Unicode
မနေ့က အိမ်ကအဒေါ်ရဲ့ ဖုန်းကို ယောကျ်ားအသံနဲ့ ဒီဖုန်းက နိုင်ငံရေးလုပ်လားလို့ မေးပါတယ်…
ကိုယ်တွေ့မို့ ဖတ်ဖြစ်အောင်ဖတ်ကြပါ




မနေ့ကပေါ့ အိမ်က အဒေါ်ရဲ့ဖုန်းကို ယောကျာ်းအသံနဲ့ “ဒီဖုန်းကနိုင်ငံရေး လုပ်ထားတာလားလို့ မေးပါတယ် အဒေါ်ကလည်း မလုပ်ပါဖူးရှင်လို့ ပြန်ဖြေပါတယ်။
ဖုန်းဆက်လာတဲ့သူက သေချာလားပေါ့ ဒီဖုန်းနံပါတ်နဲ့ နိုင်ငံရေးလုပ်ထားတာတွေရှိတဲ့ အထောက်အထားတွေ စစ်ဆေးတွေ့ရှိရတယ် ဆိုပြီးပြန်ပြောပါတယ်။
this is test
အာ့အချိန် သူနဲ့ပြောရင်း အမအဒေါ်ကလဲ လူကြီးဆိုတော့ နည်းနည်းကြောက်နေပြီး အသံတုန်တုန်နဲ့ မလုပ်ပါဖူးပေါ့နော် ငြင်းပါတယ်။
သူတို့ဘက်က အခုစခန်းမှာ ရှင်းဖို့လာဖမ်းကြမယ်လို့ ထပ်ပြောပါတယ်။
ပြီးတော့ သူက ဘယ်စခန်းမှူးဆိုလား စိုးဝင်းပါ ဘယ်ရာထူးနဲ့ပါဆိုပြီး သူ့ကိုယ်သူ ပြောပါတယ် ပြီးတော့ ပိုက်ဆံကိစ္စ သိန်း၅၀တောင်းပါတယ်။
အကယ်၍ အခုလို ညှိလို့ အဆင်မပြေရင် စခန်းရောက်တဲ့အခါ ငွေပိုကုန်မယ်လို့ ” ခြိမ်းခြောက်ပါတယ်။
ဒါနဲ့ပဲ အဒေါ်ကကြောက်နေတော့မပြောတတ်တော့ဘူး ဖြစ်နေချိန် အမက ဖုန်းလုယူပြီး…




“ရှင်ဘယ်ဌာနကဘယ်သူလည်းလို့ ထပ် ပြောပါ ကျွန်မတို့လည်းကိုယ့်အဆက်အသွယ်တွေရှိပါတယ်
ရှင့်ရဲ့ဌာနနဲ့ ရာထူးကိုသေချာပြောပြပါ” … လို့ပြောတော့မှ အာ့ဒီဖုန်းဆက်သူက စကားလျှောသွားပြီး
သားက စ နေတာ ဘယ်သူလည်း ခုထိမသိဘူးလား ကိုယ့်တူ ကိုယ့်သား ကိုယ့်မိတ်ဆွေမှန်းတောင် မသိဘူးလားလို့ “ ပြောပါတယ် ။
အဒေါ်ကလည်း နောက်နေတယ်ထင်ပြီး သူ့မိတ်ဆွေထဲမှာလည်း အဲ့ဒီ စိုးဝင်းဆိုတာလည်း ရှိနေတော့




ဪ ကိုစိုးဝင်းလားဆိုပြီး ပြန်မေးလိုက်မိတဲ့အခါ သူကလည်း ချော်လဲရောထိုင်ပြီး
ဟုတ်တယ် ကိုစိုးဝင်းပါပေါ့ဆိုပြီး ပြန်ရွှီး ကိုစိုးဝင်းနေကောင်းလား အသံကလည်းပြောင်းနေလို့ မမှတ်မိဘူးဆိုကာမှ
ကျွန်တော် နေမကောင်းလို့ အသံလဲပြောင်းနေတာဆိုပြီး ဆက်ဂုံးဆင်းပါတယ် ။
သူ ခုလို နောက်ပြီး ဖုန်းဆက်တာကိုလည်း ဘယ်သူ့မှ မပြောနဲ့ပေါ့ ပြီးတော့ကျွန်တော့ကို ပိုက်ဆံလေး ၂သိန်းလောက် ချေးပေးပါဦးလို့ ဆက်ပြောပါတယ်။
အဒေါ်က စပီကာဖွင့်ထားတော့အကုန်ကြားနေရတာမို့ အမကလည်း ဟုတ်ပြီ ရှင်ဦးစိုးဝင်းဆိုတာသေချာဖို့ Viber ကနေ VC ခေါ်မယ် ပြောလိုက်တယ်။
ရှင်ဟုတ်တယ်ဆိုရင် ငွေ ချေးပေးပါမယ်ပြောမှ သူက အာ့ဆို ခနနေပြန်ဆက်ခဲ့မယ်နော်ဆိုပြီး ဖုန်းချသွားပါတယ်။




တကယ်တော့ လူလိမ်ပါ နိုင်ငံရေး အခြေအနေ
မကောင်းတဲ့အချိန်မှာလူကိုကြောက်အောင် အားနည်းချက်ဖြစ်မယ်ထင်တဲ့အရာတွေကို အရင်ပြောပြီး
ငွေညစ်ချင်ကြတာပါ ကိုယ်တွေလည်း ရုတ်တရက်ဆိုတော့ ကြောက်မိပါတယ်ဒါပေမဲ့စိတ်ကို အေးအေးထားပြီး သေ”ချာ” စစ်ဆေးရပါမယ်။
တခါတလေ ဖုန်းဆက်လာတဲ့သူတွေရှိတတ်ပါတယ် အစ်မဖုန်းနံပါတ်လေးက
ဘယ် Promotion လေးမှာ ဘာလေးပေါက်သွားတာ ဒါကြောင့် ဘယ်ဆုကြီးရသွားပါတယ် ပို့ပေးဖို့ လိပ်စာလေးပို့ပေးပါ




တန်ဆာခလေးတော့ဘယ်လောက်ကျသင့်တာမို့အမတို့ ဘက်က တန်ဆာခ တော့
ကျခံပေးရပါမယ်ဆိုတဲ့ လိမ်နည်းမျိုးတွေဆိုယုံကိုမယုံသင့်တော့ပါဘူးနော်
ဟိုနေ့က ဒီလောက်လူစည်ကားတဲ့ ရွှေတိဂုံဘုရားခြေရင်းမှာမှခေါင်း၂ ခွ မြွေပြမယ်တယောက်၂၀၀၀ ထည့်ပါဆိုတာကို
အလုအယက်ထည့်နေကြတဲ့ညဏ် နည်းလူတန်းစားတွေ အထူးဖတ် ဆင်ခြင်တတ်ကြပါစေ ။




ကိုယ်တွေဘက်ကလည်း သူတို့ဟာ တကယ်ဟုတ် မဟုတ် ပြတ်သားရဲတင်းစွာ ပြန်ထောက်ပြ သေချာ ပြန်စစ်ဆေးတတ်ရပါမယ်
နိုင်ငံရေးဆိုတာနဲ့ သူတို့အကွက်ထဲ မဝင်စေ့ချင်ပါဘူး ။
ကြောက်ကြောက်နဲ့ မသွားရပြီးရောဆိုပြီး ညှိလိုက်တာမျိုးလည်းမဖြစ်စေချင်ဘူး
တခါတလေ လမ်းသွားရင်း စပ်တပ်ကစစ်ဆေးတာ မင်းဖုန်းပြစမ်းဆိုရင်လဲ ယူနီဖောင်းဝတ်မထားရင် ယုံဖို့ သိပ်မလို တအားမကြောက်ကြပါနဲ့ ။
အာ့လိုနဲ့ ဖုန်းတွေကို အတည်ပေါက်ကြီးသိမ်းသွားပြီး အာ့ဒီမှာစောင့်နေ အပြစ်မရှိရင် ငါတို့ပြန်လာပေးမယ်ဆိုလို့
ညနေစောင်းထိ ဖုန်းထိုင်စောင့်နေတဲ့ ရိုး အ သူတွေ အကြောင်းကိုလဲဆက်တိုက်ကြားရပါတယ် ။




သူတို့လိမ်တာက ငွေပါ ကိုယ်တွေကို စိတ်အနှောင့်အယှက်ပေးပြီး ငွေညစ်ချင်တာပါဘယ်လိုပဲဖြစ်ဖြစ်
အခုချိန်မှာငွေကြေးကိစ္စနဲ့ဘယ်သူမှန်းမသိဖုန်းဆက်လာရင် သတိထားကြပါနော်။
ကိုယ်တွေက ကိုယ့်တွေ့မို့ အခုလို အများသိစေချင်လို့ ရေးပြရတာပါ။
ကိုယ့်လို ကြုံတွေ့လာမယ်ဆို ဖြေရှင်းတတ်စေချင်လို့ပါတခဏတော့
ကြောက်ရွံ့မိသွားပေမဲ့သူ့ ရုပ်ကို ပြန်ပြခိုင်းမှ ပြန်ဆက်သွယ်လာမယ်ဆိုပြီး ဖုန်းချလစ်ပြေးသွားပါတယ် ။




ဖုန်းဘီလ်လေး တကျပ်တပြားရဖို့ ဖုန်းNoတွေ fb မှာ သွားသွားမန့်တာလဲ အရမ်းအန္တာရာယ်များပါတယ် မလုပ်ကြပါနဲ့။
ကျမအဒေါ်က အိမ်ထဲက အိမ်ပြင်တောင်မထွက် သူ့အိမ်အလုပ်နဲ့သူ အိမ်ထဲ တိုင်ပတ်နေတဲ့သူကိုမှ စစ်ဆေးဖို့ ရဲစခန်းခေါ်စစ်ရမယ်ဆိုထဲက ယုတ္တိမရှိတော့ပါ။
ဒါကြောင့် ဒီလိုပုံစံ လူလိမ်တွေနဲ့တွေ့တဲ့အခါ မကြောက်ပဲ ကိုယ့်အသိမိတ်ဆွေတွေ လူကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ ဖြေရှင်းကြပါနော်။
လူလိမ်ကောင်ရဲ့ ဖုန်းနံပါတ်က 09404122215 ပါ…
Crd – Orginal Uploader




Zawgyi
မေန႔က အိမ္ကအေဒၚရဲ႕ ဖုန္းကို ေယာက်္ားအသံနဲ႔ ဒီဖုန္းက ႏိုင္ငံေရးလုပ္လားလို႔ ေမးပါတယ္…
ကိုယ္ေတြ႕မို႔ ဖတ္ျဖစ္ေအာင္ဖတ္ၾကပါ
မေန႔ကေပါ့ အိမ္က အေဒၚရဲ႕ဖုန္းကို ေယာက်ာ္းအသံနဲ႔ “ဒီဖုန္းကႏိုင္ငံေရး လုပ္ထားတာလားလို႔ ေမးပါတယ္ အေဒၚကလည္း မလုပ္ပါဖူးရွင္လို႔ ျပန္ေျဖပါတယ္။
ဖုန္းဆက္လာတဲ့သူက ေသခ်ာလားေပါ့ ဒီဖုန္းနံပါတ္နဲ႔ ႏိုင္ငံေရးလုပ္ထားတာေတြရွိတဲ့ အေထာက္အထားေတြ စစ္ေဆးေတြ႕ရွိရတယ္ ဆိုၿပီးျပန္ေျပာပါတယ္။




အာ့အခ်ိန္ သူနဲ႔ေျပာရင္း အမအေဒၚကလဲ လူႀကီးဆိုေတာ့ နည္းနည္းေၾကာက္ေနၿပီး အသံတုန္တုန္နဲ႔ မလုပ္ပါဖူးေပါ့ေနာ္ ျငင္းပါတယ္။
သူတို႔ဘက္က အခုစခန္းမွာ ရွင္းဖို႔လာဖမ္းၾကမယ္လို႔ ထပ္ေျပာပါတယ္။
ၿပီးေတာ့ သူက ဘယ္စခန္းမႉးဆိုလား စိုးဝင္းပါ ဘယ္ရာထူးနဲ႔ပါဆိုၿပီး သူ႔ကိုယ္သူ ေျပာပါတယ္ ၿပီးေတာ့ ပိုက္ဆံကိစၥ သိန္း၅၀ေတာင္းပါတယ္။
အကယ္၍ အခုလို ညႇိလို႔ အဆင္မေျပရင္ စခန္းေရာက္တဲ့အခါ ေငြပိုကုန္မယ္လို႔ ” ၿခိမ္းေျခာက္ပါတယ္။
ဒါနဲ႔ပဲ အေဒၚကေၾကာက္ေနေတာ့မေျပာတတ္ေတာ့ဘူး ျဖစ္ေနခ်ိန္ အမက ဖုန္းလုယူၿပီး…
“ရွင္ဘယ္ဌာနကဘယ္သူလည္းလို႔ ထပ္ ေျပာပါ ကြၽန္မတို႔လည္းကိုယ့္အဆက္အသြယ္ေတြရွိပါတယ္
ရွင့္ရဲ႕ဌာနနဲ႔ ရာထူးကိုေသခ်ာေျပာျပပါ” … လို႔ေျပာေတာ့မွ အာ့ဒီဖုန္းဆက္သူက စကားေလွ်ာသြားၿပီး
သားက စ ေနတာ ဘယ္သူလည္း ခုထိမသိဘူးလား ကိုယ့္တူ ကိုယ့္သား ကိုယ့္မိတ္ေဆြမွန္းေတာင္ မသိဘူးလားလို႔ “ ေျပာပါတယ္ ။




အေဒၚကလည္း ေနာက္ေနတယ္ထင္ၿပီး သူ႔မိတ္ေဆြထဲမွာလည္း အဲ့ဒီ စိုးဝင္းဆိုတာလည္း ရွိေနေတာ့
ဪ ကိုစိုးဝင္းလားဆိုၿပီး ျပန္ေမးလိုက္မိတဲ့အခါ သူကလည္း ေခ်ာ္လဲေရာထိုင္ၿပီး
ဟုတ္တယ္ ကိုစိုးဝင္းပါေပါ့ဆိုၿပီး ျပန္႐ႊီး ကိုစိုးဝင္းေနေကာင္းလား အသံကလည္းေျပာင္းေနလို႔ မမွတ္မိဘူးဆိုကာမွ
ကြၽန္ေတာ္ ေနမေကာင္းလို႔ အသံလဲေျပာင္းေနတာဆိုၿပီး ဆက္ဂုံးဆင္းပါတယ္ ။
သူ ခုလို ေနာက္ၿပီး ဖုန္းဆက္တာကိုလည္း ဘယ္သူ႔မွ မေျပာနဲ႔ေပါ့ ၿပီးေတာ့ကြၽန္ေတာ့ကို ပိုက္ဆံေလး ၂သိန္းေလာက္ ေခ်းေပးပါဦးလို႔ ဆက္ေျပာပါတယ္။
အေဒၚက စပီကာဖြင့္ထားေတာ့အကုန္ၾကားေနရတာမို႔ အမကလည္း ဟုတ္ၿပီ ရွင္ဦးစိုးဝင္းဆိုတာေသခ်ာဖို႔ Viber ကေန VC ေခၚမယ္ ေျပာလိုက္တယ္။




ရွင္ဟုတ္တယ္ဆိုရင္ ေငြ ေခ်းေပးပါမယ္ေျပာမွ သူက အာ့ဆို ခနေနျပန္ဆက္ခဲ့မယ္ေနာ္ဆိုၿပီး ဖုန္းခ်သြားပါတယ္။
တကယ္ေတာ့ လူလိမ္ပါ ႏိုင္ငံေရး အေျခအေန
မေကာင္းတဲ့အခ်ိန္မွာလူကိုေၾကာက္ေအာင္ အားနည္းခ်က္ျဖစ္မယ္ထင္တဲ့အရာေတြကို အရင္ေျပာၿပီး
ေငြညစ္ခ်င္ၾကတာပါ ကိုယ္ေတြလည္း ႐ုတ္တရက္ဆိုေတာ့ ေၾကာက္မိပါတယ္ဒါေပမဲ့စိတ္ကို ေအးေအးထားၿပီး ေသ”ခ်ာ” စစ္ေဆးရပါမယ္။
တခါတေလ ဖုန္းဆက္လာတဲ့သူေတြရွိတတ္ပါတယ္ အစ္မဖုန္းနံပါတ္ေလးက
ဘယ္ Promotion ေလးမွာ ဘာေလးေပါက္သြားတာ ဒါေၾကာင့္ ဘယ္ဆုႀကီးရသြားပါတယ္ ပို႔ေပးဖို႔ လိပ္စာေလးပို႔ေပးပါ




တန္ဆာခေလးေတာ့ဘယ္ေလာက္က်သင့္တာမို႔အမတို႔ ဘက္က တန္ဆာခ ေတာ့
က်ခံေပးရပါမယ္ဆိုတဲ့ လိမ္နည္းမ်ိဳးေတြဆိုယုံကိုမယုံသင့္ေတာ့ပါဘူးေနာ္
ဟိုေန႔က ဒီေလာက္လူစည္ကားတဲ့ ေ႐ႊတိဂုံဘုရားေျခရင္းမွာမွေခါင္း၂ ခြ ေႁမြျပမယ္တေယာက္၂၀၀၀ ထည့္ပါဆိုတာကို
အလုအယက္ထည့္ေနၾကတဲ့ညဏ္ နည္းလူတန္းစားေတြ အထူးဖတ္ ဆင္ျခင္တတ္ၾကပါေစ ။
ကိုယ္ေတြဘက္ကလည္း သူတို႔ဟာ တကယ္ဟုတ္ မဟုတ္ ျပတ္သားရဲတင္းစြာ ျပန္ေထာက္ျပ ေသခ်ာ ျပန္စစ္ေဆးတတ္ရပါမယ္
ႏိုင္ငံေရးဆိုတာနဲ႔ သူတို႔အကြက္ထဲ မဝင္ေစ့ခ်င္ပါဘူး ။




ေၾကာက္ေၾကာက္နဲ႔ မသြားရၿပီးေရာဆိုၿပီး ညႇိလိုက္တာမ်ိဳးလည္းမျဖစ္ေစခ်င္ဘူး
တခါတေလ လမ္းသြားရင္း စပ္တပ္ကစစ္ေဆးတာ မင္းဖုန္းျပစမ္းဆိုရင္လဲ ယူနီေဖာင္းဝတ္မထားရင္ ယုံဖို႔ သိပ္မလို တအားမေၾကာက္ၾကပါနဲ႔ ။
အာ့လိုနဲ႔ ဖုန္းေတြကို အတည္ေပါက္ႀကီးသိမ္းသြားၿပီး အာ့ဒီမွာေစာင့္ေန အျပစ္မရွိရင္ ငါတို႔ျပန္လာေပးမယ္ဆိုလို႔
ညေနေစာင္းထိ ဖုန္းထိုင္ေစာင့္ေနတဲ့ ႐ိုး အ သူေတြ အေၾကာင္းကိုလဲဆက္တိုက္ၾကားရပါတယ္ ။
သူတို႔လိမ္တာက ေငြပါ ကိုယ္ေတြကို စိတ္အေႏွာင့္အယွက္ေပးၿပီး ေငြညစ္ခ်င္တာပါဘယ္လိုပဲျဖစ္ျဖစ္
အခုခ်ိန္မွာေငြေၾကးကိစၥနဲ႔ဘယ္သူမွန္းမသိဖုန္းဆက္လာရင္ သတိထားၾကပါေနာ္။
ကိုယ္ေတြက ကိုယ့္ေတြ႕မို႔ အခုလို အမ်ားသိေစခ်င္လို႔ ေရးျပရတာပါ။




ကိုယ့္လို ႀကဳံေတြ႕လာမယ္ဆို ေျဖရွင္းတတ္ေစခ်င္လို႔ပါတခဏေတာ့
ေၾကာက္႐ြံ႕မိသြားေပမဲ့သူ႔ ႐ုပ္ကို ျပန္ျပခိုင္းမွ ျပန္ဆက္သြယ္လာမယ္ဆိုၿပီး ဖုန္းခ်လစ္ေျပးသြားပါတယ္ ။
ဖုန္းဘီလ္ေလး တက်ပ္တျပားရဖို႔ ဖုန္းNoေတြ fb မွာ သြားသြားမန႔္တာလဲ အရမ္းအႏၲာရာယ္မ်ားပါတယ္ မလုပ္ၾကပါနဲ႔။
က်မအေဒၚက အိမ္ထဲက အိမ္ျပင္ေတာင္မထြက္ သူ႔အိမ္အလုပ္နဲ႔သူ အိမ္ထဲ တိုင္ပတ္ေနတဲ့သူကိုမွ စစ္ေဆးဖို႔ ရဲစခန္းေခၚစစ္ရမယ္ဆိုထဲက ယုတၱိမရွိေတာ့ပါ။
ဒါေၾကာင့္ ဒီလိုပုံစံ လူလိမ္ေတြနဲ႔ေတြ႕တဲ့အခါ မေၾကာက္ပဲ ကိုယ့္အသိမိတ္ေဆြေတြ လူႀကီးေတြနဲ႔ ေဆြးေႏြးတိုင္ပင္ၿပီးမွ ေျဖရွင္းၾကပါေနာ္။
လူလိမ္ေကာင္ရဲ႕ ဖုန္းနံပါတ္က 09404122215 ပါ…
Crd – Orginal Uploader