Unicode
ကြက်သွန်ဖြူ ကို သူရဲ့အနံ့ကြောင့် မကြိုက်ဘူးဆိုရင်တော့သင့်ဒီလို အကျိုးကျေးဇူးတွေကို သိရမှာ မဟုတ်တော့ပါဘူး။
ဆံပင်ကောင်းချင်လို့ ဆိုင်မျိုးစုံမှာ နည်းမျိုးစုံနဲ့ ပိုက် ဆံအကုန်အကျခံပြီး လုပ်ကြတယ်။
အခုဖော်ပြမှာကတော့ ပိုက်ဆံအကုန်အကျမများဘဲ အိမ်မှာနေရင်းလွယ်လွယ်ကူကူ ဆံပင်အရှည်မြန်စေတဲ့ နည်းပဲဖြစ်ပါတယ်။




(၁) ပျားရည် နဲ့ ကြက်သွန်ဖြူ
this is test
ပါဝင်ပစ္စည်းများ – ကြက်သွန်ဖြူ (၈ စိတ်) ၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ။
ကြက်သွန်ဖြူ (၈ စိတ်)ကို ပါးပါးလှီးပြီး အရည်ညှစ်ထုတ်ပေးပါ။
ရလာတဲ့ အရည် (စားပွဲတင်ဇွန်း ၁ ဇွန်း)စာ နဲ့ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) တို့ကို ကောင်းကောင်းရောမွှေပေးပါ။
ပြီးရင်တော့ ဒီအရောကို ဆံပင်နဲ့ ဦးရေပြားပေါ်ကို နှံ့အောင်လိမ်းပေးပါ။ မိနစ် (၂၀)လောက်ထားပေးပါ။
နောက်ဆုံးမှာ ခေါင်းလျှော်ရည် အပျော့စားနဲ့ လျှော်ပေးပါ။တစ်ပတ်ကို (၂-၃)ကြိမ်လောက်လုပ်ပေးပါ။




(၂) ကြက်သွန်ဖြူ နဲ့ ဂျင်း
ပါဝင်ပစ္စည်းများ – (၂)လက်မရှိတဲ့ ဂျင်း ၊ ကြက်သွန်ဖြူ (၈ စိတ်) နဲ့ အုန်းဆီ (ခွက်တစ်ဝက်)။
ကြက်သွန်ဖြူ နဲ့ ဂျင်းတို့ကို ညပ်အောင် ခြေပေးပါ။ (ဒါမှမဟုတ်) Blender ထဲ ထည့်ပြီး မွှေပေးပါ။
အုန်းဆီကို အိုးထဲမှာ အပူပေးပြီး ခြေထားတဲ့ ကြက်သွန်ဖြူ နဲ့ ဂျင်းတို့ကို ထည့်ရောပေးပါ။
အညှိရောင်ပြောင်းသွားတဲ့အထိ အပူပေးပြီး အညှိရောင်ပြောင်းသွားရင်တော့ မီးပိတ်ပေးပါ။
ရလာတဲ့ အရောကို အအေးခံထားပြီး အနယ်စစ်ပေပါ။




စားပွဲတင်ဇွန်း (၂)ဇွန်း ယူပြီး ဆံပင်ထိပ်နဲ့ အဖျားထကို လိမ်းပေးပါ။
(၁၅)မိန်စလောက် နှိပ်နယ်ပေးပြီး မိနစ်(၃၀)လောက်နှပ်ထားပေးပါ။
ခေါင်းလျှော်ရည် အပျော့စားနဲ့ လျှော်ပေးပါ။




(၃) ကြက်သွန် နီ ၊ ကြက်သွန်ဖြူ နဲ့ သစ်ကြားပိုးခေါက်
ပါဝင်ပစ္စည်းများ –
ကြက်သွန်နီ (အသေးတစ်လုံး) ၊ ကြက်သွန်ဖြူ (၃ စိတ်) ၊ သစ်ကြားပိုးခေါက် (၁ခေါက်) ၊ ရေ (၂ ခွက်) ။
ပါဝင်ပစ္စည်းတွေ နဲ့ ရေ(၂ခွက်) တို့ကို (၁၅)မိနစ်လောက် ပြုတ်ပေးပါ။




ပြီးရင်တော့အအေးခံပေးပြီး အရည်စစ်ချပေးပါ။
ရလာတဲ့အရည်နဲ့ ဆံပင်ပေါ်ကို လောင်းပေးပြီး (၁၅)မိနစ်လောက် နှပ်ပေးပါ။
နောက်ဆုံးမှာတော့ ရေအေးနဲ့ ခေါင်းလျှော်ပေးပါ။
crd




Zawgyi
























ပါဝင်ပစ္စည်းများ –