ရတနာဆင်ဖြူတော်အဖြစ် သတ်မှတ်ခံရတဲ့ ရခိုင်ပြည်နယ်က ဆင်အထီးကလေး

Knowledge

Unicode

ရတနာဆင်ဖြူတော်အဖြစ် သတ်မှတ်ခံရတဲ့ ရခိုင်ပြည်နယ်က ဆင်အထီးကလေး
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် မွေးဖွားသည့်ဆင်အထီးကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာရှစ်ချက်အနက် ခုနစ်ချက် ကိုက်ညီမှု ရှိသည့်အတွက်

ဆင်ဖြူတော်အဖြစ်သတ်မှတ်ကြောင်း သြဂုတ် ၂ ရက်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ… ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသော ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် (၃၃) နှစ်က ထူးခြားအသွင်သဏ္ဍာန်ရှိသည့် ဆင်ဖြူတော် (အထီး) ကလေး တစ်စီးအား

hihihihihihihihihi

this is test

ဇူလိုင် ၂၃ ရက် နံနက်ပိုင်း ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး… အဆိုပါ ဆင်ဖြူတော်ကလေးမှာ အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကျောအလျား ၂ ပေ၊ အမြီးအလျား ၁ ပေ ၆လက်မနှင့် မွေးဖွားစ ကိုယ်အလေးချိန် ၁၈၀ ပေါင်ခန့် ရှိကြောင်း သိရသည်။

ရှေး သမိုင်း ပညာရှိများ၏ မိန့်ဆိုချက်များအရ… ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများသည်… မျက်လုံး ပုလဲရောင်၊ ငှက်ပျောကိုင်း သဏ္ဍာန်ကျောကုန်း၊ အဖြူကဲ့သို့ အမွှေးရောင်၊ အမြီးမှာ တခါးပိတ်လက်ဝါးပုံသဏ္ဍာန်၊

အရေပြားဩဇာကွက်၊ အသားအရေ ပန်းရောင်၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်း ငါးခုစီပါပြီး နားရွက်မှာ နားကြီးခြင်းတို့ ရှိရမည် ဖြစ်ကြောင်း အချက် ရှစ်ချက်ဖြင့် ဖော်ပြထားသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းဖော်ပြပါ ရခိုင်ပြည်နယ်တွင် ထပ်မံပေါ်ထွန်းသည့် ဆင်ဖြူတော်(အထီး) ကလေးသည် ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများအနက် မျက်လုံး ပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊

အမြီး တခါးပိတ် ဖြစ်ခြင်း၊ အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်း လေးခုစီ ပါရှိခြင်း၊ နားကြီးခြင်းတို့ကြောင့်

ဆင်ဖြူတော်ကလေးမှာ ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများနှင့် ကိုက်ညီမှု ရှိကြောင်းနှင့် အချက်ရှစ်ချက်တွင် ခုနစ်ချက် ကိုက်ညီမှု ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု ပါရှိသည်။

ယခင် ပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် ကိုးစီးတွင် ပထမဆုံးပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် တစ်စီးသာ ကြန်အင်လက္ခဏာ ခုနစ်ချက်နှင့် ကိုက်ညီခဲ့ပြီး ကျန်ဆင်ဖြူတော် ရှစ်စီးမှာ အများဆုံး ခြောက်ချက်သာ

ကိုက်ညီသည်ကို စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုပေါ်ထွန်းလာသည့် ဆင်ဖြူတော်ကလေးမှာ အသက် ၁၀ ရက်သားတွင် အရပ်အမြင့် ၂ ပေ ၅ လက်မခွဲခန့်နှင့် ကိုယ်အလေးချိန် ၁၉၀ ပေါင်ခန့်ရှိလာပြီး

မိခင် ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက် ရှိကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Zawgyi

ရတနာဆင္ျဖဴေတာ္အျဖစ္ သတ္မွတ္ခံရတဲ့ ရခိုင္ျပည္နယ္က ဆင္အထီးကေလး
ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္တြင္ ေမြးဖြားသည့္ဆင္အထီးကေလးသည္ ရတနာဆင္ျဖဴေတာ္မ်ား၏ ၾကန္အင္လကၡဏာရွစ္ခ်က္အနက္ ခုနစ္ခ်က္ ကိုက္ညီမႈ ရွိသည့္အတြက္

ဆင္ျဖဴေတာ္အျဖစ္သတ္မွတ္ေၾကာင္း ၾသဂုတ္ ၂ ရက္တြင္ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

ထုတ္ျပန္ခ်က္အရ… ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္ရွိ ျမန္မာ့သစ္လုပ္ငန္းမွ ထိန္းေက်ာင္းထားရွိေသာ ဆင္ဝိုင္းမွ ဆင္မ ဇာနန္းလွ၊ အသက္ (၃၃) ႏွစ္က ထူးျခားအသြင္သ႑ာန္ရွိသည့္ ဆင္ျဖဴေတာ္ (အထီး) ကေလး တစ္စီးအား

ဇူလိုင္ ၂၃ ရက္ နံနက္ပိုင္း ၆ နာရီခြဲတြင္ ေမြးဖြားခဲ့ၿပီး… အဆိုပါ ဆင္ျဖဴေတာ္ကေလးမွာ အရပ္အျမင့္ ၂ ေပ ၅ လက္မ၊ ကိုယ္လုံး လုံးပတ္ ၃ ေပ ၁ လက္မ၊ ေက်ာအလ်ား ၂ ေပ၊ အၿမီးအလ်ား ၁ ေပ ၆လက္မႏွင့္ ေမြးဖြားစ ကိုယ္အေလးခ်ိန္ ၁၈၀ ေပါင္ခန႔္ ရွိေၾကာင္း သိရသည္။

ေရွး သမိုင္း ပညာရွိမ်ား၏ မိန႔္ဆိုခ်က္မ်ားအရ… ရတနာဆင္ျဖဴေတာ္မ်ား၏ ၾကန္အင္လကၡဏာမ်ားသည္… မ်က္လုံး ပုလဲေရာင္၊ ငွက္ေပ်ာကိုင္း သ႑ာန္ေက်ာကုန္း၊ အျဖဴကဲ့သို႔ အေမႊးေရာင္၊ အၿမီးမွာ တခါးပိတ္လက္ဝါးပုံသ႑ာန္၊

အေရျပားဩဇာကြက္၊ အသားအေရ ပန္းေရာင္၊ ေျခဖဝါးတြင္ ေရွ႕ေျခသည္း ငါးခုစီႏွင့္ ေနာက္ေျခသည္း ငါးခုစီပါၿပီး နား႐ြက္မွာ နားႀကီးျခင္းတို႔ ရွိရမည္ ျဖစ္ေၾကာင္း အခ်က္ ရွစ္ခ်က္ျဖင့္ ေဖာ္ျပထားသည္ဟု ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ယင္းေဖာ္ျပပါ ရခိုင္ျပည္နယ္တြင္ ထပ္မံေပၚထြန္းသည့္ ဆင္ျဖဴေတာ္(အထီး) ကေလးသည္ ဆင္ျဖဴေတာ္မ်ား၏ ၾကန္အင္လကၡဏာမ်ားအနက္ မ်က္လုံး ပုလဲေရာင္ျဖစ္ျခင္း၊ ေက်ာကုန္းမွာ ငွက္ေပ်ာကိုင္းသ႑ာန္ျဖစ္ျခင္း၊ အေမႊးအျဖဴေရာင္ျဖစ္ျခင္း၊

အၿမီး တခါးပိတ္ ျဖစ္ျခင္း၊ အေရျပားမွာ ဩဇာကြက္ျဖစ္ျခင္း၊ အသားအေရ ပန္းေရာင္ျဖစ္ျခင္း၊ ေျခဖဝါးတြင္ ေရွ႕ေျခသည္း ငါးခုစီႏွင့္ ေနာက္ေျခသည္း ေလးခုစီ ပါရွိျခင္း၊ နားႀကီးျခင္းတို႔ေၾကာင့္

ဆင္ျဖဴေတာ္ကေလးမွာ ရတနာဆင္ျဖဴေတာ္မ်ား၏ ၾကန္အင္လကၡဏာမ်ားႏွင့္ ကိုက္ညီမႈ ရွိေၾကာင္းႏွင့္ အခ်က္ရွစ္ခ်က္တြင္ ခုနစ္ခ်က္ ကိုက္ညီမႈ ရွိေၾကာင္း စိစစ္ေတြ႕ရွိရသည္ဟု ပါရွိသည္။

ယခင္ ေပၚထြန္းခဲ့သည့္ ဆင္ျဖဴေတာ္ ကိုးစီးတြင္ ပထမဆုံးေပၚထြန္းခဲ့သည့္ ဆင္ျဖဴေတာ္ တစ္စီးသာ ၾကန္အင္လကၡဏာ ခုနစ္ခ်က္ႏွင့္ ကိုက္ညီခဲ့ၿပီး က်န္ဆင္ျဖဴေတာ္ ရွစ္စီးမွာ အမ်ားဆုံး ေျခာက္ခ်က္သာ

ကိုက္ညီသည္ကို စိစစ္ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ယခုေပၚထြန္းလာသည့္ ဆင္ျဖဴေတာ္ကေလးမွာ အသက္ ၁၀ ရက္သားတြင္ အရပ္အျမင့္ ၂ ေပ ၅ လက္မခြဲခန႔္ႏွင့္ ကိုယ္အေလးခ်ိန္ ၁၉၀ ေပါင္ခန႔္ရွိလာၿပီး

မိခင္ ဆင္မႀကီးႏွင့္အတူ က်န္းမာေပ်ာ္႐ႊင္လ်က္ ရွိေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

မူရင္းတင္ဆက္သူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Leave a Reply

Your email address will not be published.