ လုပ္ကိုင္ေနတဲ့ ျမန္မာအမ်ိဳးသမီး မျမင့္ျမင့္ခိုင္ဟာ




ႏိုဝင္ဘာလ ၁၄ ရက္ေန႔ မနက္ပိုင္းက ေနအိမ္ အိပ္ခန္းကေန ေပ်ာက္ဆုံးသြားခဲ့ၿပီးေနာက္ ႏိုဝင္ဘာလ ၁၈ ရက္ေန႔မွာ အေလာင္းကို ေတြ႕ခဲ့တာ ျဖစ္ၿပီး ျပစ္မႈက်ဴးလြန္သူ အသက္ ၂၇ ႏွစ္အ႐ြယ္ ထိုင္းအမ်ိဳးသား Boonlai Buaman ကို ႏိုဝင္ဘာလ ၁၈ ရက္ ေန႔ညမွာ ကဘင္ဘူရီခ႐ိုင္ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္တဲ့ ျဖစ္စဥ္ပါ။
MyanmaPlatform #News #Domestic