Unicode
READ NEXT
မြင်းမူလက်ရှိအခြေအနေ ကတော့ စိတ်မကောင်းစရာပါ
“သမီးကျသွားတော့ အမေဆက်တိုက်မယ်”၊ စစ်ကိုင်းက ၁၃ နှစ်သမီး၏မိခင်
စစ်ကိုင်းက ၁၃ နှစ်သမီး၏မိခင်
မိသားစုလိုက် PDF စစ်သင်တန်းတက်ခဲ့သော၊ သေနတ်အစစ်ကိုင်ပြီး ရှေ့တန်းထွက်လိုသော
this is test
၁၃ နှစ်သမီးကို ပေးထားသည့် ကတိအတိုင်း မိခင်ဖြစ်သူက တော်လှန်ရေးတွင် ဆက်လက် ပါဝင်နေသည်။
“ကျွန်မ မလျှော့ပါဘူး။ သမီးကို ကတိပေးထားသလို တတ်နိုင်သလောက် ဆက်လုပ်သွားမှာပါ”ဆိုသော အသံတွင် နာကြည်းမှုပါသည်။ အာဏာသိမ်းစစ်တပ်က အပြင်းထန်ဆုံး ဖိနှိပ်နေသည့်




မြန်မာနိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိ ဝက်လက်မြို့နယ်မှ အမျိုးသမီးတစ်ဦး ပြောလိုက်ခြင်းပင်။
ရင်နှစ်သည်းချာ သမီးငယ်ကို ဆုံးရှုံးလိုက်ရသည့် ရင်ကွဲပက်လက်အဖြစ်ကို လွယ်လွယ်ကူကူ မေ့ဖျောက်နိုင်မည် မဟုတ်ပေ။
“ဘယ်တော့မှလည်း မေ့မှာမဟုတ်ဘူး။ ကမ္ဘာလည်းမကျေဘူး၊ ဥဒါန်းလည်း မကျေဘူး” ဟု ထိုအမျိုးသမီးက ထပ်ဆင့်တိုင်တည်သည်။
ဒေါ်အေးနွယ်* ဆိုသော ထိုအမျိုးသမီးမှာ အသက် ၄၁ နှစ် အရွယ်သာ ရှိသေးသည်။ ၁၂ နှစ်
အရွယ် သားတစ်ဦးနှင့် ၁၃ နှစ်အရွယ် သမီးတစ်ဦးရှိသည်။ အမျိုးသားဖြစ်သူနှင့် လွန်ခဲ့သောခြောက်နှစ်က ကွဲကွာခဲ့သည်။
လင်သားမရှိသဖြင့် အရွယ်မရောက်သေးသည့် သားနှင့် သမီးငယ်ကို ဒေါ်အေးနွယ်တစ်ဦးတည်း
ရှာဖွေ ကျွေးမွေးရသည်။ လယ်ပိုင်ယာပိုင် မရှိသူဖြစ်ရာ ဒေါ်အေးနွယ်တစ်ယောက် ကောက်စိုက်၊
ပေါင်းသင်၊ ပဲဆွတ် ကြုံရာကျပန်း အလုပ်မျိုးစုံလုပ်သည်။ မချမ်းသာသော်လည်း သားအမိသုံးဦးသား အဆင်ပြေပြေနေထိုင်နိုင်သည်။
ဒေါ်အေးနွယ်တို့ရွာလေးမှာ သာယာအေးချမ်းသည်ဟု ဆိုနိုင်သည်။ ဧရာဝတီမြစ်ကမ်းနဖူးကို
မေးတင်ထားသည်။ ရွာပတ်လည်တွင် စိမ်းစိုစို စိုက်ခင်းများ အခါရာသီအလိုက်ရှိသည်။ ရွာအတွင်း
အိမ်တိုင်းနီးပါး၌ မန်ကျည်းပင်နှင့် သရက်ပင်များ နေရာယူထားသည်။ စိုက်ပျိုးရေးထွန်းကားရာ
ရွှေဘိုလွင်ပြင်မှ ရွာလေးတစ်ရွာဖြစ်သည်နှင့်အညီ စားဝတ်နေရေးချောင်လည်သူများသည်။
အိမ်ထောင်ကွဲဖြစ်သော်လည်း ချစ်စရာ သားငယ်သမီးငယ်တို့နှင့် ဒေါ်အေးနွယ်ဘဝ သာတောင့်သာယာရှိသည်။ အရွယ်ရောက်စပြုလာသော သားသမီးရတနာလေးနှစ်ဦးနှင့် ဘဝကို ကျေနပ်ပြီးဖြစ်သည်။
သို့သော် လွန်ခဲ့သော တစ်နှစ်ကျော်အထိသာဖြစ်သည်။ စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူလိုက်ချိန်တွင်
အခြေအနေအားလုံး ကပြောင်းကပြန်ဖြစ်သည်။ ခေတ်ကာလဆိုးကြီးကို ဒေါ်အေးနွယ်တို့ သားအမိသုံးဦးသား မဖြစ်မနေ ဖြတ်သန်းရတော့သည်။
အာဏာသိမ်းစစ်တပ်က နိုင်ငံအနှံ့ရှိ ခုခံတော်လှန်သူများကို လိုက်လံနှိမ်နင်းရင်း ကျေးရွာများကို
မီးရှို့သည်။ ရွာသူရွာသားများကို ဖမ်းဆီးသတ်ဖြတ်သည်။ စစ်ကိုင်းတိုင်းတွင် အဆိုးဆုံးဖြစ်သည်။
အကြိမ်ကြိမ်ချေမှုန်းခံရသော ဝက်လက်နယ်
ခုခံတော်လှန်မှု ပြင်းထန်သော စစ်ကိုင်းတိုင်းကို စစ်တပ်က အငြိုးကြီးသည်။ ယနေ့အချိန်ထိ
လပေါင်းများ စွာ နှိမ်နင်းသည်။ ရွှေဘိုနယ်ရှိ ဝက်လက်မှာ အဆုံးရွားဆုံး နှိမ်နင်းခံရသည် မြို့နယ်တစ်ခုဖြစ်သည်။
နိုင်ငံအနှံ့တွင် ပေါ်ပေါက်ခဲ့သော အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများနည်းတူ ဝက်လက်ဒေသခံများလည်း
အပြင်းအထန် ဆန္ဒပြသည်။ စစ်တပ်ကလည်း ပစ်သတ်သည်အထိ ဖြိုခွင်းခဲ့သည်။ ထို့နောက်တွင်
စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင် ခုခံတော်လှန်မှုများ ပေါ်ပေါက်လာသည်။
ဝက်လက်နယ်တွင်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF)၊ ပြောက်ကျားအဖွဲ့များ
ပေါ်ထွက်လာသည်။ စစ်ကောင်စီစစ်ကြောင်းများကို လက်လုပ်မိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်သည်။
စစ်တပ်ကလည်း အင်အားအလုံးအရင်းဖြင့် နှိမ်နင်းသည်။ လေကြောင်းဖြင့်ပါ တိုက်သည်။
ဧရာဝတီမြစ် နှင့် မူးမြစ်ကြားရှိ ဝက်လက်မြို့နယ်ကို စစ်တပ်က ရေကြောင်းဖြင့်ပါ စစ်ကြောင်းထိုးသည်။
စစ်ကောင်စီက အကြိမ်ကြိမ်စစ်ကြောင်းထိုးရင်း ဒေသခံ ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများလည်း
ဖြစ်ပွားသည်။ အရေအတွက် အတိအကျ မသိရသော်လည်း ဒေသခံနှင့် PDF အဖွဲ့ဝင် အများအပြား သေဆုံးခဲ့ရသည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက တိုက်ပွဲတွင် ဝက်လက်မြို့နယ် ကာကွယ်ရေးအဖွဲ့ဝင် ၉ ဦးနှင့် အရပ်သား
နှစ်ဦး သေဆုံးခဲ့သည်။ ဆယ်ဂဏန်းအထက် ကျဆုံးသည့် တိုက်ပွဲများရှိသည်ဟုလည်း သိရသည်။
စစ်တပ်က စစ်ကြောင်းထိုးရင်း ရွာများကို မီးရှို့ဖျက်ဆီးသည်။ ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီ
လက်ချက်ဖြင့် မီးလောင်ပြာကျရသည့် နေအိမ်ပေါင်း ၁၄၄၈ လုံးရှိကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၏ စာရင်းများအရ သိရသည်။
စစ်ကောင်စီ၏ ဖိနှိပ်မှုများက ဒေသလူထုကို ပို၍ဒေါကထွက်စေ၊ နာကျည်းစေသည်။ လက်နက်ကိုင်




ခုခံ တော်လှန်ရေးလမ်းကြောင်းကို မလွှဲမရှောင်သာ ရွေးချယ်ကြတော့သည်။
“စစ်သင်တန်း စစ်သင်တန်း”
ရွာကိုမီးရှို့သည်၊ ဖမ်းမိသောသူကိုသတ်သည်ဆိုသော အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်ကို ဒေသခံ
တောသူတောင်သားများ နာကျည်းသည်။ ရရာလက်နက်ဖြင့် ခုခံတော်လှန်ရန် စိတ်ပိုင်းဖြတ်ကြသည်။
မလွှဲမရှောင်သာ စစ်ပြင် ကြသည်။ အနယ်နယ်အရပ်ရပ်တွင် လူငယ်များက ရှေ့ဆုံးတန်းမှဖြစ်သည်။
ဒေသအလိုက် PDF အဖွဲ့များနှင့် ပြောက်ကျားအဖွဲ့များက ဆင့်ပွားဆင့်ပွား စစ်သင်တန်းပေးကြသည်။
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်လိုသော လူငယ်များတွင် ယောကျ်ားလေးများသာမက မိန်း ကလေးများလည်းပါသည်။
ဒေါ်အေးနွယ်တို့ သားအမိသုံးဦးသား နေထိုင်ရာ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ရွာများတွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။
သမီးငယ် မပပခိုင်က စစ်သင်တန်းတက်ချင်သည်။ အသက် ၁၃ နှစ်သာရှိ သေးသော်လည်း
အရပ် ငါး ပေကျော်မျှ ထွားကျိုင်းနေသော အညာသူ ပပခိုင်တစ်ယောက် မဖြစ်မနေ
စစ်သင်တန်းတက်လိုသည်။ အမေဖြစ်သူ ဒေါ်အေးနွယ်ကို ပူဆာသည်။
စစ်သင်တန်းတက်ရေး ပပခိုင်တွင် အဖော်ရှိပြီးဖြစ်သည်။ အိမ်နီးချင်း မဝင်းအိကျော်ပင်။ ခြံချင်းကပ်
လျက် နှစ်အိမ့်တစ်အိမ် ကူးချည်သန်းချည် သူငယ်ချင်းများလည်းဖြစ်သည်။ အသက် ၁၄ နှစ်ရွယ်သာ
ရှိသေးသည့် မဝင်းအိကျော်သည် ပပခိုင်၏ ဝမ်းကွဲအစ်မလည်းဖြစ်သည်။ အကြောင်းမူ ဝင်းအိကျော်
၏အဖေနှင့် ပပခိုင်အမေမှာ မောင်နှမဝမ်းကွဲ တော်စပ်သောကြောင့်ဖြစ်သည်။
ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် လေးတန်းအောင်ဘဝဖြင့် ပညာရေးတစ်ခန်းရပ်ခဲ့ရသူ
ပပခိုင်တို့ ညီအစ်မနှစ်ယောက် စစ်အာဏာရှင်တော်လှန်ရေးအတွက် စစ်သင်တန်းကို တက်လိုသည်။
စစ်တပ်က ရွာစဉ်လှည့်မီးရှို့သည့် သတင်းကြားရတိုင်း အမေဖြစ်သူ ဒေါ်အေးနွယ်ကို တစ်မျိုးမဟုတ် တစ်မျိုးပြောကာ ပူဆာသည်။
“ပြည်သူတစ်ယောက်အနေနဲ့ နေရတာ ရှက်တယ်တဲ့။ သူတို့တတ်နိုင်တဲ့အလုပ်တွေ လုပ်ချင်တယ်သတဲ့”




ဟု စစ်သင်တန်းတက်လိုသူ သမီးအကြောင်း ဒေါ်အေးနွယ်က ဆိုသည်။
နားချမရသည့်အဆုံး ဒေါ်အေးနွယ် ခွင့်ပြုရတော့သည်။ ငယ်ငယ်ရွယ်ရွယ် သမီးကို စိတ်မချသည်နှင့်
ဒေါ်အေးနွယ်တစ်ယောက် ယောင်းမဖြစ်သူကို အပါခေါ်ကာ ပပခိုင်တို့ညီအစ်မနှစ်ဦးကို သူကိုယ်တိုင် စစ်သင်တန်းလိုက်ပို့သည်။
သင်တန်းရောက်တော့ သမီးမိန်းကလေး နှစ်ယောက်တည်း ထားခဲ့ရန် စိတ်မချနိုင်။ ဒေါ်အေးနွယ်
အကြံ ထုတ်သည်။ စစ်သင်တန်းတွင် ထမင်းချက်လုပ်ရန်ဖြစ်သည်။ တာဝန်ရှိသူများကို ခွင့်တောင်းသည်။
စစ် သင်တန်းတွင် ချက်ပြုတ်ရေးကိုလည်း အမျိုးသားများပင် တာဝန်ယူသည်ဖြစ်ရာ ဒေါ်အေးနွယ် အကြံ အိုက်လာသည်။
သမီးငယ်နှင့် တူမဖြစ်သူလည်း မထားခဲ့နိုင်သဖြင့် သူကိုယ်တိုင် စစ်သင်တန်း ဝင်တက်သည်။
သင်တန်း သား ၅၀ ကျော်တွင် မိန်းမသားဟူ၍ သူတို့တူဝရီး သားအမိတတွေ အပါအဝင် ငါးဦးသာရှိသည်။
“တောနက်လည်းဖြစ်တဲ့အတွက် ဒီလိုသင်တန်းလည်း တက်ထားမှဖြစ်မယ်ပေါ့။ ကလေးတွေနဲ့အတူ
တူပေါ့။ နောက်ပိုင်း အသက်အရွယ်အရ လုပ်နိုင်တာ မလုပ်နိုင်တာ အသာထား” ဟု
စစ်သင်တန်း တက်ဖြစ်ပုံအကြောင်း ဒေါ်အေးနွယ်ပြောသည်။
သစ်သားသေနတ်ကိုင် ၁၅ ရက်သင်တန်း
စစ်သင်တန်းမှာ ရွာမှလေးမိုင်အကွာတွင်ဖြစ်သည်။ GZ Special Task Force ဆိုသောအဖွဲ့က
ဦးစီးလုပ် ဆောင်ခြင်းဖြစ်သည်။ စစ်အာဏာရှင်တော်လှန်ရေးတွင် ရှေ့တန်းမှ ဦးဆောင်သူလူငယ်များက
အနယ်နယ်အရပ်ရပ်တွင် Generation Z ဆိုသောအဖွဲ့များဖွဲ့ကြသည်။




စစ်သင်တန်းတက်ရသဖြင့် ပပခိုင်တို့ ညီအစ်မတွေ ပျော်နေကြသည်။ နံနက်စောစော ခရာသံတုတ်ချိန်
သူတို့ညီအစ်မ အဆင်သင့်ဖြစ်နေသည်။ သင်တန်းတွင် အရွယ်နှင့်မလိုက်အောင် လိုက်နိုင်ကြသည်ဟု သင်တန်းဆရာကပင် ချီးကျူးသည်။
“လူတိုင်းက သူတို့အရမ်းငယ်သေးတော့ မလုပ်နိုင်လောက်ဘူးလို့ တွေးတာပေါ့။ ဒါပေမဲ့ မြင်တာနဲ့ လုပ်
နိုင်တာ တခြားစီဖြစ်နေတာ” ဟု မပပနိုင်နှင့် မဝင်းအိကျော်၏ သင်တန်းဆရာက မှတ်ချက်ပြုသည်။
စစ်သင်တန်းဆိုသော်လည်း အထွေအထူးတော့ မဟုတ်ပေ။ တောထဲတွင် ဖြစ်သလို သင်ကြားရခြင်းပင်။
သင်တန်းချိန်ကတော့ တစ်နေ့လုံးပင်။ မနက်ပိုင်းတွင် အပြေးလေ့ကျင့်ခန်းနှင့် ကိုယ်ကာယလေ့ကျင့်ခန်း ဖြစ်သည်။
မွန်းလွဲပိုင်းမှ ညနေအထိ အခြေခံစစ်ပညာဖြစ်သည်။ အပစ်အခတ်၊ အဖွဲ့လိုက် ချီတက်ခြင်း၊ ကင်း
ထောက်ခြင်း၊ ကျည်ကွယ်မျက်ကွယ်နှင့် မတော်တဆ ဒဏ်ရာရပါက မည်သို့လုပ်ဆောင်ရမည်ကိုလည်း သရုပ်ပြလေ့ကျင့်ရသည်။
သင်တန်းချိန်မှာ နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိဖြစ်သည်။ ထမင်းစားချိန်၊ နားချိန်မှအပ တရစပ်လေ့
ကျင့်ရပြီး ညပိုင်းတွင်လည်း စစ်ရေးနှင့်ပတ်သက်၍ စာသင်ရသည်ဟု ဆိုသည်။
အခြေခံဖြစ်သော်လည်း ပင်ပန်းမှုဒဏ်ကြောင့် ပျော့ခွေသူများ၊ လဲကျသူများလည်း ရှိသည်။ မပပခိုင်နှင့် မ
ဝင်းအိကျော်တို့ ညီအစ်မကတော့ တချက်မျှ မညည်းပေ။ အမေဖြစ်သူ အသက်လေးဆယ်စွန်းစွန်း အရွယ် ဒေါ်အေးနွယ်တော့ ညည်းညူမိသည်။
“ကျွန်မတစ်ယောက်ပဲ ပထမတစ်ရက်မှာ ပြန်မယ် ပြန်မယ်၊ ဒီအလုပ်မလုပ်နိုင်ဘူး။ ဒီအစားတွေလည်း
မစားနိုင်ဘူးဆိုတော့ သမီးက အမေက ဘာပုနေတာတုန်းဆိုတော့ ကဲပါဆိုပြီး လုပ်ရင်းလုပ်ရင်းနဲ့
အပတ်စဉ်ပြီးသွားတာ” ဟု ဒေါ်အေးနွယ်က စစ်သင်တန်းအကြောင်း ပြန်ပြောပြသည်။
သမီးဖြစ်သူ ပပခိုင်၏ စစ်သင်တန်းအပေါ် စိတ်ရောက်ပုံကို ဒေါ်အေးနွယ်ကလည်း
“အမယ်လေး ပင် ပန်းတယ်လို့ တစ်ခွန်းမှမပြောဘူး ငါ့မောင်ရေ” ဟု ပြောသည်။
၁၆ ရက်မြောက်နေ့တွင် စစ်သင်တန်းဆင်ရသည်။ ယူနီဖောင်းနှင့် စစ်ချီတေး အော်နေသော
သမီးဖြစ်သူ ကို ဒေါ်အေးနွယ် မျက်တောင်မခတ်ကြည့်နေမိသည်။




ခေတ်မီ လက်နက်ကိရိယာများအပြင် လူသူလက်နက်အင်အား သာလွန်သည့် စစ်တပ်ကို ခုခံတော်လှန်
ရေး အားတက်နေမိသည်။ မိန်းမသားများပင် ဖြစ်လင့်ကစား အခြေခံစစ်ပညာ သင်ပြီးပြီဟု မှတ်ယူမိ သည်။
ရက်စက်ကြမ်းကြုတ်လှသော အာဏာသိမ်းစစ်တပ်ကို ရင်ဆိုင်ရန်သာရှိတော့သည်။
စစ်သင်တန်းဆိုသော်လည်း ရပ်ရွာအလိုက်ဖြစ်သလို ဖန်တီးရသည်ဖြစ်ရာ သေနတ်အစစ် မပါပေ။
သစ် သားတုတ်ကို သေနတ်အမှတ်ဖြင့် ၁၅ ရက်လုံးလုံး လေ့ကျင့်ရခြင်းဖြစ်သည်။ သင်တန်းဆင်းပွဲနေ့တွင်
တော့ သေနတ်အစစ်မြင်ရသည်။ တစ်ယောက်တစ်လှည့် ပစ်ကြည့်ခွင့်ရသည်။ ကျည်ဆန်တစ်တောင့်စီ သာဖြစ်သည်။
စစ်တပ်လာတိုင်း ပြေးမနေချင်တော့
စစ်သင်တန်းပြီးသော်လည်း မပပခိုင်တို့ ညီအစ်မ စစ်မတိုက်ရ၊ တိုက်ပွဲမဝင်ရပေ။ သင်တန်းပြီးသည်နှင့်
ရွာပြန်ရသည်။ အာဏာသိမ်းစစ်တပ်ကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း ရွာများကို စစ်ကြောင်းထိုး
နေချိန်ဖြစ်သည်။ ဒေသခံ ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်သည်လည်းရှိသည်။
ရွာပြန်ရောက်သော်လည်း မပပခိုင်တို့ အေးအေးဆေးဆေး မနေရပေ။ စစ်ကောင်စီက မကြာခဏ စစ်
ကြောင်းထိုးလာသဖြင့် ပြေးရလွှားရသည်။ စစ်သင်တန်းတက်ပြီး ပြေးလွှားပုန်းအောင်နေရသည်ကို လူ ငယ်ပီပီ မပပခိုင် ရှက်မိသည်။
တစ်ခုခုကို လုပ်ချင်သည်။ အသက်ဆုံးရှုံးနိုင်သော တိုက်ပွဲဖြစ်စေဦးတော့ နဖူးတွေ့ဒူးတွေ့ ကြုံချင် သည်။
အေးအေးမနေနိုင်။ အမေဖြစ်သူကို တစ်မျိုးမဟုတ် တစ်မျိုးပူဆာပြန်သည်။
“သင်တန်းတက်ထားပြီး ဒီလိုပြေးနေရတာ အရမ်းရှက်တာပဲ။ သူများတွေကို ကာကွယ်ဖို့ သင်တန်း တက်ထားတာ၊
ကိုယ့်အတွက်ကိုယ် ကာကွယ်ပြီးပြေးနေရတာ၊ အချင်းချင်း ရှယ်တယ်တဲ့။ အမေတို့ ဘာလုပ်ပေးမလဲတဲ့”
ဟု တဂျီဂျီပူဆာသူ သမီးအကြောင်း ဒေါ်အေးနွယ်ပြောသည်။




စစ်သားလာတိုင်း ရွာလုံးကျွတ်ထွက်ပြေးနေရသည့်အဖြစ်ကို မပပခိုင်တို့ ညီအစ်မတွေ စိတ်ကုန်လာ သည်။
ရွာဘက်ရောက်လာတတ်သည့် သင်တန်းဆရာကို တိုက်ပွဲတွင် လက်တွေ့ပါဝင်လို ကြောင်းပြောသည်။
“သူတို့အိမ်ကိုသွားရင် သူတိုက်ပွဲ တိုက်ချင်တယ်ပေါ့။ တိုက်ပွဲရှိရင်ခေါ်ပေါ့။ သူတို့ကလည်း သေနတ်
အစစ်ပဲကိုင်ချင်ကြတာ။ သူတို့ကိုယ်တိုင်လည်း ရှေ့ကနေ တိုက်ချင်ကြတာ” ဟု မပပခိုင်တို့အကြောင်း သင်တန်းဆရာက ပြောသည်။
လက်နက်အင်အား မပြည့်စုံသည့်အပြင် အသက်အရွယ် ငယ်ရွယ်လွန်းသည့် မိန်းကလေးများဖြစ်သ ဖြင့် ရှေ့တန်းကိုတော့ မခေါ်ဖြစ်ပေ။
သေနတ်ကိုင်မည့်အစား ဒဏ်ရာရရဲဘော်များကို စောင့်ရှောက်နိုင်ရန် အပ်ကိုင်သင့်ကြောင်း၊
ဒဏ်ရာရ သူများကို ကူညီခြင်းသည် ရှေ့တန်းမှရဲဘော်များနည်းတူ တော်လှန်နေခြင်းဖြစ်ကြောင်း
သင်တန်းဆရာ က နားချသည်ဟု ဒေါ်အေးနွယ်က ပြောသည်။
ဆေးသင်တန်းသို့
ဇွန်လကုန်ပိုင်းရောက်လာသည်။ အရာတော်မြို့နယ်ဘက်တွင် ဆေးသင်တန်းရှိသည်ဟု ကြားရသည်။
ပပခိုင်တို့ ညီအစ်မသွားတက်လိုသည်။ နယ်ခြားမြေဝေးဖြစ်သဖြင့် မိဘများက စိတ်မပါပေ။ သားအမိ ချင်းတွေ စကားများကြသည်။
သမီးများက ထပ်တလဲလဲပြောသည်။ အမေတွေကလည်း တားသည်။ သင်တန်းသွားဖို့ ရက်နီးကပ်လာ သည်။ .
အဖြေကားမထွက်။ သားအမိတွေ တစ်ယောက်ကိုတစ်ယောက် စကားမပြောကြတော့။ မအေ ကလည်း မျက်နှာထားတင်းကာ မသိယောင်ဆောင်နေသည်။ သမီးဖြစ်သူကလည်း အိမ်ထဲဝင်ကာ အသံတိတ်ဆန္ဒပြသည်။
ပြင်းပြလွန်းသော သမီးဖြစ်သူ၏ဆန္ဒကို ဒေါ်အေးနွယ် လိုက်လျောဖြစ်သည်။ ထို့နေ့သည် ဇွန်လ
၂၉ ရက်နေ့ဖြစ်သည်။ သမီးဖြစ်သူကို သင်တန်းတက်ခွင့်ပြုကြောင်း သွားရမည့်နေ့မှ အနီးကပ်ပြောခြင်း
ဖြစ်သည်။ နံနက် ၁၀ နာရီတွင် စုရပ်ကို အရောက်သွားရမည်ဖြစ်သည်။
“ညည်းဘာလုပ်နေတာလဲ၊ (ကျောပိုးအိတ်ထဲ) ထည့်စရာရှိတာ မထည့်ဘူးလားဆိုမှ ပျော်သွားတာ”
ဟု ဆေးသင်တန်းတက်ခွင့်ပြုသည့်နေ့က အကြောင်း ဒေါ်အေးနွယ် ပြန်ပြောသည်။




စုရပ်ကို ဒေါ်အေးနွယ်ကိုယ်တိုင် လိုက်ပို့သည်။ ရွာအပြင်လမ်းဆုံတွင်ဖြစ်သည်။ ဆေးသင်တန်းသွား
တက်မည့်သူများ အရံသင့်စောင့်နေကြသည်။ အမျိုးသားငါးယောက်၊ အမျိုးသမီးလေးယောက် ဖြစ်သည်။
မဝင်းအိကျော်၏ အမေသည်လည်း သမီးဖြစ်သူကို ကိုယ်တိုင်လိုက်ပို့ဖြစ်သည်။
“သူက အစ်မကိုဘာမှကို နှုတ်ဆက်မသွားဘူး။ ဘာမှကိုပြောမသွားဘူးတော်။ အစ်မကတော့လေ၊
သူ့ကျောပိုးအိပ်လေးကိုင်လို့ သူ့ဖုန်းအိတ်လေးကိုင်လို့။ လာခေါ်တဲ့ ဆိုင်ကယ်နောက်ကနေ လိုက်သွားတာ”
ဆေးသင်တန်းတက်ရန် သမီးဖြစ်သူထွက်သွားသည့်နေ့ကအကြောင်း မဝင်းအိကျော်၏ အမေ့က အသံဆွဲ
ပြောခြင်းဖြစ်သည်။ ပြောနေရင်း သူ့အသံက တချက်တချက်တိမ်ဝင်သွားသည်။ ဆို့နစ်ကြေကွဲနေခြင်း ဖြစ်သည်။
ထိုနေ့ သည် သူ့သမီးကို နောက်ဆုံးတွေ့လိုက်ရခြင်းဖြစ်သည်။
“အမေ သမီးသွားတော့မယ်လို့ တစ်ခွန်း နှုတ်မဆက်ဘူး။ အစ်မကတော့ နေပူကြီးထဲရပ်ပြီး သူတို့ဆိုင် ကယ်ကို မျက်စိတစ်ဆုံး ကြည့်ပြီနေခဲ့ရတာ”
မြီးကောင်ပေါက်အရွယ် သမီးငယ်လေးများ ထာဝရခွဲခွာသွားခြင်းဖြစ်သည်ကို ကြိုတင်မသိခဲ့ကြပေ။
နေပူကြဲတဲမှာ ရပ်နေရင်း သမီးအရိပ်ကို လိုက်ကြည့်နေမိသည်သာ။
သတင်းဆိုး ရောက်လာသောနေ့
မပပခိုင်တစ်ယောက် အဖော်အပေါင်းများနှင့်အတူ ဆေးသင်တန်းတက်ရန် ထွက်သွားပြီး
နောက်တစ် ရက်တွင် ဒေါ်အေးနွယ်ထံ သတင်းဆိုးရောက်လာသည်။ နေ့ခင်း ၂ နာရီအချိန်ခန့်ဖြစ်သည်။
ပပခိုင်အပါ အဝင် ဆေးသင်တန်းတက်ရန် သွားနေသူအားလုံး အဆက်အသွယ်ပြတ်သွားပြီဟု ဆိုသည်။
ဒေါ်အေးနွယ် ရင်ထိတ်သွားသည်။ သမီးဖြစ်သူကို ဖုန်းခေါ်ကြည့်သည်။ မရ။ အတူပါသွားသူများကို လည်း ဖုန်းခေါ်ကြည့်သည်။ လုံးဝ ဆက်မရတော့။
လမ်းတဝက်တွင် အဖမ်းခံရသည်ဟုလည်း သတင်းများကြားလာရသည်။ ရင်တွေပူလာသည်။
မဟုတ် ပါစေနဲ့ဟု ဆုတောင်းနေမိသော်လည်း အဖမ်းခံရသည်မှာ သေချာသလောက်ရှိသည်ကို
စိတ်ထဲက သိနေသည်။ ရာနှုန်းပြည့်က လက်မခံနိုင်သေးပေ။




ရွာမြောက်ပိုင်းရှိ ဘုရားကို အပြေးအလွှားသွားသည်။ နောက်ဆုံးအားကိုးရာဖြစ်သည်။ သပြေပန်းနှင့်
ရေချမ်းကပ်သည်။ ပါးစပ်မှလည်း တတွတ်တွတ်ဆုတောင်းသည်။
ထိုအချိန်တွင် သင်တန်းဆရာထံမှ ဖုန်းဝင်လာသည်။
“ကျွန်တော်တို့ ကလေးတွေ ဖမ်းခံလိုက်ရပြီ။ ကျွန်တော်တို့လိုက်နေတယ်။ ဘယ်လိုမှ အစအန
ရှာမတွေ့ ရသေးဘူး။ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးနှစ်ယောက်ကတော့ အဲနားမှာတင်
ပစ်သတ်ခံ လိုက်ရတယ်ကြားတယ်” ဟု ပြောကာ ဖုန်းချသွားသည်။
ဖုန်းချသွားသလား၊ ဖုန်းကျသွားသလား ဒေါ်အေးနွယ် သတိမထားမိလိုက်။ ထူပူနေသည်။ စိတ်ထဲမှာ
လောင်မြိုက်နေသည်။ နားထဲမှာကြားသလို မျက်လုံးထဲမှာ မြင်သလိုလို ဘာကိုမှ သဲသဲကွဲကွဲ မရှိတော့။
ဆွေးမျိုးသားချင်းများ ရောက်လာကြသည်။ စုရုံးအားပေးကြသည်။ အကြံပေးသူပေး၊ ဖေးမသူဖေးမ၊
သူ့ဟာနှင့်သူ အလုပ်များနေကြသည်။ ရွာထုံးစံ ဗေဒင်သွားမေးသူ၊ ယတြာချေသူလည်းလည်းရှိသည်။
နောက်တစ်ရက်တွင် သင်တန်းဆရာကိုယ်တိုင်လာသည်။ ရွာအဝင်ကတည်းက ရွာစောင့်ကြိုနေသူများ
ရင်တထိတ်ထိတ်ပင်။ အခြားအိမ်တစ်အိမ်တွင် အရင်ဝင်သွားသည်။ ငိုသံများ ဆူဆူညံညံထွက်လာ သည်။
ဒေါ်အေးနွယ် အပြေးအလွှားရောက်သွားချိန်တွင် သမီးဖြစ်သူ၏အလောင်းကို ရိုက်ထားသည့် ဓာတ်ပုံများ ဆီးကြိုနေသည်။
စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်များတွင် တွေ့ရသည့် ဓာတ်ပုံများဖြစ်သည်။ ဆေးသင်တန်းတက်မည့်
လူငယ်ကိုးဦးလုံး စစ်တပ်နှင့်တွေ့ကာ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်သည်။




အဖမ်းခံရပါက ယောက်ျားလေးအားလုံး သတ်ဖြတ်ခံရနိုင်သည်ကို တစ်ထစ်ချတွေးထားပြီးဖြစ်သည်။
မိန်းကလေးများကိုတော့ ငယ်လည်းငယ်လွန်းသည်မို့ မသတ်လောက်ပါဘူးဟု တွေးထင်ခဲ့မိသည်။ လွဲလေစ။
အလောင်းကိုပင် ပြန်မရပေ။ ပလိုင်းရွာမှာ သင်္ဂြိုလ်သလိုလို ရွှေဘိုကိုသယ်သွားပြီး မြှုပ်လိုက်သည်လို
လိုနှင့် အဆုံးသတ်သွားသည်။ လက်စလက်နပင် မကြားရတော့။
“တစ်ယောက်တည်းနေလေလေ ပိုဆွေးလာလေလေ။ ဒီစစ်အာဏာရှင်ကြီးကို ပိုပြီးတော့ မုန်းတီးလာ
လေလေ။ အသက်မပြည့်မပြည့်သေးတဲ့ ငါ့သမီးလေးကို ဘယ်လိုများ ရက်ရက်စက်စက် သတ်နိုင်ကြ
တာတုန်း၊ သတ်ရက်လိုက်တာဟယ်ဆိုတဲ့အတွေးကြီးက အမြဲတမ်းကို ဦးနှောက်ထဲဝင်နေတာ” ဟု မဝင်းအိကျော့်အမေ့က ရင်နာနာဖြင့်ပြောသည်။
လင်သားမရှိ သားနှင့်သမီးသာရှိသော ဒေါ်အေးနွယ်တစ်ယောက်အတွက်မူ မည်သို့မျှ ဖြေမဆည်နိုင်။
သွားလည်းဒီစိတ်၊ စားလည်းဒီစိတ်၊ အချိန်ပြည့် သမီးလေးဆီကိုသာ စိတ်ရောက်နေသည်။ သမီးကျရင်
အမေဆက်တိုက်မယ်၊ အမေကျရင် သမီးဆက်တိုက်မယ်ဆိုသည့် သားအမိနှစ်ဦးကြား ကတိစကားကိုသာ ကြားယောင်နေသည်။
“ကျွန်မကတော့ ဆက်လုပ်မယ်။ လက်နက်ကိုင်ပြီး ရှေ့တက်ရမယ်ဆိုလည်း လိုအပ်ရင်လုပ်မှာပဲ” ဟု ဒေါ်အေးနွယ်က ပြောလိုက်သည်။
crd




Zawgyi
READ NEXT
ျမင္းမူလက္ရွိအေျခအေန ကေတာ့ စိတ္မေကာင္းစရာပါ
“သမီးက်သြားေတာ့ အေမဆက္တိုက္မယ္”၊ စစ္ကိုင္းက ၁၃ ႏွစ္သမီး၏မိခင္
စစ္ကိုင္းက ၁၃ ႏွစ္သမီး၏မိခင္
မိသားစုလိုက္ PDF စစ္သင္တန္းတက္ခဲ့ေသာ၊ ေသနတ္အစစ္ကိုင္ၿပီး ေရွ႕တန္းထြက္လိုေသာ
၁၃ ႏွစ္သမီးကို ေပးထားသည့္ ကတိအတိုင္း မိခင္ျဖစ္သူက ေတာ္လွန္ေရးတြင္ ဆက္လက္ ပါဝင္ေနသည္။
“ကြၽန္မ မေလွ်ာ့ပါဘူး။ သမီးကို ကတိေပးထားသလို တတ္ႏိုင္သေလာက္ ဆက္လုပ္သြားမွာပါ”ဆိုေသာ အသံတြင္ နာၾကည္းမႈပါသည္။ အာဏာသိမ္းစစ္တပ္က အျပင္းထန္ဆုံး ဖိႏွိပ္ေနသည့္




ျမန္မာႏိုင္ငံအေနာက္ေျမာက္ပိုင္း စစ္ကိုင္းတိုင္းအတြင္းရွိ ဝက္လက္ၿမိဳ႕နယ္မွ အမ်ိဳးသမီးတစ္ဦး ေျပာလိုက္ျခင္းပင္။
ရင္ႏွစ္သည္းခ်ာ သမီးငယ္ကို ဆုံးရႈံးလိုက္ရသည့္ ရင္ကြဲပက္လက္အျဖစ္ကို လြယ္လြယ္ကူကူ ေမ့ေဖ်ာက္ႏိုင္မည္ မဟုတ္ေပ။
“ဘယ္ေတာ့မွလည္း ေမ့မွာမဟုတ္ဘူး။ ကမာၻလည္းမေက်ဘူး၊ ဥဒါန္းလည္း မေက်ဘူး” ဟု ထိုအမ်ိဳးသမီးက ထပ္ဆင့္တိုင္တည္သည္။
ေဒၚေအးႏြယ္* ဆိုေသာ ထိုအမ်ိဳးသမီးမွာ အသက္ ၄၁ ႏွစ္ အ႐ြယ္သာ ရွိေသးသည္။ ၁၂ ႏွစ္
အ႐ြယ္ သားတစ္ဦးႏွင့္ ၁၃ ႏွစ္အ႐ြယ္ သမီးတစ္ဦးရွိသည္။ အမ်ိဳးသားျဖစ္သူႏွင့္ လြန္ခဲ့ေသာေျခာက္ႏွစ္က ကြဲကြာခဲ့သည္။
လင္သားမရွိသျဖင့္ အ႐ြယ္မေရာက္ေသးသည့္ သားႏွင့္ သမီးငယ္ကို ေဒၚေအးႏြယ္တစ္ဦးတည္း
ရွာေဖြ ေကြၽးေမြးရသည္။ လယ္ပိုင္ယာပိုင္ မရွိသူျဖစ္ရာ ေဒၚေအးႏြယ္တစ္ေယာက္ ေကာက္စိုက္၊
ေပါင္းသင္၊ ပဲဆြတ္ ႀကဳံရာက်ပန္း အလုပ္မ်ိဳးစုံလုပ္သည္။ မခ်မ္းသာေသာ္လည္း သားအမိသုံးဦးသား အဆင္ေျပေျပေနထိုင္ႏိုင္သည္။
ေဒၚေအးႏြယ္တို႔႐ြာေလးမွာ သာယာေအးခ်မ္းသည္ဟု ဆိုႏိုင္သည္။ ဧရာဝတီျမစ္ကမ္းနဖူးကို
ေမးတင္ထားသည္။ ႐ြာပတ္လည္တြင္ စိမ္းစိုစို စိုက္ခင္းမ်ား အခါရာသီအလိုက္ရွိသည္။ ႐ြာအတြင္း
အိမ္တိုင္းနီးပါး၌ မန္က်ည္းပင္ႏွင့္ သရက္ပင္မ်ား ေနရာယူထားသည္။ စိုက္ပ်ိဳးေရးထြန္းကားရာ
ေ႐ႊဘိုလြင္ျပင္မွ ႐ြာေလးတစ္႐ြာျဖစ္သည္ႏွင့္အညီ စားဝတ္ေနေရးေခ်ာင္လည္သူမ်ားသည္။
အိမ္ေထာင္ကြဲျဖစ္ေသာ္လည္း ခ်စ္စရာ သားငယ္သမီးငယ္တို႔ႏွင့္ ေဒၚေအးႏြယ္ဘဝ သာေတာင့္သာယာရွိသည္။ အ႐ြယ္ေရာက္စျပဳလာေသာ သားသမီးရတနာေလးႏွစ္ဦးႏွင့္ ဘဝကို ေက်နပ္ၿပီးျဖစ္သည္။




သို႔ေသာ္ လြန္ခဲ့ေသာ တစ္ႏွစ္ေက်ာ္အထိသာျဖစ္သည္။ စစ္တပ္က တိုင္းျပည္အာဏာသိမ္းယူလိုက္ခ်ိန္တြင္
အေျခအေနအားလုံး ကေျပာင္းကျပန္ျဖစ္သည္။ ေခတ္ကာလဆိုးႀကီးကို ေဒၚေအးႏြယ္တို႔ သားအမိသုံးဦးသား မျဖစ္မေန ျဖတ္သန္းရေတာ့သည္။
အာဏာသိမ္းစစ္တပ္က ႏိုင္ငံအႏွံ႔ရွိ ခုခံေတာ္လွန္သူမ်ားကို လိုက္လံႏွိမ္နင္းရင္း ေက်း႐ြာမ်ားကို
မီးရႈိ႕သည္။ ႐ြာသူ႐ြာသားမ်ားကို ဖမ္းဆီးသတ္ျဖတ္သည္။ စစ္ကိုင္းတိုင္းတြင္ အဆိုးဆုံးျဖစ္သည္။
အႀကိမ္ႀကိမ္ေခ်မႈန္းခံရေသာ ဝက္လက္နယ္
ခုခံေတာ္လွန္မႈ ျပင္းထန္ေသာ စစ္ကိုင္းတိုင္းကို စစ္တပ္က အၿငိဳးႀကီးသည္။ ယေန႔အခ်ိန္ထိ
လေပါင္းမ်ား စြာ ႏွိမ္နင္းသည္။ ေ႐ႊဘိုနယ္ရွိ ဝက္လက္မွာ အဆုံး႐ြားဆုံး ႏွိမ္နင္းခံရသည္ ၿမိဳ႕နယ္တစ္ခုျဖစ္သည္။
ႏိုင္ငံအႏွံ႔တြင္ ေပၚေပါက္ခဲ့ေသာ အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပပြဲမ်ားနည္းတူ ဝက္လက္ေဒသခံမ်ားလည္း
အျပင္းအထန္ ဆႏၵျပသည္။ စစ္တပ္ကလည္း ပစ္သတ္သည္အထိ ၿဖိဳခြင္းခဲ့သည္။ ထို႔ေနာက္တြင္
စစ္ကိုင္းတိုင္းအတြင္း လက္နက္ကိုင္ ခုခံေတာ္လွန္မႈမ်ား ေပၚေပါက္လာသည္။
ဝက္လက္နယ္တြင္လည္း ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ား (PDF)၊ ေျပာက္က်ားအဖြဲ႕မ်ား
ေပၚထြက္လာသည္။ စစ္ေကာင္စီစစ္ေၾကာင္းမ်ားကို လက္လုပ္မိုင္းျဖင့္ ေစာင့္ႀကိဳတိုက္ခိုက္သည္။
စစ္တပ္ကလည္း အင္အားအလုံးအရင္းျဖင့္ ႏွိမ္နင္းသည္။ ေလေၾကာင္းျဖင့္ပါ တိုက္သည္။
ဧရာဝတီျမစ္ ႏွင့္ မူးျမစ္ၾကားရွိ ဝက္လက္ၿမိဳ႕နယ္ကို စစ္တပ္က ေရေၾကာင္းျဖင့္ပါ စစ္ေၾကာင္းထိုးသည္။
စစ္ေကာင္စီက အႀကိမ္ႀကိမ္စစ္ေၾကာင္းထိုးရင္း ေဒသခံ ကာကြယ္ေရးအဖြဲ႕မ်ားႏွင့္ တိုက္ပြဲမ်ားလည္း
ျဖစ္ပြားသည္။ အေရအတြက္ အတိအက် မသိရေသာ္လည္း ေဒသခံႏွင့္ PDF အဖြဲ႕ဝင္ အမ်ားအျပား ေသဆုံးခဲ့ရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လဆန္းပိုင္းက တိုက္ပြဲတြင္ ဝက္လက္ၿမိဳ႕နယ္ ကာကြယ္ေရးအဖြဲ႕ဝင္ ၉ ဦးႏွင့္ အရပ္သား
ႏွစ္ဦး ေသဆုံးခဲ့သည္။ ဆယ္ဂဏန္းအထက္ က်ဆုံးသည့္ တိုက္ပြဲမ်ားရွိသည္ဟုလည္း သိရသည္။
စစ္တပ္က စစ္ေၾကာင္းထိုးရင္း ႐ြာမ်ားကို မီးရႈိ႕ဖ်က္ဆီးသည္။ ဝက္လက္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီ
လက္ခ်က္ျဖင့္ မီးေလာင္ျပာက်ရသည့္ ေနအိမ္ေပါင္း ၁၄၄၈ လုံးရွိေၾကာင္း ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရး အဖြဲ႕၏ စာရင္းမ်ားအရ သိရသည္။




စစ္ေကာင္စီ၏ ဖိႏွိပ္မႈမ်ားက ေဒသလူထုကို ပို၍ေဒါကထြက္ေစ၊ နာက်ည္းေစသည္။ လက္နက္ကိုင္
ခုခံ ေတာ္လွန္ေရးလမ္းေၾကာင္းကို မလႊဲမေရွာင္သာ ေ႐ြးခ်ယ္ၾကေတာ့သည္။
“စစ္သင္တန္း စစ္သင္တန္း”
႐ြာကိုမီးရႈိ႕သည္၊ ဖမ္းမိေသာသူကိုသတ္သည္ဆိုေသာ အာဏာသိမ္းစစ္တပ္၏ လုပ္ရပ္ကို ေဒသခံ
ေတာသူေတာင္သားမ်ား နာက်ည္းသည္။ ရရာလက္နက္ျဖင့္ ခုခံေတာ္လွန္ရန္ စိတ္ပိုင္းျဖတ္ၾကသည္။
မလႊဲမေရွာင္သာ စစ္ျပင္ ၾကသည္။ အနယ္နယ္အရပ္ရပ္တြင္ လူငယ္မ်ားက ေရွ႕ဆုံးတန္းမွျဖစ္သည္။
ေဒသအလိုက္ PDF အဖြဲ႕မ်ားႏွင့္ ေျပာက္က်ားအဖြဲ႕မ်ားက ဆင့္ပြားဆင့္ပြား စစ္သင္တန္းေပးၾကသည္။
စစ္အာဏာရွင္ကို လက္နက္ကိုင္ေတာ္လွန္လိုေသာ လူငယ္မ်ားတြင္ ေယာက်္ားေလးမ်ားသာမက မိန္း ကေလးမ်ားလည္းပါသည္။
ေဒၚေအးႏြယ္တို႔ သားအမိသုံးဦးသား ေနထိုင္ရာ ဝက္လက္ၿမိဳ႕နယ္အေရွ႕ျခမ္းရွိ ႐ြာမ်ားတြင္လည္း ထိုအတိုင္းပင္ျဖစ္သည္။
သမီးငယ္ မပပခိုင္က စစ္သင္တန္းတက္ခ်င္သည္။ အသက္ ၁၃ ႏွစ္သာရွိ ေသးေသာ္လည္း
အရပ္ ငါး ေပေက်ာ္မွ် ထြားက်ိဳင္းေနေသာ အညာသူ ပပခိုင္တစ္ေယာက္ မျဖစ္မေန
စစ္သင္တန္းတက္လိုသည္။ အေမျဖစ္သူ ေဒၚေအးႏြယ္ကို ပူဆာသည္။
စစ္သင္တန္းတက္ေရး ပပခိုင္တြင္ အေဖာ္ရွိၿပီးျဖစ္သည္။ အိမ္နီးခ်င္း မဝင္းအိေက်ာ္ပင္။ ၿခံခ်င္းကပ္
လ်က္ ႏွစ္အိမ့္တစ္အိမ္ ကူးခ်ည္သန္းခ်ည္ သူငယ္ခ်င္းမ်ားလည္းျဖစ္သည္။ အသက္ ၁၄ ႏွစ္႐ြယ္သာ
ရွိေသးသည့္ မဝင္းအိေက်ာ္သည္ ပပခိုင္၏ ဝမ္းကြဲအစ္မလည္းျဖစ္သည္။ အေၾကာင္းမူ ဝင္းအိေက်ာ္
၏အေဖႏွင့္ ပပခိုင္အေမမွာ ေမာင္ႏွမဝမ္းကြဲ ေတာ္စပ္ေသာေၾကာင့္ျဖစ္သည္။
ကိုဗစ္ကပ္ေရာဂါႏွင့္ စစ္အာဏာသိမ္းမႈေၾကာင့္ ေလးတန္းေအာင္ဘဝျဖင့္ ပညာေရးတစ္ခန္းရပ္ခဲ့ရသူ
ပပခိုင္တို႔ ညီအစ္မႏွစ္ေယာက္ စစ္အာဏာရွင္ေတာ္လွန္ေရးအတြက္ စစ္သင္တန္းကို တက္လိုသည္။
စစ္တပ္က ႐ြာစဥ္လွည့္မီးရႈိ႕သည့္ သတင္းၾကားရတိုင္း အေမျဖစ္သူ ေဒၚေအးႏြယ္ကို တစ္မ်ိဳးမဟုတ္ တစ္မ်ိဳးေျပာကာ ပူဆာသည္။
“ျပည္သူတစ္ေယာက္အေနနဲ႔ ေနရတာ ရွက္တယ္တဲ့။ သူတို႔တတ္ႏိုင္တဲ့အလုပ္ေတြ လုပ္ခ်င္တယ္သတဲ့”
ဟု စစ္သင္တန္းတက္လိုသူ သမီးအေၾကာင္း ေဒၚေအးႏြယ္က ဆိုသည္။
နားခ်မရသည့္အဆုံး ေဒၚေအးႏြယ္ ခြင့္ျပဳရေတာ့သည္။ ငယ္ငယ္႐ြယ္႐ြယ္ သမီးကို စိတ္မခ်သည္ႏွင့္
ေဒၚေအးႏြယ္တစ္ေယာက္ ေယာင္းမျဖစ္သူကို အပါေခၚကာ ပပခိုင္တို႔ညီအစ္မႏွစ္ဦးကို သူကိုယ္တိုင္ စစ္သင္တန္းလိုက္ပို႔သည္။




သင္တန္းေရာက္ေတာ့ သမီးမိန္းကေလး ႏွစ္ေယာက္တည္း ထားခဲ့ရန္ စိတ္မခ်ႏိုင္။ ေဒၚေအးႏြယ္
အႀကံ ထုတ္သည္။ စစ္သင္တန္းတြင္ ထမင္းခ်က္လုပ္ရန္ျဖစ္သည္။ တာဝန္ရွိသူမ်ားကို ခြင့္ေတာင္းသည္။
စစ္ သင္တန္းတြင္ ခ်က္ျပဳတ္ေရးကိုလည္း အမ်ိဳးသားမ်ားပင္ တာဝန္ယူသည္ျဖစ္ရာ ေဒၚေအးႏြယ္ အႀကံ အိုက္လာသည္။
သမီးငယ္ႏွင့္ တူမျဖစ္သူလည္း မထားခဲ့ႏိုင္သျဖင့္ သူကိုယ္တိုင္ စစ္သင္တန္း ဝင္တက္သည္။
သင္တန္း သား ၅၀ ေက်ာ္တြင္ မိန္းမသားဟူ၍ သူတို႔တူဝရီး သားအမိတေတြ အပါအဝင္ ငါးဦးသာရွိသည္။
“ေတာနက္လည္းျဖစ္တဲ့အတြက္ ဒီလိုသင္တန္းလည္း တက္ထားမွျဖစ္မယ္ေပါ့။ ကေလးေတြနဲ႔အတူ
တူေပါ့။ ေနာက္ပိုင္း အသက္အ႐ြယ္အရ လုပ္ႏိုင္တာ မလုပ္ႏိုင္တာ အသာထား” ဟု
စစ္သင္တန္း တက္ျဖစ္ပုံအေၾကာင္း ေဒၚေအးႏြယ္ေျပာသည္။
သစ္သားေသနတ္ကိုင္ ၁၅ ရက္သင္တန္း
စစ္သင္တန္းမွာ ႐ြာမွေလးမိုင္အကြာတြင္ျဖစ္သည္။ GZ Special Task Force ဆိုေသာအဖြဲ႕က
ဦးစီးလုပ္ ေဆာင္ျခင္းျဖစ္သည္။ စစ္အာဏာရွင္ေတာ္လွန္ေရးတြင္ ေရွ႕တန္းမွ ဦးေဆာင္သူလူငယ္မ်ားက
အနယ္နယ္အရပ္ရပ္တြင္ Generation Z ဆိုေသာအဖြဲ႕မ်ားဖြဲ႕ၾကသည္။
စစ္သင္တန္းတက္ရသျဖင့္ ပပခိုင္တို႔ ညီအစ္မေတြ ေပ်ာ္ေနၾကသည္။ နံနက္ေစာေစာ ခရာသံတုတ္ခ်ိန္
သူတို႔ညီအစ္မ အဆင္သင့္ျဖစ္ေနသည္။ သင္တန္းတြင္ အ႐ြယ္ႏွင့္မလိုက္ေအာင္ လိုက္ႏိုင္ၾကသည္ဟု သင္တန္းဆရာကပင္ ခ်ီးက်ဴးသည္။
“လူတိုင္းက သူတို႔အရမ္းငယ္ေသးေတာ့ မလုပ္ႏိုင္ေလာက္ဘူးလို႔ ေတြးတာေပါ့။ ဒါေပမဲ့ ျမင္တာနဲ႔ လုပ္
ႏိုင္တာ တျခားစီျဖစ္ေနတာ” ဟု မပပႏိုင္ႏွင့္ မဝင္းအိေက်ာ္၏ သင္တန္းဆရာက မွတ္ခ်က္ျပဳသည္။
စစ္သင္တန္းဆိုေသာ္လည္း အေထြအထူးေတာ့ မဟုတ္ေပ။ ေတာထဲတြင္ ျဖစ္သလို သင္ၾကားရျခင္းပင္။
သင္တန္းခ်ိန္ကေတာ့ တစ္ေန႔လုံးပင္။ မနက္ပိုင္းတြင္ အေျပးေလ့က်င့္ခန္းႏွင့္ ကိုယ္ကာယေလ့က်င့္ခန္း ျဖစ္သည္။
မြန္းလြဲပိုင္းမွ ညေနအထိ အေျခခံစစ္ပညာျဖစ္သည္။ အပစ္အခတ္၊ အဖြဲ႕လိုက္ ခ်ီတက္ျခင္း၊ ကင္း
ေထာက္ျခင္း၊ က်ည္ကြယ္မ်က္ကြယ္ႏွင့္ မေတာ္တဆ ဒဏ္ရာရပါက မည္သို႔လုပ္ေဆာင္ရမည္ကိုလည္း သ႐ုပ္ျပေလ့က်င့္ရသည္။
သင္တန္းခ်ိန္မွာ နံနက္ ၅ နာရီမွ ညေန ၆ နာရီအထိျဖစ္သည္။ ထမင္းစားခ်ိန္၊ နားခ်ိန္မွအပ တရစပ္ေလ့
က်င့္ရၿပီး ညပိုင္းတြင္လည္း စစ္ေရးႏွင့္ပတ္သက္၍ စာသင္ရသည္ဟု ဆိုသည္။




အေျခခံျဖစ္ေသာ္လည္း ပင္ပန္းမႈဒဏ္ေၾကာင့္ ေပ်ာ့ေခြသူမ်ား၊ လဲက်သူမ်ားလည္း ရွိသည္။ မပပခိုင္ႏွင့္ မ
ဝင္းအိေက်ာ္တို႔ ညီအစ္မကေတာ့ တခ်က္မွ် မညည္းေပ။ အေမျဖစ္သူ အသက္ေလးဆယ္စြန္းစြန္း အ႐ြယ္ ေဒၚေအးႏြယ္ေတာ့ ညည္းညဴမိသည္။
“ကြၽန္မတစ္ေယာက္ပဲ ပထမတစ္ရက္မွာ ျပန္မယ္ ျပန္မယ္၊ ဒီအလုပ္မလုပ္ႏိုင္ဘူး။ ဒီအစားေတြလည္း
မစားႏိုင္ဘူးဆိုေတာ့ သမီးက အေမက ဘာပုေနတာတုန္းဆိုေတာ့ ကဲပါဆိုၿပီး လုပ္ရင္းလုပ္ရင္းနဲ႔
အပတ္စဥ္ၿပီးသြားတာ” ဟု ေဒၚေအးႏြယ္က စစ္သင္တန္းအေၾကာင္း ျပန္ေျပာျပသည္။
သမီးျဖစ္သူ ပပခိုင္၏ စစ္သင္တန္းအေပၚ စိတ္ေရာက္ပုံကို ေဒၚေအးႏြယ္ကလည္း
“အမယ္ေလး ပင္ ပန္းတယ္လို႔ တစ္ခြန္းမွမေျပာဘူး ငါ့ေမာင္ေရ” ဟု ေျပာသည္။
၁၆ ရက္ေျမာက္ေန႔တြင္ စစ္သင္တန္းဆင္ရသည္။ ယူနီေဖာင္းႏွင့္ စစ္ခ်ီေတး ေအာ္ေနေသာ
သမီးျဖစ္သူ ကို ေဒၚေအးႏြယ္ မ်က္ေတာင္မခတ္ၾကည့္ေနမိသည္။
ေခတ္မီ လက္နက္ကိရိယာမ်ားအျပင္ လူသူလက္နက္အင္အား သာလြန္သည့္ စစ္တပ္ကို ခုခံေတာ္လွန္
ေရး အားတက္ေနမိသည္။ မိန္းမသားမ်ားပင္ ျဖစ္လင့္ကစား အေျခခံစစ္ပညာ သင္ၿပီးၿပီဟု မွတ္ယူမိ သည္။
ရက္စက္ၾကမ္းၾကဳတ္လွေသာ အာဏာသိမ္းစစ္တပ္ကို ရင္ဆိုင္ရန္သာရွိေတာ့သည္။
စစ္သင္တန္းဆိုေသာ္လည္း ရပ္႐ြာအလိုက္ျဖစ္သလို ဖန္တီးရသည္ျဖစ္ရာ ေသနတ္အစစ္ မပါေပ။
သစ္ သားတုတ္ကို ေသနတ္အမွတ္ျဖင့္ ၁၅ ရက္လုံးလုံး ေလ့က်င့္ရျခင္းျဖစ္သည္။ သင္တန္းဆင္းပြဲေန႔တြင္
ေတာ့ ေသနတ္အစစ္ျမင္ရသည္။ တစ္ေယာက္တစ္လွည့္ ပစ္ၾကည့္ခြင့္ရသည္။ က်ည္ဆန္တစ္ေတာင့္စီ သာျဖစ္သည္။
စစ္တပ္လာတိုင္း ေျပးမေနခ်င္ေတာ့
စစ္သင္တန္းၿပီးေသာ္လည္း မပပခိုင္တို႔ ညီအစ္မ စစ္မတိုက္ရ၊ တိုက္ပြဲမဝင္ရေပ။ သင္တန္းၿပီးသည္ႏွင့္
႐ြာျပန္ရသည္။ အာဏာသိမ္းစစ္တပ္ကလည္း ဝက္လက္ၿမိဳ႕နယ္အေရွ႕ျခမ္း ႐ြာမ်ားကို စစ္ေၾကာင္းထိုး
ေနခ်ိန္ျဖစ္သည္။ ေဒသခံ ကာကြယ္ေရးအဖြဲ႕မ်ားႏွင့္ တိုက္ပြဲျဖစ္သည္လည္းရွိသည္။




႐ြာျပန္ေရာက္ေသာ္လည္း မပပခိုင္တို႔ ေအးေအးေဆးေဆး မေနရေပ။ စစ္ေကာင္စီက မၾကာခဏ စစ္
ေၾကာင္းထိုးလာသျဖင့္ ေျပးရလႊားရသည္။ စစ္သင္တန္းတက္ၿပီး ေျပးလႊားပုန္းေအာင္ေနရသည္ကို လူ ငယ္ပီပီ မပပခိုင္ ရွက္မိသည္။
တစ္ခုခုကို လုပ္ခ်င္သည္။ အသက္ဆုံးရႈံးႏိုင္ေသာ တိုက္ပြဲျဖစ္ေစဦးေတာ့ နဖူးေတြ႕ဒူးေတြ႕ ႀကဳံခ်င္ သည္။
ေအးေအးမေနႏိုင္။ အေမျဖစ္သူကို တစ္မ်ိဳးမဟုတ္ တစ္မ်ိဳးပူဆာျပန္သည္။
“သင္တန္းတက္ထားၿပီး ဒီလိုေျပးေနရတာ အရမ္းရွက္တာပဲ။ သူမ်ားေတြကို ကာကြယ္ဖို႔ သင္တန္း တက္ထားတာ၊
ကိုယ့္အတြက္ကိုယ္ ကာကြယ္ၿပီးေျပးေနရတာ၊ အခ်င္းခ်င္း ရွယ္တယ္တဲ့။ အေမတို႔ ဘာလုပ္ေပးမလဲတဲ့”
ဟု တဂ်ီဂ်ီပူဆာသူ သမီးအေၾကာင္း ေဒၚေအးႏြယ္ေျပာသည္။
စစ္သားလာတိုင္း ႐ြာလုံးကြၽတ္ထြက္ေျပးေနရသည့္အျဖစ္ကို မပပခိုင္တို႔ ညီအစ္မေတြ စိတ္ကုန္လာ သည္။
႐ြာဘက္ေရာက္လာတတ္သည့္ သင္တန္းဆရာကို တိုက္ပြဲတြင္ လက္ေတြ႕ပါဝင္လို ေၾကာင္းေျပာသည္။
“သူတို႔အိမ္ကိုသြားရင္ သူတိုက္ပြဲ တိုက္ခ်င္တယ္ေပါ့။ တိုက္ပြဲရွိရင္ေခၚေပါ့။ သူတို႔ကလည္း ေသနတ္
အစစ္ပဲကိုင္ခ်င္ၾကတာ။ သူတို႔ကိုယ္တိုင္လည္း ေရွ႕ကေန တိုက္ခ်င္ၾကတာ” ဟု မပပခိုင္တို႔အေၾကာင္း သင္တန္းဆရာက ေျပာသည္။
လက္နက္အင္အား မျပည့္စုံသည့္အျပင္ အသက္အ႐ြယ္ ငယ္႐ြယ္လြန္းသည့္ မိန္းကေလးမ်ားျဖစ္သ ျဖင့္ ေရွ႕တန္းကိုေတာ့ မေခၚျဖစ္ေပ။
ေသနတ္ကိုင္မည့္အစား ဒဏ္ရာရရဲေဘာ္မ်ားကို ေစာင့္ေရွာက္ႏိုင္ရန္ အပ္ကိုင္သင့္ေၾကာင္း၊
ဒဏ္ရာရ သူမ်ားကို ကူညီျခင္းသည္ ေရွ႕တန္းမွရဲေဘာ္မ်ားနည္းတူ ေတာ္လွန္ေနျခင္းျဖစ္ေၾကာင္း
သင္တန္းဆရာ က နားခ်သည္ဟု ေဒၚေအးႏြယ္က ေျပာသည္။
ေဆးသင္တန္းသို႔
ဇြန္လကုန္ပိုင္းေရာက္လာသည္။ အရာေတာ္ၿမိဳ႕နယ္ဘက္တြင္ ေဆးသင္တန္းရွိသည္ဟု ၾကားရသည္။
ပပခိုင္တို႔ ညီအစ္မသြားတက္လိုသည္။ နယ္ျခားေျမေဝးျဖစ္သျဖင့္ မိဘမ်ားက စိတ္မပါေပ။ သားအမိ ခ်င္းေတြ စကားမ်ားၾကသည္။
သမီးမ်ားက ထပ္တလဲလဲေျပာသည္။ အေမေတြကလည္း တားသည္။ သင္တန္းသြားဖို႔ ရက္နီးကပ္လာ သည္။ .
အေျဖကားမထြက္။ သားအမိေတြ တစ္ေယာက္ကိုတစ္ေယာက္ စကားမေျပာၾကေတာ့။ မေအ ကလည္း မ်က္ႏွာထားတင္းကာ မသိေယာင္ေဆာင္ေနသည္။ သမီးျဖစ္သူကလည္း အိမ္ထဲဝင္ကာ အသံတိတ္ဆႏၵျပသည္။




ျပင္းျပလြန္းေသာ သမီးျဖစ္သူ၏ဆႏၵကို ေဒၚေအးႏြယ္ လိုက္ေလ်ာျဖစ္သည္။ ထို႔ေန႔သည္ ဇြန္လ
၂၉ ရက္ေန႔ျဖစ္သည္။ သမီးျဖစ္သူကို သင္တန္းတက္ခြင့္ျပဳေၾကာင္း သြားရမည့္ေန႔မွ အနီးကပ္ေျပာျခင္း
ျဖစ္သည္။ နံနက္ ၁၀ နာရီတြင္ စုရပ္ကို အေရာက္သြားရမည္ျဖစ္သည္။
“ညည္းဘာလုပ္ေနတာလဲ၊ (ေက်ာပိုးအိတ္ထဲ) ထည့္စရာရွိတာ မထည့္ဘူးလားဆိုမွ ေပ်ာ္သြားတာ”
ဟု ေဆးသင္တန္းတက္ခြင့္ျပဳသည့္ေန႔က အေၾကာင္း ေဒၚေအးႏြယ္ ျပန္ေျပာသည္။
စုရပ္ကို ေဒၚေအးႏြယ္ကိုယ္တိုင္ လိုက္ပို႔သည္။ ႐ြာအျပင္လမ္းဆုံတြင္ျဖစ္သည္။ ေဆးသင္တန္းသြား
တက္မည့္သူမ်ား အရံသင့္ေစာင့္ေနၾကသည္။ အမ်ိဳးသားငါးေယာက္၊ အမ်ိဳးသမီးေလးေယာက္ ျဖစ္သည္။
မဝင္းအိေက်ာ္၏ အေမသည္လည္း သမီးျဖစ္သူကို ကိုယ္တိုင္လိုက္ပို႔ျဖစ္သည္။
“သူက အစ္မကိုဘာမွကို ႏႈတ္ဆက္မသြားဘူး။ ဘာမွကိုေျပာမသြားဘူးေတာ္။ အစ္မကေတာ့ေလ၊
သူ႔ေက်ာပိုးအိပ္ေလးကိုင္လို႔ သူ႔ဖုန္းအိတ္ေလးကိုင္လို႔။ လာေခၚတဲ့ ဆိုင္ကယ္ေနာက္ကေန လိုက္သြားတာ”
ေဆးသင္တန္းတက္ရန္ သမီးျဖစ္သူထြက္သြားသည့္ေန႔ကအေၾကာင္း မဝင္းအိေက်ာ္၏ အေမ့က အသံဆြဲ
ေျပာျခင္းျဖစ္သည္။ ေျပာေနရင္း သူ႔အသံက တခ်က္တခ်က္တိမ္ဝင္သြားသည္။ ဆို႔နစ္ေၾကကြဲေနျခင္း ျဖစ္သည္။
ထိုေန႔ သည္ သူ႔သမီးကို ေနာက္ဆုံးေတြ႕လိုက္ရျခင္းျဖစ္သည္။




“အေမ သမီးသြားေတာ့မယ္လို႔ တစ္ခြန္း ႏႈတ္မဆက္ဘူး။ အစ္မကေတာ့ ေနပူႀကီးထဲရပ္ၿပီး သူတို႔ဆိုင္ ကယ္ကို မ်က္စိတစ္ဆုံး ၾကည့္ၿပီေနခဲ့ရတာ”
ၿမီးေကာင္ေပါက္အ႐ြယ္ သမီးငယ္ေလးမ်ား ထာဝရခြဲခြာသြားျခင္းျဖစ္သည္ကို ႀကိဳတင္မသိခဲ့ၾကေပ။
ေနပူႀကဲတဲမွာ ရပ္ေနရင္း သမီးအရိပ္ကို လိုက္ၾကည့္ေနမိသည္သာ။
သတင္းဆိုး ေရာက္လာေသာေန႔
မပပခိုင္တစ္ေယာက္ အေဖာ္အေပါင္းမ်ားႏွင့္အတူ ေဆးသင္တန္းတက္ရန္ ထြက္သြားၿပီး
ေနာက္တစ္ ရက္တြင္ ေဒၚေအးႏြယ္ထံ သတင္းဆိုးေရာက္လာသည္။ ေန႔ခင္း ၂ နာရီအခ်ိန္ခန္႔ျဖစ္သည္။
ပပခိုင္အပါ အဝင္ ေဆးသင္တန္းတက္ရန္ သြားေနသူအားလုံး အဆက္အသြယ္ျပတ္သြားၿပီဟု ဆိုသည္။
ေဒၚေအးႏြယ္ ရင္ထိတ္သြားသည္။ သမီးျဖစ္သူကို ဖုန္းေခၚၾကည့္သည္။ မရ။ အတူပါသြားသူမ်ားကို လည္း ဖုန္းေခၚၾကည့္သည္။ လုံးဝ ဆက္မရေတာ့။
လမ္းတဝက္တြင္ အဖမ္းခံရသည္ဟုလည္း သတင္းမ်ားၾကားလာရသည္။ ရင္ေတြပူလာသည္။
မဟုတ္ ပါေစနဲ႔ဟု ဆုေတာင္းေနမိေသာ္လည္း အဖမ္းခံရသည္မွာ ေသခ်ာသေလာက္ရွိသည္ကို
စိတ္ထဲက သိေနသည္။ ရာႏႈန္းျပည့္က လက္မခံႏိုင္ေသးေပ။
႐ြာေျမာက္ပိုင္းရွိ ဘုရားကို အေျပးအလႊားသြားသည္။ ေနာက္ဆုံးအားကိုးရာျဖစ္သည္။ သေျပပန္းႏွင့္
ေရခ်မ္းကပ္သည္။ ပါးစပ္မွလည္း တတြတ္တြတ္ဆုေတာင္းသည္။
ထိုအခ်ိန္တြင္ သင္တန္းဆရာထံမွ ဖုန္းဝင္လာသည္။
“ကြၽန္ေတာ္တို႔ ကေလးေတြ ဖမ္းခံလိုက္ရၿပီ။ ကြၽန္ေတာ္တို႔လိုက္ေနတယ္။ ဘယ္လိုမွ အစအန
ရွာမေတြ႕ ရေသးဘူး။ ေကာင္မေလးတစ္ေယာက္နဲ႔ ေကာင္ေလးႏွစ္ေယာက္ကေတာ့ အဲနားမွာတင္
ပစ္သတ္ခံ လိုက္ရတယ္ၾကားတယ္” ဟု ေျပာကာ ဖုန္းခ်သြားသည္။




ဖုန္းခ်သြားသလား၊ ဖုန္းက်သြားသလား ေဒၚေအးႏြယ္ သတိမထားမိလိုက္။ ထူပူေနသည္။ စိတ္ထဲမွာ
ေလာင္ၿမိဳက္ေနသည္။ နားထဲမွာၾကားသလို မ်က္လုံးထဲမွာ ျမင္သလိုလို ဘာကိုမွ သဲသဲကြဲကြဲ မရွိေတာ့။
ေဆြးမ်ိဳးသားခ်င္းမ်ား ေရာက္လာၾကသည္။ စု႐ုံးအားေပးၾကသည္။ အႀကံေပးသူေပး၊ ေဖးမသူေဖးမ၊
သူ႔ဟာႏွင့္သူ အလုပ္မ်ားေနၾကသည္။ ႐ြာထုံးစံ ေဗဒင္သြားေမးသူ၊ ယၾတာေခ်သူလည္းလည္းရွိသည္။
ေနာက္တစ္ရက္တြင္ သင္တန္းဆရာကိုယ္တိုင္လာသည္။ ႐ြာအဝင္ကတည္းက ႐ြာေစာင့္ႀကိဳေနသူမ်ား
ရင္တထိတ္ထိတ္ပင္။ အျခားအိမ္တစ္အိမ္တြင္ အရင္ဝင္သြားသည္။ ငိုသံမ်ား ဆူဆူညံညံထြက္လာ သည္။
ေဒၚေအးႏြယ္ အေျပးအလႊားေရာက္သြားခ်ိန္တြင္ သမီးျဖစ္သူ၏အေလာင္းကို ႐ိုက္ထားသည့္ ဓာတ္ပုံမ်ား ဆီးႀကိဳေနသည္။
စစ္ေကာင္စီဝါဒျဖန္႔ လူမႈကြန္ရက္မ်ားတြင္ ေတြ႕ရသည့္ ဓာတ္ပုံမ်ားျဖစ္သည္။ ေဆးသင္တန္းတက္မည့္
လူငယ္ကိုးဦးလုံး စစ္တပ္ႏွင့္ေတြ႕ကာ ဖမ္းဆီးသတ္ျဖတ္ခံရျခင္းျဖစ္သည္။
အဖမ္းခံရပါက ေယာက္်ားေလးအားလုံး သတ္ျဖတ္ခံရႏိုင္သည္ကို တစ္ထစ္ခ်ေတြးထားၿပီးျဖစ္သည္။
မိန္းကေလးမ်ားကိုေတာ့ ငယ္လည္းငယ္လြန္းသည္မို႔ မသတ္ေလာက္ပါဘူးဟု ေတြးထင္ခဲ့မိသည္။ လြဲေလစ။
အေလာင္းကိုပင္ ျပန္မရေပ။ ပလိုင္း႐ြာမွာ သၿဂႋဳလ္သလိုလို ေ႐ႊဘိုကိုသယ္သြားၿပီး ျမႇဳပ္လိုက္သည္လို
လိုႏွင့္ အဆုံးသတ္သြားသည္။ လက္စလက္နပင္ မၾကားရေတာ့။




“တစ္ေယာက္တည္းေနေလေလ ပိုေဆြးလာေလေလ။ ဒီစစ္အာဏာရွင္ႀကီးကို ပိုၿပီးေတာ့ မုန္းတီးလာ
ေလေလ။ အသက္မျပည့္မျပည့္ေသးတဲ့ ငါ့သမီးေလးကို ဘယ္လိုမ်ား ရက္ရက္စက္စက္ သတ္ႏိုင္ၾက
တာတုန္း၊ သတ္ရက္လိုက္တာဟယ္ဆိုတဲ့အေတြးႀကီးက အၿမဲတမ္းကို ဦးေႏွာက္ထဲဝင္ေနတာ” ဟု မဝင္းအိေက်ာ့္အေမ့က ရင္နာနာျဖင့္ေျပာသည္။
လင္သားမရွိ သားႏွင့္သမီးသာရွိေသာ ေဒၚေအးႏြယ္တစ္ေယာက္အတြက္မူ မည္သို႔မွ် ေျဖမဆည္ႏိုင္။
သြားလည္းဒီစိတ္၊ စားလည္းဒီစိတ္၊ အခ်ိန္ျပည့္ သမီးေလးဆီကိုသာ စိတ္ေရာက္ေနသည္။ သမီးက်ရင္
အေမဆက္တိုက္မယ္၊ အေမက်ရင္ သမီးဆက္တိုက္မယ္ဆိုသည့္ သားအမိႏွစ္ဦးၾကား ကတိစကားကိုသာ ၾကားေယာင္ေနသည္။
“ကြၽန္မကေတာ့ ဆက္လုပ္မယ္။ လက္နက္ကိုင္ၿပီး ေရွ႕တက္ရမယ္ဆိုလည္း လိုအပ္ရင္လုပ္မွာပဲ” ဟု ေဒၚေအးႏြယ္က ေျပာလိုက္သည္။
crd