Unicode
ကိုယ့်မျက်နှာမှာမှ ဝက်ခြံ ဘာလို့ မပြတ်ရတာလဲ
ဝက်ခြံ ဆိုတာ လူတိုင်း ဖြစ်ဖူးကြတဲ့ အသားအရေ ပြဿနာ တစ်ခုပါ။
မျက်နှာကို ခဏခဏ ထိတွေ့လို့၊ အသားအရေ ဂရုမစိုက်လို့၊ ဆယ်ကျော်သက် မို့လို့ စတဲ့ အကြောင်းကြောင်း ပေါင်းများစွာနဲ့ ဝက်ခြံပေါက်လေ့ ရှိကြပါတယ်။




ဒါပေမယ့် ကိုယ့်ကျမှ ဘာလို့ တခြားသူတွေထက် ဝက်ခြံ ပိုပေါက်နေတာလဲ
ဒါမှမဟုတ် သူများလို အချိန်တန်လည်း ပျောက်မသွားဘဲ အလျင်မပြတ် ဝက်ခြံမွေးထားသလို ဖြစ်နေရတာလဲ။
this is test
ဒီမေးခွန်းတွေကို အဖြေရှာဖို့အတွက် ဝက်ခြံ ကို နောက်ကွယ်က ပံ့ပိုးနေတဲ့ အကြောင်းရင်းခံတွေကို လေ့လာကြည့်ရအောင်
ဟော်မုန်း အပြောင်းအလဲ
ဟော်မုန်း အပြောင်းအလဲတွေက ဝက်ခြံ ပိုပေါက်စေတဲ့ အဓိက အတွေ့အများဆုံး အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။
ဟော်မုန်းအပြောင်းအလဲက လူပျိုအပျိုဝင်စအချိန် ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတွေမှာတောင်မှ ဖြစ်နိုင်ပါတယ်။




လူပျို ၊ အပျိုဖော်ဝင်ချိန်
ပျိုဖော်ဝင်ချိန်ရောက်ပြီဆို ခန္ဓာကိုယ်မှာ Androgen (အန်ဒရိုဂျင်) လို့ ခေါ်တဲ့ လိင်ဟော်မုန်းတွေ တိုးပွားလာပါတယ်။
ဒီလို တိုးပွားလာတာဟာ သင့်အရေပြားမှာ ရှိတဲ့ အဆီအိတ်တွေကို အဆီပိုထုတ်လာအောင် လှုံ့ဆော်ပေးပါတယ်။
လုံလောက်တဲ့ သဘာဝအဆီ ရှိရင်တော့ အရေပြားကို ကာကွယ်ပေးပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
လိုတာထက် ပိုလာရင်တော့ အရေပြားဆဲလ်အဟောင်းတွေနဲ့ ရောပြီး ချွေးပေါက်တွေကို ပိတ်စေကာ ဝက်ခြံအဖြစ် ပေါ်လာနိုင်ပါတယ်။
အမျိုးသမီး ကျန်းမာရေး
အမျိုးသမီးတွေမှာ ရာသီလာ စဉ်၊ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် ဟော်မုန်းကုသမှုခံယူစဉ်တွေမှာ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။
ဥပမာ – ရာသီမလာခင်မှာ ဝက်ခြံ ဖြစ်လာတတ်ပြီး ရာသီလာပြီးချိန်မှာ ပြန်ပျောက်သွားတတ်ပါတယ်။
တစ်ခါတလေ ကိုယ်ဝန်တားဆေး ရပ်လိုက်တဲ့ အချိန်မှာလဲ ဝက်ခြံပေါက်တတ်ပါတယ်။




သောက်သုံးနေတဲ့ ဆေးဝါး
အတက်ရောဂါကုဆေးများ၊ စိတ်ကျရောဂါ ကုဆေးများ၊ စတီးရွိုက်ဆေးများ၊
အာရုံကြောဆိုင်ရာဆေးများနဲ့ လီသီယမ်ပါတဲ့ဆေးတွေက ဝက်ခြံ အပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။
မျိုးရိုးဗီဇ
မျိုးရိုးဗီဇကြောင့်လဲ ဝက်ခြံပေါက်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်မိဘတွေမှာ ဝက်ခြံ ပေါရင် ကိုယ့်မှာလည်း ဝက်ခြံမပြတ် ဖြစ်တတ်ပါတယ်။
မိတ်ကပ် နဲ့ အလှကုန်
အဆီ ပါတဲ့ ခရင်မ်၊ မိတ်ကပ်၊ လိုရှင်း နဲ့ မိတ်ကပ်အခံတွေ သုံးတာဟာ သေချာပြန်မသန့်စင်ပေးရင် အရေပြားကို ထိခိုက်စေပါတယ်။
မိတ်ကပ်ဖျက်ဖို့နဲ့ မျက်နှာသန့်စင်ခြင်းကို ဂရုမစိုက်ရင် ချွေးပေါက်တွေကို ပိတ်စေပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။




စိတ္ဖိစီးမႈ
လေ့လာတွေ့ရှိချက်တွေအရ စိတ်ဖိစီးမှု ကလည်း ဝက်ခြံ ကို ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှု ကြောင့်တော့ ဝက်ခြံမဖြစ်စေနိုင်ပေမယ့် ရှိပြီးသားဝက်ခြံကို ပိုဆိုးစေပါတယ်။
ပတ်ဝန်းကျင်
အဆီများတဲ့ ပတ်ဝန်းကျင်၊ ဥပမာ မီးဖိုချောင်တွေမှာ အလုပ်လုပ်ရင်တော့ ဝက်ခြံပေါက်တာတို့၊ ဝက်ခြံကို ပိုဆိုးစေတာတို့ ဖြစ်လာနိုင်ပါတယ်။
ပူပြင်းခြောက်သွေ့တဲ့ ရာသီ၊ စိုစွတ်တဲ့ရာသီတွေမှာလဲ ဝက်ခြံပေါက်တတ်ပါတယ်။
ဒီအကြောင်းရင်းတွေ အပြင် ဝက်ခြံဖြစ်စေနိုင်တဲ့ အမူအကျင့်တချို့ကိုလည်း သိထားဖို့ လိုပါတယ်။
၁- မ်က္ႏွာကို ခဏခဏကိုင္တာ
တစ်ခုခုစိတ်ဝင်စားရင်ဖြစ်ဖြစ်၊ တွေးနေရင်ဖြစ်ဖြစ် မျက်နှာကို ကိုင်တတ်ကုတ်တတ်သူလား။
ဒါဆိုရင်တော့ သင်ဝက်ခြံပေါက်ရတဲ့ အကြောင်းအရင်းက မျက်နှာကို ကိုင်တာကြောင့်ပါ။
လက်ချောင်းမှာ ကပ်နေတဲ့ ဘက်တီးရီးယားလေးတွေက ချွေးပေါက်ထဲဝင်ရောက်ပြီး ဝက်ခြံတွေကိုဖြစ်စေတာပါ။ မျက်နှာကို လက်နဲ့ မထိမိစေဖို့ ကြိုးစားပါ။




၂- ဝက်ခြံညှစ်တာ
ဝက်ခြံက ညှစ်လိုက်လို့မသက်သာသွားပါဘူး။ ပိုဆိုးသွားမှာပါ။
ဝက်ခြံညှစ်လိုက်တဲ့အခါ ဘက်တီးရီးယားတွေက အရေပြားအောက်ထဲကို အလွယ်တကူဝင်ရောက်သွားပြီး
ဝက်ခြံကို ပိုရောင်ရမ်းစေနိုင်သလို အမာရွတ်တွေ ကျန်ခဲ့စေနိုင်ပါတယ်။ ဝက်ခြံမညှစ်ပါနဲ့။
၃- မျက်နှာကို ပုံမှန် မသန့်စင်တာ
မျက်နှာကို ခဏခဏသန့်စရာမလိုပေမယ့် တစ်နေ့ကို မနက်တစ်ကြိမ် နဲ့ ညအိပ်ရာမဝင်ခင်တစ်ကြိမ်တော့ သန့်ရှင်းဖို့လိုပါမယ်။
ဒါမှ ဝက်ခြံကင်းပြီး အသားအရေကြည်လင်မှာပါ။ အိပ်ရာမဝင်ခင် မျက်နှာကို သန့်စင်တာက မဖြစ်မနေလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းမှုတစ်ခုပါ။
၄- ရေသောက်နည်းတာ
ရေဓာတ်ပြည့်ဝတာက ခန္ဓာကိုယ် ကျန်းမာစေရုံတင်မဟုတ်ပါဘူး။ အသားအရေကိုလည်း ကြည်လင်စေပါတယ်။
ဝက်ခြံကင်းပြီး အသားအရေကျန်းမာစေဖို့ဆိုရင် ရေဓာတ်လုံလောက်ပြည့်ဝအောင် သောက်သုံးဖို့လိုမှာပါ။




၅- စိတ်ဖိစီးမှု များတာ
စိတ်ဖိစီးမှုများတာကကလည်း အသားအရေကိုထိခိုက်စေနိုင်သလို ဝက်ခြံတွေဖြစ်ပေါ်စေဖို့လည်း အားပေးပါတယ်။
စိတ်ဖိစီးမှုများတဲ့အခါ ဝက်ခြံတွေက ဖြစ်လာစမြဲပါ။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက် တရားထိုင်ပြီး ဝက်ခြံ သက်သာအောင်လုပ်ပေးလို့ရပါတယ်။
၆-အယ်လ်ကိုဟော သောက်သုံးမှုများတာ
အယ်လ်ကိုဟောကို အလွန်အကျွံသောက်သုံးတာ၊ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို
သောက်သုံးတာကြောင့်လည်း အသားအရေထိခိုက်ပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟော လျှော့ပါ။
၇- နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးမှုများတာ
တစ်နေ့တာစားသုံးမှုမှာ ကယ်လ်ဆီယမ်ပါဝင်ဖို့လိုတယ်ဆိုပေမယ့် နို့နဲ့နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံစားသုံးတာက ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။
ဝက်ခြံမဖြစ်စေဖို့ဆိုရင် အကောင်းဆုံးက အဆီထုတ်ထားတဲ့ ဒိန်ချဉ်၊ နွားနို့တွေကို စားသုံးတာပါ။




၈- ကိုယ်လက်လေ့ကျင့်ခန်း မလုပ်တာ
ဝက်ခြံ သက်သာစေဖို့က အသားအရေထိန်းသိမ်းရုံနဲ့ အဆင်မပြေပါဘူး။ အသားအရေထိန်းသိမ်းမှု၊
အစားအသောက်ဂရုစိုက်မှုအပြင် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဖို့လည်း လိုပါမယ်။
ဒါကြောင့် တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။
၉- အိပ်ရေးဝအောင် မအိပ်တာ
အိပ်ရေးဝတာက အသားအရေကို ကြည်လင်စေပြီး စိတ်လန်းဆန်းစေသလို ရောဂါဘယတွေလည်း ကင်းစေနိုင်ပါတယ်။
ဒါကြောင့် ဝက်ခြံသက်သာချင်တယ်ဆိုရင်ညတိုင်း အိပ်ရေးဝဝအိပ်ဖို့လိုပါမယ်။
crd




Zawgyi
ကိုယ့္မ်က္ႏွာမွာမွ ဝက္ၿခံ ဘာလို႔ မျပတ္ရတာလဲ
ဝက္ၿခံ ဆိုတာ လူတိုင္း ျဖစ္ဖူးၾကတဲ့ အသားအေရ ျပႆနာ တစ္ခုပါ။
မ်က္ႏွာကို ခဏခဏ ထိေတြ႕လို႔၊ အသားအေရ ဂ႐ုမစိုက္လို႔၊ ဆယ္ေက်ာ္သက္ မို႔လို႔ စတဲ့ အေၾကာင္းေၾကာင္း ေပါင္းမ်ားစြာနဲ႔ ဝက္ၿခံေပါက္ေလ့ ရွိၾကပါတယ္။
ဒါေပမယ့္ ကိုယ့္က်မွ ဘာလို႔ တျခားသူေတြထက္ ဝက္ၿခံ ပိုေပါက္ေနတာလဲ
ဒါမွမဟုတ္ သူမ်ားလို အခ်ိန္တန္လည္း ေပ်ာက္မသြားဘဲ အလ်င္မျပတ္ ဝက္ၿခံေမြးထားသလို ျဖစ္ေနရတာလဲ။




ဒီေမးခြန္းေတြကို အေျဖရွာဖို႔အတြက္ ဝက္ၿခံ ကို ေနာက္ကြယ္က ပံ့ပိုးေနတဲ့ အေၾကာင္းရင္းခံေတြကို ေလ့လာၾကည့္ရေအာင္
ေဟာ္မုန္း အေျပာင္းအလဲ
ေဟာ္မုန္း အေျပာင္းအလဲေတြက ဝက္ၿခံ ပိုေပါက္ေစတဲ့ အဓိက အေတြ႕အမ်ားဆုံး အေၾကာင္းအရာတစ္ခု ျဖစ္ပါတယ္။
ေဟာ္မုန္းအေျပာင္းအလဲက လူပ်ိဳအပ်ိဳဝင္စအခ်ိန္ ဒါမွမဟုတ္ အ႐ြယ္ေရာက္ၿပီးသူေတြမွာေတာင္မွ ျဖစ္ႏိုင္ပါတယ္။
လူပ်ိဳ ၊ အပ်ိဳေဖာ္ဝင္ခ်ိန္
ပ်ိဳေဖာ္ဝင္ခ်ိန္ေရာက္ၿပီဆို ခႏၶာကိုယ္မွာ Androgen (အန္ဒ႐ိုဂ်င္) လို႔ ေခၚတဲ့ လိင္ေဟာ္မုန္းေတြ တိုးပြားလာပါတယ္။




ဒီလို တိုးပြားလာတာဟာ သင့္အေရျပားမွာ ရွိတဲ့ အဆီအိတ္ေတြကို အဆီပိုထုတ္လာေအာင္ လႈံ႕ေဆာ္ေပးပါတယ္။
လုံေလာက္တဲ့ သဘာဝအဆီ ရွိရင္ေတာ့ အေရျပားကို ကာကြယ္ေပးၿပီး အစိုဓာတ္ကို ထိန္းသိမ္းေပးပါတယ္။
လိုတာထက္ ပိုလာရင္ေတာ့ အေရျပားဆဲလ္အေဟာင္းေတြနဲ႔ ေရာၿပီး ေခြၽးေပါက္ေတြကို ပိတ္ေစကာ ဝက္ၿခံအျဖစ္ ေပၚလာႏိုင္ပါတယ္။
အမ်ိဳးသမီး က်န္းမာေရး
အမ်ိဳးသမီးေတြမွာ ရာသီလာ စဥ္၊ ကိုယ္ဝန္ေဆာင္စဥ္ သို႔မဟုတ္ ေဟာ္မုန္းကုသမႈခံယူစဥ္ေတြမွာ ေဟာ္မုန္းေျပာင္းလဲမႈေတြ ျဖစ္ေစပါတယ္။
ဥပမာ – ရာသီမလာခင္မွာ ဝက္ၿခံ ျဖစ္လာတတ္ၿပီး ရာသီလာၿပီးခ်ိန္မွာ ျပန္ေပ်ာက္သြားတတ္ပါတယ္။
တစ္ခါတေလ ကိုယ္ဝန္တားေဆး ရပ္လိုက္တဲ့ အခ်ိန္မွာလဲ ဝက္ၿခံေပါက္တတ္ပါတယ္။
ေသာက္သုံးေနတဲ့ ေဆးဝါး
အတက္ေရာဂါကုေဆးမ်ား၊ စိတ္က်ေရာဂါ ကုေဆးမ်ား၊ စတီး႐ြိဳက္ေဆးမ်ား၊
အာ႐ုံေၾကာဆိုင္ရာေဆးမ်ားနဲ႔ လီသီယမ္ပါတဲ့ေဆးေတြက ဝက္ၿခံ အေပၚ သက္ေရာက္မႈ ရွိႏိုင္ပါတယ္။




မ်ိဳး႐ိုးဗီဇ
မ်ိဳး႐ိုးဗီဇေၾကာင့္လဲ ဝက္ၿခံေပါက္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္မိဘေတြမွာ ဝက္ၿခံ ေပါရင္ ကိုယ့္မွာလည္း ဝက္ၿခံမျပတ္ ျဖစ္တတ္ပါတယ္။
မိတ္ကပ္ နဲ႔ အလွကုန္
အဆီ ပါတဲ့ ခရင္မ္၊ မိတ္ကပ္၊ လိုရွင္း နဲ႔ မိတ္ကပ္အခံေတြ သုံးတာဟာ ေသခ်ာျပန္မသန႔္စင္ေပးရင္ အေရျပားကို ထိခိုက္ေစပါတယ္။
မိတ္ကပ္ဖ်က္ဖို႔နဲ႔ မ်က္ႏွာသန႔္စင္ျခင္းကို ဂ႐ုမစိုက္ရင္ ေခြၽးေပါက္ေတြကို ပိတ္ေစၿပီး ဝက္ၿခံျဖစ္ေစႏိုင္ပါတယ္။
စိတၹိစီးမႈ
ေလ့လာေတြ႕ရွိခ်က္ေတြအရ စိတ္ဖိစီးမႈ ကလည္း ဝက္ၿခံ ကို ပိုဆိုးေစႏိုင္ပါတယ္။ စိတ္ဖိစီးမႈ ေၾကာင့္ေတာ့ ဝက္ၿခံမျဖစ္ေစႏိုင္ေပမယ့္ ရွိၿပီးသားဝက္ၿခံကို ပိုဆိုးေစပါတယ္။




ပတ္ဝန္းက်င္
အဆီမ်ားတဲ့ ပတ္ဝန္းက်င္၊ ဥပမာ မီးဖိုေခ်ာင္ေတြမွာ အလုပ္လုပ္ရင္ေတာ့ ဝက္ၿခံေပါက္တာတို႔၊ ဝက္ၿခံကို ပိုဆိုးေစတာတို႔ ျဖစ္လာႏိုင္ပါတယ္။
ပူျပင္းေျခာက္ေသြ႕တဲ့ ရာသီ၊ စိုစြတ္တဲ့ရာသီေတြမွာလဲ ဝက္ၿခံေပါက္တတ္ပါတယ္။
ဒီအေၾကာင္းရင္းေတြ အျပင္ ဝက္ၿခံျဖစ္ေစႏိုင္တဲ့ အမူအက်င့္တခ်ိဳ႕ကိုလည္း သိထားဖို႔ လိုပါတယ္။
၁- မ္ကၷြာကို ခဏခဏကိုငၱာ
တစ္ခုခုစိတ္ဝင္စားရင္ျဖစ္ျဖစ္၊ ေတြးေနရင္ျဖစ္ျဖစ္ မ်က္ႏွာကို ကိုင္တတ္ကုတ္တတ္သူလား။
ဒါဆိုရင္ေတာ့ သင္ဝက္ၿခံေပါက္ရတဲ့ အေၾကာင္းအရင္းက မ်က္ႏွာကို ကိုင္တာေၾကာင့္ပါ။
လက္ေခ်ာင္းမွာ ကပ္ေနတဲ့ ဘက္တီးရီးယားေလးေတြက ေခြၽးေပါက္ထဲဝင္ေရာက္ၿပီး ဝက္ၿခံေတြကိုျဖစ္ေစတာပါ။ မ်က္ႏွာကို လက္နဲ႔ မထိမိေစဖို႔ ႀကိဳးစားပါ။
၂- ဝက္ၿခံညႇစ္တာ
ဝက္ၿခံက ညႇစ္လိုက္လို႔မသက္သာသြားပါဘူး။ ပိုဆိုးသြားမွာပါ။
ဝက္ၿခံညႇစ္လိုက္တဲ့အခါ ဘက္တီးရီးယားေတြက အေရျပားေအာက္ထဲကို အလြယ္တကူဝင္ေရာက္သြားၿပီး
ဝက္ၿခံကို ပိုေရာင္ရမ္းေစႏိုင္သလို အမာ႐ြတ္ေတြ က်န္ခဲ့ေစႏိုင္ပါတယ္။ ဝက္ၿခံမညႇစ္ပါနဲ႔။




၃- မ်က္ႏွာကို ပုံမွန္ မသန႔္စင္တာ
မ်က္ႏွာကို ခဏခဏသန႔္စရာမလိုေပမယ့္ တစ္ေန႔ကို မနက္တစ္ႀကိမ္ နဲ႔ ညအိပ္ရာမဝင္ခင္တစ္ႀကိမ္ေတာ့ သန႔္ရွင္းဖို႔လိုပါမယ္။
ဒါမွ ဝက္ၿခံကင္းၿပီး အသားအေရၾကည္လင္မွာပါ။ အိပ္ရာမဝင္ခင္ မ်က္ႏွာကို သန႔္စင္တာက မျဖစ္မေနလုပ္သင့္တဲ့ အသားအေရထိန္းသိမ္းမႈတစ္ခုပါ။
၄- ေရေသာက္နည္းတာ
ေရဓာတ္ျပည့္ဝတာက ခႏၶာကိုယ္ က်န္းမာေစ႐ုံတင္မဟုတ္ပါဘူး။ အသားအေရကိုလည္း ၾကည္လင္ေစပါတယ္။
ဝက္ၿခံကင္းၿပီး အသားအေရက်န္းမာေစဖို႔ဆိုရင္ ေရဓာတ္လုံေလာက္ျပည့္ဝေအာင္ ေသာက္သုံးဖို႔လိုမွာပါ။
၅- စိတ္ဖိစီးမႈ မ်ားတာ
စိတ္ဖိစီးမႈမ်ားတာကကလည္း အသားအေရကိုထိခိုက္ေစႏိုင္သလို ဝက္ၿခံေတြျဖစ္ေပၚေစဖို႔လည္း အားေပးပါတယ္။
စိတ္ဖိစီးမႈမ်ားတဲ့အခါ ဝက္ၿခံေတြက ျဖစ္လာစၿမဲပါ။ ဒါေၾကာင့္ တစ္ေန႔ကို ၁၅ မိနစ္ေလာက္ တရားထိုင္ၿပီး ဝက္ၿခံ သက္သာေအာင္လုပ္ေပးလို႔ရပါတယ္။




၆-အယ္လ္ကိုေဟာ ေသာက္သုံးမႈမ်ားတာ
အယ္လ္ကိုေဟာကို အလြန္အကြၽံေသာက္သုံးတာ၊ အယ္လ္ကိုေဟာပါတဲ့ ေသာက္စရာေတြကို
ေသာက္သုံးတာေၾကာင့္လည္း အသားအေရထိခိုက္ၿပီး ဝက္ၿခံေတြျဖစ္ေစႏိုင္ပါတယ္။ အယ္လ္ကိုေဟာ ေလွ်ာ့ပါ။
၇- ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြ စားသုံးမႈမ်ားတာ
တစ္ေန႔တာစားသုံးမႈမွာ ကယ္လ္ဆီယမ္ပါဝင္ဖို႔လိုတယ္ဆိုေပမယ့္ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြကို အလြန္အကြၽံစားသုံးတာက ဝက္ၿခံေတြကို ျဖစ္ေစႏိုင္ပါတယ္။
ဝက္ၿခံမျဖစ္ေစဖို႔ဆိုရင္ အေကာင္းဆုံးက အဆီထုတ္ထားတဲ့ ဒိန္ခ်ဥ္၊ ႏြားႏို႔ေတြကို စားသုံးတာပါ။




၈- ကိုယ္လက္ေလ့က်င့္ခန္း မလုပ္တာ
ဝက္ၿခံ သက္သာေစဖို႔က အသားအေရထိန္းသိမ္း႐ုံနဲ႔ အဆင္မေျပပါဘူး။ အသားအေရထိန္းသိမ္းမႈ၊
အစားအေသာက္ဂ႐ုစိုက္မႈအျပင္ သင့္တင့္တဲ့ ကိုယ္လက္လႈပ္ရွားမႈကို လုပ္ဖို႔လည္း လိုပါမယ္။
ဒါေၾကာင့္ တစ္ေန႔တာမွာ အနည္းဆုံး ၁၅ မိနစ္ကေန နာရီဝက္ေလာက္အထိ ကိုယ္လက္ေလ့က်င့္ခန္း လုပ္ေပးပါ။
၉- အိပ္ေရးဝေအာင္ မအိပ္တာ
အိပ္ေရးဝတာက အသားအေရကို ၾကည္လင္ေစၿပီး စိတ္လန္းဆန္းေစသလို ေရာဂါဘယေတြလည္း ကင္းေစႏိုင္ပါတယ္။
ဒါေၾကာင့္ ဝက္ၿခံသက္သာခ်င္တယ္ဆိုရင္ညတိုင္း အိပ္ေရးဝဝအိပ္ဖို႔လိုပါမယ္။
crd