စစ်တပ်ကိုထောက်ခံနေတဲ့ ဘုန်းကြီးတွေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မအလ တို့ရဲ့ အရှုပ်တော်ပုံတွေ ဖွင့်ချခံ ……..see more

News

Unicode

〓 ဆရာ – ဒကာ စီမံချက်ဖြင့် သိမ်းသွင်းခံလိုက်ရသော ဘုန်းကြီးများ

စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းမှာ၊ plan နဲ့ လုပ်တာ၊ အစီအစဉ်နဲ့ စနစ်တကျ လုပ်တာ၊ စီမံချက်နဲ့ လက်တွေ့ကျကျ လုပ်တာမျိုးကို တွေ့ရတယ်။ မိမိလိုချင်တဲ့ အရာကို မစ်ရှင်တစ်ခုလို သဘောထားပြီး အဆင့်လိုက် အဆင့်လိုက် အလွှာလိုက် အလွှာလိုက် လက်တွေ့ကျကျ အကောင်အထည်ဖော်တာမျိုးကို စစ်တပ်က လုပ်လေ့ရှိတယ်။ အုပ်ချုပ်ရေးအာဏာနဲ့ နိုင်ငံရေးအာဏာကို စစ်တပ်က ဦးစီးချုပ်ကိုင်ပြီးနောက်ပိုင်း နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း ကို ဘယ်လို ထိန်းကျောင်းရမလဲဆိုတာကို စစ်ခေါင်းဆောင်အဆက်ဆက်က သေချာ စဉ်းစားခဲ့ပါတယ်။ စစ်အုပ် ချုပ်အရေးအဖြစ် သက်ဆိုးရှည်ဖို့၊ စစ်တပ်ထောက်ခံရေးအင်အားစုကို အစဉ်တစိုက် မွေးထုတ်ဖို့ လိုကြောင်း တပ်ခေါင်းဆောင်တွေက သိပါတယ်။ တပ်ထောက်ခံရေးအင်အားစုတွေမှာ အလားအလာအရှိဆုံး အုပ်စုတွေ ရှိခဲ့ ပါတယ်။ အဲသည့်အထဲမှာ – ဗုဒ္ဓဘာသာဘုန်းကြီးတွေကို ပထမတန်းဦးစားပေးအုပ်စုအဖြစ် စစ်အစိုးရ ခေါင်း ဆောင်တွေက စည်းရုံးသိမ်းသွင်းခဲ့ပါတယ်။

■ စစ်တပ်လက်ဝေခံ အရပ်သားအသင်းအဖွဲ့

မြန်မာစစ်တပ်အနေနဲ့ “ဆရာ – ဒကာ စီမံချက်” ရယ်လို့ ချမှတ်ပြီး၊ တပ်ထောက်ခံရေးအင်အားစု အဖြစ် ဘုန်းကြီး တွေကို ပုံဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ ဆရာ – ဒကာ စီမံချက်ကို အောင်မြင်အောင် လက်တွေ့ အကောင်အထည် ဖော်တဲ့ နေရာမှာ၊ ယခင်က မြန်မာစစ်တပ်လက်ဝေခံ အဖြစ် ဖွဲ့စည်းခဲ့တဲ့ ကြံ့ခိုင်ရေးအသင်းလည်း ပါဝင်ပါတယ်။ ကြံ့ခိုင်ရေးအသင်းဟာ – ၂၀၁၀ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့မှာ အသင်းအဖြစ်မှ နိုင်ငံရေးပါတီအဖြစ် အသွင်ကူး ပြောင်းလာခဲ့ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရယ်လို့ လူသိများပါတယ်။

hihihihihihihihihi

this is test

ကြံ့ခိုင်ရေးအသင်း ဟာ – ၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီလှုပ်ရှားမှုနောက်ပိုင်း၊ တပ်ထောက်ခံရေး အရပ်သားအသင်းအဖွဲ့အနေနဲ့ ဖြစ် တည်ခဲ့ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ ကြံ့ခိုင်ရေးအသင်းကို ဂွန်ဂို (GONGO – Government owned Non-Government Organization) တစ်ခုအနေနဲ့ လက်သပ်မွေးမြူခဲ့ပါတယ်။ ကြံ့ခိုင်ရေးအသင်းဟာ အရပ်သားတွေနဲ့ စုဖွဲ့ထားတဲ့ လူမှုရေးအသင်းအဖွဲ့တစ်ခုလို့ ဆိုပေမယ့်၊ တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ ဦးဆောင် တဲ့ (တနည်း) စစ်ဗိုလ်ချုပ်အငြိမ်းစားတွေ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ စစ်တပ်လက်ဝေခံ အရပ်ဘက် အဖွဲ့အစည်း တစ်ခု ဖြစ်ခဲ့ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ လက်ဝေခံ အသင်းအဖွဲ့တစ်ခုကို အသုံး ချပြီး၊ ဗုဒ္ဓဘာသာသံဃာ့အဖွဲ့အစည်းကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခဲ့ပါတယ်။

■ ဘုန်းကြီး နဲ့ ရွာသူကြီး

ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ တစုံတရာ ဩဇာရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အညာကျေးလက်ဒေသက ရွာတစ်ရွာကို ကြည့်ရင်၊ အဲသည့်ရွာမှာ အခမ်းနားဆုံး အဆောက်အအုံဟာ ဘုန်းကြီး ကျောင်းပဲ…လို့ သမိုင်းဆရာ ဒေါက်တာအောင်ခင်က ပြောပါတယ်။ မြန်မာဘုရင်အဆက်ဆက်ကလည်း ဒေသန္တရ အုပ်ချုပ်ရေးမှာ ဩဇာညောင်းအောင်၊ ရွာဦးဘုန်းကြီးကျောင်းကို ရွာသူကြီးနဲ့ ပူးပေါင်းပြီး ရပ်ရွာ တည်ငြိမ်ရေးကို လုပ်ဆောင်စေခဲ့ပါတယ်။ ရွာတစ်ရွာမှာ သူကြီးဟာ အာဏာရှိသူဖြစ်ပြီး ဘုန်းကြီးဟာ ဩဇာ ရှိ သူဖြစ်ပါတယ်။ ဘုန်းကြီးနဲ့ ရွာသူကြီးဟာ – နိုင်ငံတော်အတွင်းမှာ ကျောင်းတော်နဲ့ နန်းတော် ဆက်ဆံရေးကဲ့သို့ လူ့အဖွဲ့အစည်းကို ထိန်းကျောင်းထားပါတယ်။ အောက်ခြေရပ်ရွာမှာလည်း ဆရာ – ဒကာ ဆက်ဆံရေးကောင်းမွန် အောင် လုပ်ပြီး လူ့အဖွဲ့အစည်းကို ငြိမ် – ဝပ် – ပိ – ပြား အောင် လုပ်ထားပါတယ်။ နိုင်ငံတော် – ပြည်ထောင်စု အလွှာမှာလည်း သူ့အလွှာလိုက် ဆရာ – ဒကာ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်ထားပါတယ်။

■ ထက် – အောက် ဖွဲ့စည်းပုံ အားဖြင့်

စစ်အစိုးရတွေဟာ သံဃာ့အဖွဲ့အစည်းကို ထိန်းကျောင်းဖို့၊ ဗုဒ္ဓဘာသာဘုန်းကြီးတွေကို ထက်-အောက် တည်ဆောက်မှု ပုံစံနဲ့ ပုံသွင်းခဲ့ပါတယ်။ သံဃမဟာနာယကအဖွဲ့တွေဟာ အဓိက ထင်ရှားတဲ့အချက်ပါပဲ။ သံဃမဟာနာယကအဖွဲ့တွေကို၊ ဗဟိုအဆင့် ၊ တိုင်း / ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်…. စသည်ဖြင့် အဆင့်ဆင့် ဖွဲ့စည်းပုံသွင်းထားပြီး ဗုဒ္ဓဘာသာဘုန်းကြီးလောကကို ထိန်းအုပ်ဖို့ ကြိုးစားတာတွေ့ရပါ တယ်။ သံဃမဟာနာယကအဖွဲ့ အဆင့်ဆင့်ကို စစ်ခေါင်းဆောင်အလွှာအသီးသီးက ဆိုင်ရာ ဆိုင်ရာအလိုက် ပူဇော်ဆည်းကပ်မှုတွေ လုပ်ပြီး ဆရာ – ဒကာ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ထားဖို့ စစ်ခေါင်းဆောင်တွေ က ကြံရွယ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်လက်ဝေခံ အရပ်သားအဖွဲ့အစည်းတွေကို ကြားခံထားပြီး သံဃာ့အဖွဲ့အစည်းကို စည်းရုံးသိမ်းသွင်းဖို့ လုံ့လထုတ်ကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် – အမျိုးဘာသာသာသနာ ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဆိုတဲ့ ဇာတ်ညွှန်းကို ပုံသွင်းပြီး သံဃာ့အဖွဲ့အစည်းအတွင်းမှာ တပ်ထောက်ခံရေး အင်အားစုကို မွေးမြူပုံသွင်းတာဖြစ်ပါတယ်။

■ ဆရာ – ဒကာ စီမံချက်

ယခုလက်ရှိမှာ ဗုဒ္ဓဘာသာဘုန်းကြီးအုပ်စုအတွင်းမှာ၊ တပ်ထောက်ခံရေးအင်အားစုဟာ တစုံတရာအတိုင်းအတာ တစ်ခုအထိ ရှိနေပါပြီ။ အမျိုးသားရေးဝါဒနဲ့ ဝါဒသွတ်သွင်းပြီး သံဃာ့အဖွဲ့အစည်းကို တပ်ထောက်ခံရေးအင်အား စု ဖြစ်လာအောင် လုပ်ခဲ့တယ်။ ထိုနည်းလည်းကောင်း တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူး၊ စစ်တိုင်းမှူး အဆင့်ဆင့် ကလည်း မြို့နယ်အလိုက်၊ ခရိုင်အလိုက်၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် အဆင့်ဆင့် ပူဇော်ဆည်းကပ် လှူဒါန်း မှု ပြုတဲ့ ပုံစံနဲ့ တပ်ထောက်ခံရေးအင်အားစုကို သံဃာ့အဖွဲ့အစည်းထဲမှာ ထိန်းသိမ်းထားတာကို တွေ့ရပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ခေါင်းဆောင်တွေဟာ အဆင့်လိုက် အဆင့်လိုက် ဘုန်းကြီး သံဃာတွေကို ပူဇော်ဆည်းကပ်ပြီး တပ်ထောက်ခံရေးအင်အားစုကို ဆရာ – ဒကာ စီမံချက်နဲ့ တုပ်နှောင်ထားတာကို တွေ့ရပြန်ပါတယ်။ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေဟာ ဗဟိုသံဃမဟာနာယကဆရာတော် ကြီးတွေကို ဆည်းကပ်ပူဇော်ပြီး နိုင်ငံရေးအရ သိမ်းသွင်းတာမျိုး လုပ်တယ်။ ပြည်နယ် တိုင်းဒေသကြီးအဆင့်မှာ လည်း စစ်တိုင်းမှူးတွေဟာ တိုင်းနဲ့ ပြည်နယ်အဆင့် သံဃမဟာနာယကအဖွဲ့နဲ့ ဒေသတွင်း ဩဇာကြီးတဲ့ ဆရာ တော် သံဃာတော်တွေကို ဆရာ – ဒကာ စီမံချက်အတိုင်း စည်းရုံးသိမ်းသွင်းတာကို တွေ့ရတယ်။ တိုင်းစစ်ဌာနချုပ် အလိုက်၊ စစ်ဒေသအလိုက် ဆိုင်ရာ ဆိုင်ရာ ဘုန်းကြီးကျောင်း၊ စာသင်တိုက်တွေကို ဆရာ – ဒကာ စီမံချက်အတိုင်း သိမ်းသွင်းစည်းရုံးတာကို တွေ့ရပါတယ်။

■ ဘုန်းကြီးတွေကို နားချ စည်းရုံးခိုင်း

စစ်ခေါင်းဆောင်အဆက်ဆက်က မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဘာသာရေးလွှမ်းမိုးကြီးစိုးတဲ့ အခင်းအကျင်း မျိုးကို ဖန်တီးပြီး ဘုန်းကြီးတွေနဲ့ ရပ်ရွာ ငြိမ်ဝပ်ပိပြားရေးကို တည်ဆောက်ထားကြပါတယ်။ စစ်တပ် လုပ်သမျှ ဆိုးယုတ်မှုတွေနဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို နာကျည်းချက် မဖြစ်အောင် ဘုန်းကြီးတွေက လူထုကို နားချ စည်းရုံး တာမျိုးကို လုပ်ရပါတယ်။ ဘာသာရေးအားဖြင့် – ဝဋ်ရှိလို့ ခံရတာ။ အကုသိုလ်ကံ‌တွေ နောက်ထပ် မကျူးလွန် ချင်နဲ့၊ သည်းခံကြ… ဆိုတဲ့ လော့ဂျစ်ကို ဖန်တီးပြီး ဘုန်းကြီးတွေက ပြည်သူကို နားချစည်းရုံး သိမ်းသွင်းပါတယ်။

စစ်ခေါင်းဆောင်တွေဟာ သံဃာ့လောကအတွင်းမှာ စစ်တပ်ဆန့်ကျင်ရေးလေထုကို လျော့ပါးနိုင်သမျှ လျော့ပါး အောင် နည်းအမျိုးနဲ့ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ အဲသည့်အထဲမှာ ဆိုင်ရာ ဆိုင်ရာ အလိုက် လာဘ်လာဘ၊ ပူဇော်သက္ကာယနဲ့ သိမ်းသွင်းစည်းရုံးတာမျိုးကို အများဆုံး လုပ်ပါတယ်။ ဘုန်းကြီးလောကအတွင်းမှာလည်း မင်းကိုးကွယ်တဲ့ ဘုန်းကြီး၊ တိုင်းမှူး ကိုးကွယ်တဲ့ ဘုန်းကြီး၊ ဗျူဟာမှူး ကိုးကွယ်တဲ့ ဘုန်းကြီး၊ တပ်ရင်းမှူး ကိုးကွယ်တဲ့ ဘုန်းကြီး …. စသည်ဖြင့် ဒကာရဲ့ ဂုဏ်ဒြပ်ကို လိုက်ပြီး အဆင့်အတန်း ကွဲပြားတာမျိုးတွေ ဖြစ်လာခဲ့ပါတယ်။

■ တပ်ထောက်ခံရေး အင်အားစု ဘုန်းကြီးများ

စစ်တပ်ခေါင်းဆောင်တွေဟာ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမှာ အစဉ်တစိုက်ပါဝင်ဖို့ ဦးတည်တာကြောင့်၊ မြန်မာ့ လူ့အဖွဲ့အစည်းထဲမှာ ဩဇာကြီးတဲ့ ဘုန်းကြီးသံဃာတွေနဲ့ ရင်းနှီးသော ဆက်ဆံရေးရှိအောင် ကြိုးစားထားရမယ် လို့ သိမှတ်ထားပါတယ်။ ထိုနည်းလည်းကောင်း မျိုးချစ်ဘုန်းကြီးလောကကို ပစ်မှတ်ထားပြီး အမျိုးသားရေးဝါဒ နဲ့ တပ်ထောက်ခံရေး အင်အားစုကို စုစည်းပါတယ်။

အမျိုး – ဘာသာ – သာသနာကို စစ်တပ်ကသာလျှင် ကာကွယ် စောင့်ရှောက်နိုင်စွမ်း ရှိတယ်ဆိုတာကို သံဃာ့အဖွဲ့အစည်းအတွင်းမှာ ယုံမှတ်အောင် သိမ်းသွင်းထားပါ တယ်။ စစ်ခေါင်းဆောင်တွေ ကိုယ်၌က ၊ ဆရာ – ဒကာ စီမံချက်နဲ့ ဘုန်းကြီးတွေကို တပ်ထောက်ခံရေး အဓိက အင်အားစု ဒေါက်တိုင်တစ်ခုဖြစ်အောင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက စနစ်တကျ ပုံဖော်တည် ဆောက်ထားခဲ့ကြောင်း ရေးသားတင်ပြလိုက်ရပါတယ် ခင်ဗျား…။

Credit

Zawgyi

〓 ဆရာ – ဒကာ စီမံခ်က္ျဖင့္ သိမ္းသြင္းခံလိုက္ရေသာ ဘုန္းႀကီးမ်ား

စစ္တပ္ရဲ႕ လုပ္ထုံးလုပ္နည္းမွာ၊ plan နဲ႔ လုပ္တာ၊ အစီအစဥ္နဲ႔ စနစ္တက် လုပ္တာ၊ စီမံခ်က္နဲ႔ လက္ေတြ႕က်က် လုပ္တာမ်ိဳးကို ေတြ႕ရတယ္။ မိမိလိုခ်င္တဲ့ အရာကို မစ္ရွင္တစ္ခုလို သေဘာထားၿပီး အဆင့္လိုက္ အဆင့္လိုက္ အလႊာလိုက္ အလႊာလိုက္ လက္ေတြ႕က်က် အေကာင္အထည္ေဖာ္တာမ်ိဳးကို စစ္တပ္က လုပ္ေလ့ရွိတယ္။ အုပ္ခ်ဳပ္ေရးအာဏာနဲ႔ ႏိုင္ငံေရးအာဏာကို စစ္တပ္က ဦးစီးခ်ဳပ္ကိုင္ၿပီးေနာက္ပိုင္း ႏိုင္ငံေတာ္နဲ႔ လူ႔အဖြဲ႕အစည္း ကို ဘယ္လို ထိန္းေက်ာင္းရမလဲဆိုတာကို စစ္ေခါင္းေဆာင္အဆက္ဆက္က ေသခ်ာ စဥ္းစားခဲ့ပါတယ္။ စစ္အုပ္ ခ်ဳပ္အေရးအျဖစ္ သက္ဆိုးရွည္ဖို႔၊ စစ္တပ္ေထာက္ခံေရးအင္အားစုကို အစဥ္တစိုက္ ေမြးထုတ္ဖို႔ လိုေၾကာင္း တပ္ေခါင္းေဆာင္ေတြက သိပါတယ္။ တပ္ေထာက္ခံေရးအင္အားစုေတြမွာ အလားအလာအရွိဆုံး အုပ္စုေတြ ရွိခဲ့ ပါတယ္။ အဲသည့္အထဲမွာ – ဗုဒၶဘာသာဘုန္းႀကီးေတြကို ပထမတန္းဦးစားေပးအုပ္စုအျဖစ္ စစ္အစိုးရ ေခါင္း ေဆာင္ေတြက စည္း႐ုံးသိမ္းသြင္းခဲ့ပါတယ္။

■ စစ္တပ္လက္ေဝခံ အရပ္သားအသင္းအဖြဲ႕

ျမန္မာစစ္တပ္အေနနဲ႔ “ဆရာ – ဒကာ စီမံခ်က္” ရယ္လို႔ ခ်မွတ္ၿပီး၊ တပ္ေထာက္ခံေရးအင္အားစု အျဖစ္ ဘုန္းႀကီး ေတြကို ပုံေဖာ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဆရာ – ဒကာ စီမံခ်က္ကို ေအာင္ျမင္ေအာင္ လက္ေတြ႕ အေကာင္အထည္ ေဖာ္တဲ့ ေနရာမွာ၊ ယခင္က ျမန္မာစစ္တပ္လက္ေဝခံ အျဖစ္ ဖြဲ႕စည္းခဲ့တဲ့ ႀကံ့ခိုင္ေရးအသင္းလည္း ပါဝင္ပါတယ္။ ႀကံ့ခိုင္ေရးအသင္းဟာ – ၂၀၁၀ ခုႏွစ္ ဇူလိုင္လ (၂) ရက္ေန႔မွာ အသင္းအျဖစ္မွ ႏိုင္ငံေရးပါတီအျဖစ္ အသြင္ကူး ေျပာင္းလာခဲ့ပါတယ္။ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီရယ္လို႔ လူသိမ်ားပါတယ္။

ႀကံ့ခိုင္ေရးအသင္း ဟာ – ၁၉၈၈ ခုႏွစ္ လူထုဒီမိုကေရစီလႈပ္ရွားမႈေနာက္ပိုင္း၊ တပ္ေထာက္ခံေရး အရပ္သားအသင္းအဖြဲ႕အေနနဲ႔ ျဖစ္ တည္ခဲ့ပါတယ္။ ျမန္မာစစ္ေခါင္းေဆာင္ေတြဟာ ႀကံ့ခိုင္ေရးအသင္းကို ဂြန္ဂို (GONGO – Government owned Non-Government Organization) တစ္ခုအေနနဲ႔ လက္သပ္ေမြးျမဴခဲ့ပါတယ္။ ႀကံ့ခိုင္ေရးအသင္းဟာ အရပ္သားေတြနဲ႔ စုဖြဲ႕ထားတဲ့ လူမႈေရးအသင္းအဖြဲ႕တစ္ခုလို႔ ဆိုေပမယ့္၊ တပ္ထိပ္ပိုင္းေခါင္းေဆာင္ေတြ ဦးေဆာင္ တဲ့ (တနည္း) စစ္ဗိုလ္ခ်ဳပ္အၿငိမ္းစားေတြ ဦးေဆာင္ၿပီး ဖြဲ႕စည္းထားတဲ့ စစ္တပ္လက္ေဝခံ အရပ္ဘက္ အဖြဲ႕အစည္း တစ္ခု ျဖစ္ခဲ့ပါတယ္။ ျမန္မာစစ္ေခါင္းေဆာင္ေတြဟာ သူတို႔ လက္ေဝခံ အသင္းအဖြဲ႕တစ္ခုကို အသုံး ခ်ၿပီး၊ ဗုဒၶဘာသာသံဃာ့အဖြဲ႕အစည္းကို စည္း႐ုံးသိမ္းသြင္းဖို႔ ႀကိဳးစားခဲ့ပါတယ္။

■ ဘုန္းႀကီး နဲ႔ ႐ြာသူႀကီး

ဗုဒၶဘာသာဘုန္းႀကီးေတြဟာ၊ ျမန္မာ့လူ႔အဖြဲ႕အစည္းအတြင္းမွာ တစုံတရာ ဩဇာရွိတဲ့ ပုဂၢိဳလ္ေတြ ျဖစ္ပါတယ္။ အညာေက်းလက္ေဒသက ႐ြာတစ္႐ြာကို ၾကည့္ရင္၊ အဲသည့္႐ြာမွာ အခမ္းနားဆုံး အေဆာက္အအုံဟာ ဘုန္းႀကီး ေက်ာင္းပဲ…လို႔ သမိုင္းဆရာ ေဒါက္တာေအာင္ခင္က ေျပာပါတယ္။ ျမန္မာဘုရင္အဆက္ဆက္ကလည္း ေဒသႏၲရ အုပ္ခ်ဳပ္ေရးမွာ ဩဇာေညာင္းေအာင္၊ ႐ြာဦးဘုန္းႀကီးေက်ာင္းကို ႐ြာသူႀကီးနဲ႔ ပူးေပါင္းၿပီး ရပ္႐ြာ တည္ၿငိမ္ေရးကို လုပ္ေဆာင္ေစခဲ့ပါတယ္။ ႐ြာတစ္႐ြာမွာ သူႀကီးဟာ အာဏာရွိသူျဖစ္ၿပီး ဘုန္းႀကီးဟာ ဩဇာ ရွိ သူျဖစ္ပါတယ္။ ဘုန္းႀကီးနဲ႔ ႐ြာသူႀကီးဟာ – ႏိုင္ငံေတာ္အတြင္းမွာ ေက်ာင္းေတာ္နဲ႔ နန္းေတာ္ ဆက္ဆံေရးကဲ့သို႔ လူ႔အဖြဲ႕အစည္းကို ထိန္းေက်ာင္းထားပါတယ္။ ေအာက္ေျခရပ္႐ြာမွာလည္း ဆရာ – ဒကာ ဆက္ဆံေရးေကာင္းမြန္ ေအာင္ လုပ္ၿပီး လူ႔အဖြဲ႕အစည္းကို ၿငိမ္ – ဝပ္ – ပိ – ျပား ေအာင္ လုပ္ထားပါတယ္။ ႏိုင္ငံေတာ္ – ျပည္ေထာင္စု အလႊာမွာလည္း သူ႔အလႊာလိုက္ ဆရာ – ဒကာ ဆက္ဆံေရးေကာင္းမြန္ေအာင္ လုပ္ေဆာင္ထားပါတယ္။

■ ထက္ – ေအာက္ ဖြဲ႕စည္းပုံ အားျဖင့္

စစ္အစိုးရေတြဟာ သံဃာ့အဖြဲ႕အစည္းကို ထိန္းေက်ာင္းဖို႔၊ ဗုဒၶဘာသာဘုန္းႀကီးေတြကို ထက္-ေအာက္ တည္ေဆာက္မႈ ပုံစံနဲ႔ ပုံသြင္းခဲ့ပါတယ္။ သံဃမဟာနာယကအဖြဲ႕ေတြဟာ အဓိက ထင္ရွားတဲ့အခ်က္ပါပဲ။ သံဃမဟာနာယကအဖြဲ႕ေတြကို၊ ဗဟိုအဆင့္ ၊ တိုင္း / ျပည္နယ္အဆင့္၊ ခ႐ိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္…. စသည္ျဖင့္ အဆင့္ဆင့္ ဖြဲ႕စည္းပုံသြင္းထားၿပီး ဗုဒၶဘာသာဘုန္းႀကီးေလာကကို ထိန္းအုပ္ဖို႔ ႀကိဳးစားတာေတြ႕ရပါ တယ္။ သံဃမဟာနာယကအဖြဲ႕ အဆင့္ဆင့္ကို စစ္ေခါင္းေဆာင္အလႊာအသီးသီးက ဆိုင္ရာ ဆိုင္ရာအလိုက္ ပူေဇာ္ဆည္းကပ္မႈေတြ လုပ္ၿပီး ဆရာ – ဒကာ ဆက္ဆံေရးေကာင္းမြန္ေအာင္ လုပ္ထားဖို႔ စစ္ေခါင္းေဆာင္ေတြ က ႀကံ႐ြယ္ခဲ့ပါတယ္။ တစ္ဖက္မွာလည္း စစ္တပ္လက္ေဝခံ အရပ္သားအဖြဲ႕အစည္းေတြကို ၾကားခံထားၿပီး သံဃာ့အဖြဲ႕အစည္းကို စည္း႐ုံးသိမ္းသြင္းဖို႔ လုံ႔လထုတ္ႀကိဳးစားခဲ့ပါတယ္။ အထူးသျဖင့္ – အမ်ိဳးဘာသာသာသနာ ကို ကာကြယ္ေစာင့္ေရွာက္ရန္အတြက္ ဆိုတဲ့ ဇာတ္ၫႊန္းကို ပုံသြင္းၿပီး သံဃာ့အဖြဲ႕အစည္းအတြင္းမွာ တပ္ေထာက္ခံေရး အင္အားစုကို ေမြးျမဴပုံသြင္းတာျဖစ္ပါတယ္။

■ ဆရာ – ဒကာ စီမံခ်က္

ယခုလက္ရွိမွာ ဗုဒၶဘာသာဘုန္းႀကီးအုပ္စုအတြင္းမွာ၊ တပ္ေထာက္ခံေရးအင္အားစုဟာ တစုံတရာအတိုင္းအတာ တစ္ခုအထိ ရွိေနပါၿပီ။ အမ်ိဳးသားေရးဝါဒနဲ႔ ဝါဒသြတ္သြင္းၿပီး သံဃာ့အဖြဲ႕အစည္းကို တပ္ေထာက္ခံေရးအင္အား စု ျဖစ္လာေအာင္ လုပ္ခဲ့တယ္။ ထိုနည္းလည္းေကာင္း တပ္ရင္းမႉး၊ ဗ်ဴဟာမႉး၊ တပ္မမႉး၊ စစ္တိုင္းမႉး အဆင့္ဆင့္ ကလည္း ၿမိဳ႕နယ္အလိုက္၊ ခ႐ိုင္အလိုက္၊ တိုင္းေဒသႀကီး ျပည္နယ္အလိုက္ အဆင့္ဆင့္ ပူေဇာ္ဆည္းကပ္ လႉဒါန္း မႈ ျပဳတဲ့ ပုံစံနဲ႔ တပ္ေထာက္ခံေရးအင္အားစုကို သံဃာ့အဖြဲ႕အစည္းထဲမွာ ထိန္းသိမ္းထားတာကို ေတြ႕ရပါတယ္။

၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာလည္း စစ္ေခါင္းေဆာင္ေတြဟာ အဆင့္လိုက္ အဆင့္လိုက္ ဘုန္းႀကီး သံဃာေတြကို ပူေဇာ္ဆည္းကပ္ၿပီး တပ္ေထာက္ခံေရးအင္အားစုကို ဆရာ – ဒကာ စီမံခ်က္နဲ႔ တုပ္ေႏွာင္ထားတာကို ေတြ႕ရျပန္ပါတယ္။ ထိပ္ပိုင္းစစ္ေခါင္းေဆာင္ေတြဟာ ဗဟိုသံဃမဟာနာယကဆရာေတာ္ ႀကီးေတြကို ဆည္းကပ္ပူေဇာ္ၿပီး ႏိုင္ငံေရးအရ သိမ္းသြင္းတာမ်ိဳး လုပ္တယ္။ ျပည္နယ္ တိုင္းေဒသႀကီးအဆင့္မွာ လည္း စစ္တိုင္းမႉးေတြဟာ တိုင္းနဲ႔ ျပည္နယ္အဆင့္ သံဃမဟာနာယကအဖြဲ႕နဲ႔ ေဒသတြင္း ဩဇာႀကီးတဲ့ ဆရာ ေတာ္ သံဃာေတာ္ေတြကို ဆရာ – ဒကာ စီမံခ်က္အတိုင္း စည္း႐ုံးသိမ္းသြင္းတာကို ေတြ႕ရတယ္။ တိုင္းစစ္ဌာနခ်ဳပ္ အလိုက္၊ စစ္ေဒသအလိုက္ ဆိုင္ရာ ဆိုင္ရာ ဘုန္းႀကီးေက်ာင္း၊ စာသင္တိုက္ေတြကို ဆရာ – ဒကာ စီမံခ်က္အတိုင္း သိမ္းသြင္းစည္း႐ုံးတာကို ေတြ႕ရပါတယ္။

■ ဘုန္းႀကီးေတြကို နားခ် စည္း႐ုံးခိုင္း

စစ္ေခါင္းေဆာင္အဆက္ဆက္က ျမန္မာ့လူ႔အဖြဲ႕အစည္းအတြင္းမွာ ဘာသာေရးလႊမ္းမိုးႀကီးစိုးတဲ့ အခင္းအက်င္း မ်ိဳးကို ဖန္တီးၿပီး ဘုန္းႀကီးေတြနဲ႔ ရပ္႐ြာ ၿငိမ္ဝပ္ပိျပားေရးကို တည္ေဆာက္ထားၾကပါတယ္။ စစ္တပ္ လုပ္သမွ် ဆိုးယုတ္မႈေတြနဲ႔ ညႇင္းပန္းႏွိပ္စက္မႈေတြကို နာက်ည္းခ်က္ မျဖစ္ေအာင္ ဘုန္းႀကီးေတြက လူထုကို နားခ် စည္း႐ုံး တာမ်ိဳးကို လုပ္ရပါတယ္။ ဘာသာေရးအားျဖင့္ – ဝဋ္ရွိလို႔ ခံရတာ။ အကုသိုလ္ကံ‌ေတြ ေနာက္ထပ္ မက်ဴးလြန္ ခ်င္နဲ႔၊ သည္းခံၾက… ဆိုတဲ့ ေလာ့ဂ်စ္ကို ဖန္တီးၿပီး ဘုန္းႀကီးေတြက ျပည္သူကို နားခ်စည္း႐ုံး သိမ္းသြင္းပါတယ္။

စစ္ေခါင္းေဆာင္ေတြဟာ သံဃာ့ေလာကအတြင္းမွာ စစ္တပ္ဆန႔္က်င္ေရးေလထုကို ေလ်ာ့ပါးႏိုင္သမွ် ေလ်ာ့ပါး ေအာင္ နည္းအမ်ိဳးနဲ႔ လုပ္ေဆာင္ခဲ့တာေတြ႕ရပါတယ္။ အဲသည့္အထဲမွာ ဆိုင္ရာ ဆိုင္ရာ အလိုက္ လာဘ္လာဘ၊ ပူေဇာ္သကၠာယနဲ႔ သိမ္းသြင္းစည္း႐ုံးတာမ်ိဳးကို အမ်ားဆုံး လုပ္ပါတယ္။ ဘုန္းႀကီးေလာကအတြင္းမွာလည္း မင္းကိုးကြယ္တဲ့ ဘုန္းႀကီး၊ တိုင္းမႉး ကိုးကြယ္တဲ့ ဘုန္းႀကီး၊ ဗ်ဴဟာမႉး ကိုးကြယ္တဲ့ ဘုန္းႀကီး၊ တပ္ရင္းမႉး ကိုးကြယ္တဲ့ ဘုန္းႀကီး …. စသည္ျဖင့္ ဒကာရဲ႕ ဂုဏ္ျဒပ္ကို လိုက္ၿပီး အဆင့္အတန္း ကြဲျပားတာမ်ိဳးေတြ ျဖစ္လာခဲ့ပါတယ္။

■ တပ္ေထာက္ခံေရး အင္အားစု ဘုန္းႀကီးမ်ား

စစ္တပ္ေခါင္းေဆာင္ေတြဟာ ႏိုင္ငံေရးနဲ႔ အုပ္ခ်ဳပ္ေရးမွာ အစဥ္တစိုက္ပါဝင္ဖို႔ ဦးတည္တာေၾကာင့္၊ ျမန္မာ့ လူ႔အဖြဲ႕အစည္းထဲမွာ ဩဇာႀကီးတဲ့ ဘုန္းႀကီးသံဃာေတြနဲ႔ ရင္းႏွီးေသာ ဆက္ဆံေရးရွိေအာင္ ႀကိဳးစားထားရမယ္ လို႔ သိမွတ္ထားပါတယ္။ ထိုနည္းလည္းေကာင္း မ်ိဳးခ်စ္ဘုန္းႀကီးေလာကကို ပစ္မွတ္ထားၿပီး အမ်ိဳးသားေရးဝါဒ နဲ႔ တပ္ေထာက္ခံေရး အင္အားစုကို စုစည္းပါတယ္။

အမ်ိဳး – ဘာသာ – သာသနာကို စစ္တပ္ကသာလွ်င္ ကာကြယ္ ေစာင့္ေရွာက္ႏိုင္စြမ္း ရွိတယ္ဆိုတာကို သံဃာ့အဖြဲ႕အစည္းအတြင္းမွာ ယုံမွတ္ေအာင္ သိမ္းသြင္းထားပါ တယ္။ စစ္ေခါင္းေဆာင္ေတြ ကိုယ္၌က ၊ ဆရာ – ဒကာ စီမံခ်က္နဲ႔ ဘုန္းႀကီးေတြကို တပ္ေထာက္ခံေရး အဓိက အင္အားစု ေဒါက္တိုင္တစ္ခုျဖစ္ေအာင္ လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာကတည္းက စနစ္တက် ပုံေဖာ္တည္ ေဆာက္ထားခဲ့ေၾကာင္း ေရးသားတင္ျပလိုက္ရပါတယ္ ခင္ဗ်ား…။

Credit

Leave a Reply

Your email address will not be published.