သံဃာအပါး(4000)သီတင်းသုံးရန်အတွက် သိန်းတစ်သောင်းကျော်တန်ဖိုးရှိတဲ့ အိမ်ကိုရောင်းပြီး ဓမ္မာရုံဆောက်လုပ်လှူဒါန်းခဲ့တဲ့ ညီအမသုံးယောက် …

News

Unicode
သံဃာအပါး(4000)သီတင်းသုံးရန်အတွက် သိန်းတစ်သောင်းကျော်တန်ဖိုးရှိတဲ့ အိမ်ကိုရောင်းပြီး ဓမ္မာရုံဆောက် လုပ်လှူဒါန်းခဲ့တဲ့ ညီအမသုံးယောက်

ညောင်ရွှေမြို့သာစည်ရပ်မှာ နေထိုင်တဲ့ အပျိုကြီးညီအစ်မ သုံးယောက် ဒေါ်လှခင်(၉၁) နှစ်၊ဒေါ်လှဌေး(၇၄)နှစ်၊ဒေါ်သန်းဌေး (၇၁)နှစ်တို့ကညောင်ရွှေစော်ဘွားကြီးဆာဆော မောင်ရဲ့ အတွင်းဝန်ဦးဖိုးလှိုင်၏မြေးများ ဖြစ်ကြပါတယ်။

၁၉၁၃ ခုနှစ်ကတဲကဆောက်လုပ်ခဲ့တဲ့ နှစ်၁၀၅နှစ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ပေ ၁၅၀ ပတ်လည်လောက် ကျယ်ဝန်းတဲ့ သိန်းတစ်သောင်းကျော်ကာလတန်ဘိုးရှိတဲ့ ဘိုးဘွားပိုင်အိမ်ခြံဝင်းကြီးကို စေတနာသုံးတန်ပြတ်သားစွာလှူခဲ့ကြပြီတဲ့။

လွန်ခဲ့တဲ့ ၂ နှစ်က ရှမ်းပြည်နယ်လုံးဆိုင်ရာစာပြန်ပွဲတော်ကြီးအတွက် နှစ်စဉ်သံဃာအပါးလေးထောင်နီးပါးသီတင်း သုံးရန် အလို့ငှါ ဓမ္မာရုံအဖြစ် သံဃိက ဒါန ရေစက်ချလှူ ဒါန်းခဲ့တာပါတဲ့။

ဒီနေ့ ကျမနဲ့သူငယ်ချင်းများက ကျမတို့ရဲ့ကျောင်းအုပ်ဖြစ်ခဲ့ဘူးတဲ့ ဆရာမကြီးဒေါ်လှဌေးကို ဝါကျွတ်ဦး အမှတ်တရ သွားကန်တော့ကြရင်းလှိုက်လှဲဝမ်းသာလွန်းစွာ သာဓုခေါ်ခဲ့ကြပါတယ်။

hihihihihihihihihi

this is test

ဆရာမကြီးတို့ကိုလဲ အများသူငါ သာဓုခေါ်စေဘို့ ဒီပို့စ်လေးရေးခွင့်ပြုရန်ခွင့်တောင်းလို့ ဆရာမကြီးတို့က ၃၁ ဘုံ သားတို့အတွက်ကုသိုလ်အမျှပေးပါသတဲ့။ဒီ ကြီးမြတ်သော ကုသိုလ်အတွက် မုဒိတာပွား သာဓုခေါ်နိုင်ကြစေဘို့ ဝေမျှလိုက်ပါတယ်ရှင့်။

Crd

Zawgyi







Crd

Leave a Reply

Your email address will not be published.