လှေဦးတိုက်၊ လှည်းဦးတိုက်၊ လမ်းဉီးတိုက်မှာ မနေကောင်းဘူးဆိုတဲ့ ဆိုရိုးစကားနဲ့ သုံးလမ်းဆုံတဲ့ လမ်းဆုံကိုမျက်နှာမူပြီး အိမ်မဆောက်သင့်တဲ့အကြောင်းအရင်း

News

Unicode
လှေဦးတိုက်,လှည်းဦးတိုက်,လမ်းဉီးတိုက်မှာ မနေကောင်းဘူး၊ သုံးလမ်းဆုံတဲ့ လမ်းဆုံကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူးဆိုတာ

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်းဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်

လှည်းဦးတိုက်၊ လှေဦးတိုက်အိမ်၊ မြေနေရာမှာ နေသင့်၊မနေသင့်မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနည်းမှာရော

ဖုန်းရွှေပညာမှာရောအပြောများတဲ့လှည်းဦးတိုက်၊ လှေဦးတိုက်မှာ မနေကောင်းဘူး၊ လှည်းလမ်း၊ကားလမ်း၊ လူသွားလမ်းသုံးလမ်းဆုံတဲ့ လမ်းဆုံကိုမျက်နှာမူပြီး အိမ်မဆောက်သင့်ဘူး။

ဖုန်းရွှေပညာစာအုပ်မှာတော့ (T)ပုံလမ်းဆုံ လမ်းခွလို့ဆိုထားတယ် ဒီလိုမြေအနေအထားမျိုးကိုလည်း မြို့ပြအိမ်နေယာအကွက်တွေပေါ်မှာ အတွေ့များပါတယ်

hihihihihihihihihi

this is test

လှည်းဦးတိုက်၊ လှေဦးတိုက် မြေနေရာပေါ်မှာအိမ်ဆောက်၊တိုက်ဆောက်ထားတာအများကြီးရှိပါတယ်

လှည်းဦးတိုက် လှေဦးတိုက်အိမ်ကတော့ ခိုက်တယ် အဲဒီအိမ်မှာ နေတဲ့သူတွေဟာ စီးပွားတိုးတက်မှုမရှိဘူး အိမ်တွင်းရေး အိမ်ထောင်ရေးတွေမှာလည်း အဆင်မပြေဖြစ်မယ်

ဖုန်းရွှေပညာမှာရော မြန်မာ့ရိုးရာ ရှေးထုံးအစဉ်လာနည်းမှာရော မနေသင့်မနေထိုက်တဲ့ အိမ်နေရာအနေအထားမျိုးဖြစ်နေတယ်

ဒါပေမယ့် မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာ နည်းမှာတော့ လှည်းဦးတိုက်၊ လှေဦးတိုက် နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်ဈေးဆိုင်တွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ပြောထားတယ်

စောစောကပြောခဲ့တဲ့အတိုင်းပဲ ဗီဒီယို ၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်းဆုံးပေါ့

အမှန်တော့ ဈေးကွက်မြင်ကွင်းအကောင်းဆုံးဖြစ်နေလို့ပဲ ယုတ္တိဗေဒဆင်ခြင်တုံတရားနဲ့စဉ်းစားကြည့်မယ်

မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ဟိုးအဝေးကတောင်ကိုယ့်ရဲ့ဆိုင်၊ကိုယ့်ရဲ့ပွဲရုံကိုမြင်နေရတယ် သုံးဘက်မြင်ကွင်း(3D) ဖြစ်နေတယ်

ဈေးကွက်မြင်ကွင်း အားသာမှုရှိလို့ ပြောရင်မှန်တယ် လူနေရင် ခိုက်တယ်ဆိုတာ ပြန်ပြီးစဉ်းစားကြည့်ပါ

လှည်းဦးတိုက်၊လှေဦးတိုက်အိမ်ကိုခိုးခြင်၊ဝှက်ချင်လုယက်တိုက် ခိုက်ချင်တဲ့လူတွေက အဝေးကကြည့်ပြီး ထောက်လှမ်းလို့လွယ်ကူတယ်

လှည်းတွေ၊ကားတွေ ရှေ့တူရှုလမ်းကတည့်တည့်မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်ညာကွေ့သွားရင် ဖုန်တွေဟာ အိမ်ထဲတန်းဝင်လာမှာပဲ

ရှေ့တူရှုလမ်းက အသုဘချလာပြီဆိုပါတော့ အဲဒီအနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာ မြင်တွေ့နေရမယ်

ရွာတွေမှာဆိုရင် လှည်းဦးတိုက်၊ လှေဦးတိုက်တဲတွေတွေကို ရှေ့တူရှုလှည်းလမ်းက လာတဲ့နွားအုပ်၊ကျွဲအုပ်ထဲက တစ်ကောင်စ၊ နှစ်ကောင်စကျွံဝင်လာတာမျိုးကို ခနခဏခံရတယ်

ဒါက ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့လှည်းဦးတိုက်၊လှေဦးတိုက်မှာ နေမကောင်းဘူး အိမ်မဆောက်သင့်ဘူးလို့ပြောတာပါ

ဒါပေမယ့် ဒီလို လှည်းဦးတိုက်၊လှေဦးတိုက် နေရာမျိုးမှာအိမ်ဆောက်မိပြီ၊အိမ်ဆောက်ထားပြီဆိုင်ရင် ဘယ်လိုကာကွယ်မလဲ၊ ဒါကလွယ်ပါတယ်။

တံခါးမကြီးကို လမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ် ဒီနည်းထက် ပိုကောင်းတာကတော့ တံခါးရဲ့အပေါ်ဘက်၊အိမ်အဝင်အဝတံခါးရဲ့အပေါ်ဘက်မှာ မှန်တစ်ချပ်ကာထား ၊ချိတ်ဆွဲထားရမယ်

လှည်းဦးတိုက်၊လှေဦးတိုက် အိမ်တွေမှာမှန်ထောင်ထားတာ၊မှန်ချိတ်ထားတာ တွေ့ရတယ်တချို့မှန်ချပ်တွေက သေးလွန်းတယ် တချို့မှန်ချပ်တွေက ကြီးလွန်းတယ်

ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့မှန်တစ်ချပ်ဖြစ်ရမယ် မှန်တစ်ချပ်ရဲ့ အလယ်မှာ အနီရောင်နဲ့စတုရန်းအကွက်လေး(1″or 2″)ပတ်လည်အကွက်လေး ရေးထားရမယ်

အိမ်ဝမှာ အသောက ပင်တွေစိုက်ထားတာမျိုးအုတ်တံတိုင်းမြင့်မြင့် ကာထားတာမျိုး၊ ရေပန်းတစ်ခုတပ်ထားတာမျိုးနဲ့လည်းကာကွယ်နိုင်တယ်ဆိုပေမယ့် မြေအနေအထားအရမဖြစ်နိုင်ပါဘူး၊

မှန်ချပ်ကပ်တာ၊ ချိတ်တာပဲကောင်းပါတယ် အရေးကြီးဆုံးကတော့ လမ်းဆုံကြက်လျှာစွန်းပုံမြေနေရာတြိဂံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့အိမ်ကအရှောင်သင့်ဆုံးအခိုက်ဆုံးမြေနေရာပါ

မိတ်ဆွေများအားလုံး ဆောင်ရန် ရှောင်များသိ၍ စီးပွားလာဘ်လာဘများပြည့်စုံပြီးကြီးပွားတိုးတက်ကြပါစေ

ကိုဝင်းဇော်(သစ်တော) Credit

Zawgyi



























Leave a Reply

Your email address will not be published.