တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်းအကျဉ်း

Knowledge

Unicode
တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီးဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ဝါခေါင်လဆန်း(၁၂)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဩဂုတ်လ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။ဒီနေ့နံနက်(၄း၅၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၉)နာရီဖြစ်ပြီး၊ ညနေ(၆း၃၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်

ဒီနေ့ဟာတီထိမြေခံအရ အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ရှောင်သင့် ပါ တယ်။

hihihihihihihihihi

this is test

ဒီနေ့ဟာ နဂါးပေါ်ရက်၊ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ ၁၁လုံးပဲရှိပါသေးတယ်။ ပျော်ရွှင်ခြင်း၊ကြွယ်ဝခြင်းကိုပေးတဲ့ နန္ဒာတီထိကျ ရောက်တဲ့နေ့ရက်ပါပဲ။ အမှုအခင်းတွေရှိရင်ပြေလည်သွားပါလိမ့်မယ်။ တပတ်ရစ်ပစ္စည်းများ၊ရှေ့ဟောင်းပစ္စည်းများ အရောင်း အဝယ်ပြုရန်ကောင်းတယ်။

အိမ်မွေးတိရစ္ဆာန်များရောင်းဝယ်ခြင်းတွေ၊ဥယျဉ်ခြံလုပ်ငန်းဆောင်ရွက်ခြင်းတွေအထူးကောင်းပါတယ်။ မေတ္တာရေး ရာကိစ္စများအစပျိုးခြင်းတွေ၊ငွေကြေးကိစ္စများဆောင်ရွက်ခြင်းအထူးဆောင်ရွက်နိုင်ပါတယ်။

ကျန်းမာရေးနဲ့ ပတ် သက်ပြီး ဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါတယ်။ ဒါကြောင့်ဒီလိုနေ့ရက်မျိုးမှာတော့ အိမ်သစ်တတ်ခြင်း၊ အဝတ် အစားသစ်ဝတ်ဆင်ခြင်း၊ လက်ဝတ်ရတနာများ ဆင်မြန်ခြင်းကိစ္စတွေ အထူးဆောင်ရွက်လို့ကောင်းပါလိမ့်မယ်။ ပန်းချီပန်းပု၊မြန်မာမှုနှင့်ဆိုင်သောအလုပ်များ တိုးတတ်အောင်မြင်မှုတွေရလာတတ်ပါတယ်။

စက်ကားများ ရောင်းခြင်း၊ဝယ်ခြင်းအလဲအထပ်လုပ်ခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။ အခွင့်အရေးနှစ်မျိုးနှစ်ခွ ပုံစံမျိုးတွေကြုံရတတ်ပါတယ်။ ရွေးချယ်ရခက်နေတယ်ဆိုရင်တော့ သံယောဇဉ်ကို ဦးစားမပေးဘဲ ရေရှည်ကြည့် ပြီးဆုံးဖြတ်ပါလို့မှာချင်ပါတယ်။ ဂျာနယ်များ၊စာစောင်များ၊ စာအုပ်များ၊မဂ္ဂဇင်းများ စတင်ထုတ်ဝေဖြန့်ချီခြင်းများ အထူးအောင်မြင်တတ်ပါတယ်။

အစုရှယ်ယာများဝင်ခြင်း၊ ငွေကြေးအပေးအယူလုပ်ခြင်း၊ငွေချေးငှားခြင်းတွေလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဆိုင်းဘုတ်တင်ခြင်း၊ လုပ်ငန်းသစ်တစ်ခုစတင်လည်ပတ်ခြင်းများ ဒီနေ့မှာဆောင်ရွက်ခြင်းဖြင့် ရေရှည်ကောင်းမွန် တာမျိုးကြုံရမှာပါ။ ပညာရေးဝန်ဆောင်မှုများ၊စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာရပ်နှင့် ဆိုင်သော ဟောပြောပွဲများဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ခရီးသွားရာမှာတော့ အပျော်ခရီးများ၊ဘုရားဖူးခရီးများလဲ သွားလို့သင့်ပါတယ်။ လုပ်ငန်းစီးပွားနဲ့ဆိုင်သော ခရီးတွေ ကတော့သွားလို့မသင့်ပါဘူး။ယနေ့တွင် ကာမမကြူးအပ်။ အလှူမင်္ဂလာကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ ပညာသင်တန်း တက်ရောက်ခြင်း၊ စတင်အပ်နှံခြင်းများ မပြုရပါ။ ငွေကြေး၊ လက်ပြောင်း၊ လက်လွှဲ သတိရှိပါ။ လူအများ ကတိ ပျက်ယွင်းတတ်သည်။ အလုပ်နေရာ၊ နေအိမ်နေရာ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်းများ မလုပ်သင့်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(ဝဝး၂၀)နာရီမှ (၀၁း၁၁)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ဒီအချိန်ကာလအတွင်းမဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲ တာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံ စွာဝတ်ပါ။

Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့ အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယို ဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေ ရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦး တွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ် လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ဗြိစ္ဆာစန်း၊မွန်းလွဲ ၁၂နာရီ၂၀မိနစ်ကျော်ရင် စန်းက ဓနုရာသီပြောင်း ပါတယ်။ ကရကဋ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာသူများတွေနဲ့မတူ မိမိစိတ်ကိုကောင်းစွာထိန်းချုပ်နိုင် ကြတဲ့သူတွေဖြစ်ပါတယ်။

စူးစမ်းမှုတွေအားကောင်းသူ၊လေ့လာမှုတွေများသူဖြစ်တာကြောင့် ဘဝအခက်အခဲကို ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။ ငယ်ရွယ်စဉ်တွေမှာတော့ ခက်ခဲတာတွေသိပ်မရှိတဲ့သူတွေဖြစ်ပါတယ်။ အသက် ၄၀ကျော်ရင်တော့ အခက်အခဲတွေကိုရင်ဆိုင်ရလေ့ရှိပါတယ်။ အသက် ၄၁ကနေ အသက်၅၀ထိကံညံ့တတ်တယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(ရး၂၃) နာရီမှ မနက်(၈း၅၉)နာရီအတွင်း ကျ ရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္လာ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ တနင်္ဂနွေ သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် ညိုဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို အထူး အလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဘုရားမှာအလင်းတိုင် ပူဇော်ပြီးမှ သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပျားရည် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အလုပ်ထဲမှာဖိအားတွေနဲ့ လုပ်ကိုင်ရတတ်ပါတယ်။ကံကောင်း ခြင်းတွေရဖို့ထက် ဉာဏ်ဝီရိယအားကို တိုးပွား အောင် လုပ်သင့်ပါတယ်။ ဆင်ခြင်ဉာဏ်ရှိဖို့လိုတယ်။ အဲလိုမှမဟုတ် ရင်အလုပ်ခွင်မှာ မှားမှားယွင်းယွင်း တွေဖြစ် နေ ရတတ်ပါတယ်။

မိမိကျန်းမာရေးကိုဂရုစိုက်လိုက်ပါ။ မိုးမိမခံနဲ့ ။ မိခင် ရှိရင်လဲ မိခင်ကျန်းမာရေးကို ဂရုစိုက် ပေးပါ။ငွေကုန်ရပေမဲ့ တစ်ခုခုတော့အဖတ်တင်ပါလိမ့်မယ်။သားသမီးတွေကို ဆိုဆုံးမခက်ရတတ်ပါတယ်။ မိတ်ဆွေ ကောင်းတွေရဲ့ အကူအညီတွေတော့ ရလာတတ်ပါတယ်။ အဖိုးတန် ပစ္စည်း များမေ့ကျန် ကျပျောက်တတ်ပါတယ်။

တနင်္လာ

အဘက်ဘက်ကကံအင်အားကောင်းနေတတ်ပါတယ်။ သူ တစ်ပါးတွေကိုလဲ ကောင်းစွာကူညီပေးနိုင်ပါလိမ့်မယ်။ မိမိလိုချင်တဲ့စက်ပစ္စည်းတွေဒီနေ့မှာဝယ်ဖြစ်ပါလိမ့်မယ်။ စာအုပ်စာပေတွေထဲ ကအသိဉာဏ်တွေကို ရရှိလာ နိုင်ပါ တယ်။

ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ကောင်းမွန်သော၊ သမ္မာအာဇီဝကျသောအလုပ်တွေကနေ ဝင်ငွေထူးထူး ခြားခြား ရပါလိမ့်မယ်။နိုင်ငံခြားကိစ္စတွေဆောင်ရွက်လို့ အဆင် ပြေနိုင်ပါတယ်။

ဆွေမျိုးထက်တစိမ်း တရံတွေဆီက အကြံဉာဏ်ကောင်းတွေရလာတတ်ပါတယ်။ကိုယ်၏ကျန်းမာခြင်းတွေနဲ့ပြည့်စုံကုံလုံမဲ့နေ့ရက်မျိုးပါပဲ။ သားသမီးအောက်လက်ငယ်သားတွေကို မိမိတို့လိုရာပုံသွင်းနိုင်မဲ့နေ့ရက်ပါပဲ။

အင်္ဂါ

အကြပ်အတည်းတွေများပါတယ်။ မိမိလုပ်ချင်တာတွေကိုလဲ လုပ်ခွင့်မရနိုင်သေးပါဘူး။ ငွေတွေမြုပ်ရင်လဲ ပြန်ဖော် ရ ခက်ပါတယ်။အရေးကြီးတဲ့ကိစ္စများ၊ငွေကြေးရင်းနှီးမြုပ်နှံခြင်း များလဲ အထူးရှောင်လိုက်ပါ။

ကျန်းမာရေးကလဲ အခြားအရာဆိုအဆင်ပြေပေမဲ့ ဗိုက်အောက်ဗိုက်နာတယ်ဆိုရင် တော့မပေါ့သင့်ပါဘူး။ မိမိစချင်တဲ့၊ မိမိလုပ်ချင်တဲ့ အလုပ်ကိစ္စတွေအတွက်စတင်ပြင်ဆင်လို့တော့အထူးကောင်းပါ တယ်။

ဘာသာရေးနဲ့ ပတ်သက်ပြီး သံဝေဂဉာဏ် ရရှိတတ်ပါတယ်။ ကိုယ်ပိုင်ဆိုင်များ ရောင်းအားကောင်းပေမဲ့ အကြွေး အလွန်ကျနေတတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

မိမိအတွက်အရာရာလောင်းရိပ်မိနေတတ်ပါတယ်။ မိမိ စိတ်ကူးအကြံအစည်း တိုင်းလုပ်ခွင့်မရတတ်တဲ့ နေ့ရက် ပါပဲ။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ကုန်ကျစရိတ်များနေ မယ်။ မိမိစုထားတာလေး တွေထုတ်သုံးရတတ် ပါ တယ်။

ကျန်းမာရေးနဲ့ ပတ်သက်ရင် အဆုတ်ပွပြီးချောင်းဆိုးတတ်ပါ တယ်။ မိမိအနားမှာမိတ်ဆွေအတုအယောင် တွေများနေတတ်ပါတယ်။ ဝန်ထမ်းများ အလုပ်မယ်မယ်ရရမရှိပေမဲ့ အလုပ်နဲ့ပတ်သက်တဲ့ခရီးမျိုးတွေ ကြုံရနိုင် ပါတယ်။လက်ဝယ် ရှိတဲ့ စက်ပစ္စည်းတွေလဲ အပျက်များနေတတ်ပါတယ်။ ကံကောင်းတာကဘာဝနာတရား အလုပ် တွေက အထူးတိုးတတ်နိုင်တယ်ဗျ။

ကြာသပတေး

အညံ့တွေစတင်ပြေပျောက်ပါလိမ့်မယ်။ လူအများရဲ့လေးစားခြင်းကို ခံရတတ်ပါတယ်။မိတ်ဆွေသူငယ်ချင်းတွေ ဆီကအကူအညီတွေရလိမ့်မယ်။ သားသမီးတွေကြောင့် မိဘတွေ ဂုဏ်တတ် ပါလိမ့်မယ်။

ငွေကြေးနဲ့ပတ်သက် ပြီးတော့လဲ ရှာဖွေစုဆောင်းလို့အထူးကောင်းပါတယ်။ ကျန်းမာရေးကို လဲအထူးတိုးတတ်အောင် စွမ်းဆောင် နိုင်လိမ့်မယ်။ ခံစားရတဲ့ဝေဒနာတွေသက်သာခွင့်ရလာပါလိမ့်မယ်။

ခရီးကိစ္စ များအထူးအဆင်ပြေ ပါလိမ့်မယ်။ လုပ်ငန်းနဲ့ ပတ်သက်ပြီး အထက်လူကြီးရဲ့သင်ပြမှုတွေကို ရရှိပါလိမ့်မယ်။ မိသားစု ကိစ္စများ အဆင်ပြေချောမွေ့နေ ပါလိမ့်မယ်။

သောကြာ

စိတ်ချမ်းသာရတတ်ပါတယ်။ ကြည်နူးပျော်ရွှင်ရပါလိမ့် မယ်။မိမိအတွက်ကောင်းသောလိုအင်ဆန္ဒ တွေပြည့်၀ ရတတ်ပါတယ်။ချစ်သူဆီကတန်ဖိုးထားစရာလက်ဆောင်တွေ လဲရလာတတ်ပါတယ်။

မိသားစုမပြေလည်တာ တွေ ကိုကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ အကောင်းဘက်ကိုများပါတယ်။ အလှအပ နဲ့ပတ်သက် သော အလုပ်တွေအထူးကောင်းပါတယ်။

အလှကုန်ပစ္စည်း များစတင်ရောင်းချခြင်းအထူး ကောင်းပါတယ်။ဒါနတွေ အလွန်ပြုရတတ်ပါတယ်။လူချစ်လူခင်များနေတတ်ပြီး အချစ် ရေးကိစ္စတွေမှာလဲစန်း အလွန်ပွင့်နေတတ်ပါ တယ်။

စနေ

အလုပ်တွေတိုးတတ်လာလိမ့်မယ်။ အဝေးမှာချဲ့ထွင်ထား တဲ့အလုပ်တွေကအကျိုးအမြတ်ကြီးစွာရရှိပါလိမ့်မယ်။ လှောင်ကုန်တွေရောင်းထွက်ပါလိမ့်မယ်။ တစ်ပတ်ရစ်များ၊ second ပစ္စည်းရောင်းချသူများအဆင်ပြေပါလိမ့်မယ်။

သူတစ်ပါးတွေကိုနားဝင်အောင်၊မိမိကိုလက်ခံလာအောင် သိမ်းသွင်းနိုင်ပါလိမ့်မယ်။ အချစ်ရေးကိစ္စတွေမှာတော့ စန်းပွင့်နေတတ်ပါတယ်။အိမ်ထောင်သည်များမြူဆွယ်ခြင်း ခံရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး မိမိတွေးထား တာတွေရှိရင်အကောင်အထည်ဖော်ပါ။ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Zawgyi

တစ္ေန႔တာလမ္းညႊန္ခ်က္၊ေဆာင္ရန္ေရွာင္ရန္ သိစရာမ်ားႏွင့္ ၇ရက္သားသမီးေဟာစာတမ္းအက်ဥ္း

ဒီေန႔ဟာ ျမန္မာသကၠရာဇ္ ၁၃၈၄ခုႏွစ္၊ ဝါေခါင္လဆန္း(၁၂)ရက္၊ တနလၤာေန႔ ျဖစ္ပါတယ္။ ခရစ္ႏွစ္ ၂၀၂၂ခုႏွစ္၊ဩဂုတ္လ(၈)ရက္ေန႔လဲ ျဖစ္ပါတယ္။ဒီေန႔နံနက္(၄း၅၁)နာရီမွာ အ႐ုဏ္တတ္ပါတယ္။ ေနထြက္ခ်ိန္နံနက္(၅း၃၉)နာရီျဖစ္ၿပီး၊ ညေန(၆း၃၂)နာရီမွာ ေနဝင္ပါတယ္။

ဒီေန႔မွာ ေဆာင္သင့္တဲ့လာဘ္ေနအရပ္က အေနာက္အရပ္ ျဖစ္ပါတယ္။ ေရွာင္သင့္တဲ့ နတ္ေနအရပ္က အေရွ႕အရပ္ ျဖစ္ပါတယ္။ စန္းပြင့္ရာအရပ္က ေျမာက္အရပ္ ျဖစ္ပါတယ္။

လက္သမားေျမခံ ေခြး ေျမခံျဖစ္၍ ပ်က္စီးျခင္းကို ေပးတဲ့ေန႔ျဖစ္တာေၾကာင့္ ပ်ဥ္ေထာင္အိမ္ေတြ၊ တဲေတြ၊ ဆိုင္ခန္း၊ လိုင္းခန္း တည္ေဆာက္ျခင္းေတြ၊ အိမ္ခန္းဖြဲ႕တာေတြ၊ ေျမတူးဆြတာေတြကို အထူးေရွာင္သင့္ပါတယ္

ဒီေန႔ဟာတီထိေျမခံအရ အဂၤါေျမခံတဲ့ေန႔ျဖစ္ပါတယ္။ အဂၤါေျမခံအရ က်န္းမာေရးႏွင့္ပတ္သက္၍ အထူး ထိခိုက္နိုင္တဲ့ေန႔ရက္ျဖစ္တာေၾကာင့္ ခိုင္ခန႔္တဲ့အေဆာက္အဦးေတြ၊ေက်ာင္းေတြသိမ္ေတြ၊ လမ္း တံတား ေတြ၊ အထပ္ျမင့္အေဆာက္အဦးေတြ စတင္ ေဆာက္လုပ္တာ တိုင္ထူတာပႏၷက္ရိုက္တာမ်ိဳးေတြအထူး ေရွာင္သင့္ ပါ တယ္။

ဒီေန႔ဟာ နဂါးေပၚရက္၊ သမားညိဳ ရက္က်ေရာက္ေနတာျဖစ္ပါတယ္။

ဒီေန႔ဟာ တီထိအရေတာ့ လဆန္းတီထိ ၁၁လုံးပဲရွိပါေသးတယ္။ ေပ်ာ္ရႊင္ျခင္း၊ႂကြယ္ဝျခင္းကိုေပးတဲ့ နႏၵာတီထိက် ေရာက္တဲ့ေန႔ရက္ပါပဲ။ အမႈအခင္းေတြရွိရင္ေျပလည္သြားပါလိမ့္မယ္။ တပတ္ရစ္ပစၥည္းမ်ား၊ေရွ႕ေဟာင္းပစၥည္းမ်ား အေရာင္း အဝယ္ျပဳရန္ေကာင္းတယ္။

အိမ္ေမြးတိရစၧာန္မ်ားေရာင္းဝယ္ျခင္းေတြ၊ဥယ်ဥ္ၿခံလုပ္ငန္းေဆာင္ရြက္ျခင္းေတြအထူးေကာင္းပါတယ္။ ေမတၱာေရး ရာကိစၥမ်ားအစပ်ိဳးျခင္းေတြ၊ေငြေၾကးကိစၥမ်ားေဆာင္ရြက္ျခင္းအထူးေဆာင္ရြက္နိုင္ပါတယ္။

က်န္းမာေရးနဲ႔ ပတ္ သက္ၿပီး ေဒါင္ေဒါင္ျမည္ေကာင္းေနတတ္ပါတယ္။ ဒါေၾကာင့္ဒီလိုေန႔ရက္မ်ိဳးမွာေတာ့ အိမ္သစ္တတ္ျခင္း၊ အဝတ္ အစားသစ္ဝတ္ဆင္ျခင္း၊ လက္ဝတ္ရတနာမ်ား ဆင္ျမန္ျခင္းကိစၥေတြ အထူးေဆာင္ရြက္လို႔ေကာင္းပါလိမ့္မယ္။ ပန္းခ်ီပန္းပု၊ျမန္မာမႈႏွင့္ဆိုင္ေသာအလုပ္မ်ား တိုးတတ္ေအာင္ျမင္မႈေတြရလာတတ္ပါတယ္။

စက္ကားမ်ား ေရာင္းျခင္း၊ဝယ္ျခင္းအလဲအထပ္လုပ္ျခင္းမ်ားလဲ ေဆာင္ရြက္နိုင္ပါတယ္။ အခြင့္အေရးႏွစ္မ်ိဳးႏွစ္ခြ ပုံစံမ်ိဳးေတြၾကဳံရတတ္ပါတယ္။ ေရြးခ်ယ္ရခက္ေနတယ္ဆိုရင္ေတာ့ သံေယာဇဥ္ကို ဦးစားမေပးဘဲ ေရရွည္ၾကည့္ ၿပီးဆုံးျဖတ္ပါလို႔မွာခ်င္ပါတယ္။ ဂ်ာနယ္မ်ား၊စာေစာင္မ်ား၊ စာအုပ္မ်ား၊မဂၢဇင္းမ်ား စတင္ထုတ္ေဝျဖန႔္ခ်ီျခင္းမ်ား အထူးေအာင္ျမင္တတ္ပါတယ္။

အစုရွယ္ယာမ်ားဝင္ျခင္း၊ ေငြေၾကးအေပးအယူလုပ္ျခင္း၊ေငြေခ်းငွားျခင္းေတြလဲ ေဆာင္ရြက္နိုင္ပါလိမ့္မယ္။ ဆိုင္းဘုတ္တင္ျခင္း၊ လုပ္ငန္းသစ္တစ္ခုစတင္လည္ပတ္ျခင္းမ်ား ဒီေန႔မွာေဆာင္ရြက္ျခင္းျဖင့္ ေရရွည္ေကာင္းမြန္ တာမ်ိဳးၾကဳံရမွာပါ။ ပညာေရးဝန္ေဆာင္မႈမ်ား၊စာတမ္းဖတ္ပြဲမ်ား၊ အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊ ပညာရပ္ႏွင့္ ဆိုင္ေသာ ေဟာေျပာပြဲမ်ားေဆာင္ရြက္လို႔ အထူးေကာင္းပါတယ္။

ခရီးသြားရာမွာေတာ့ အေပ်ာ္ခရီးမ်ား၊ဘုရားဖူးခရီးမ်ားလဲ သြားလို႔သင့္ပါတယ္။ လုပ္ငန္းစီးပြားနဲ႔ဆိုင္ေသာ ခရီးေတြ ကေတာ့သြားလို႔မသင့္ပါဘူး။ယေန႔တြင္ ကာမမၾကဴးအပ္။ အလႉမဂၤလာကိစၥမ်ား ေဆာင္ရြက္ရန္ မသင့္ပါ။ ပညာသင္တန္း တက္ေရာက္ျခင္း၊ စတင္အပ္ႏွံျခင္းမ်ား မျပဳရပါ။ ေငြေၾကး၊ လက္ေျပာင္း၊ လက္လႊဲ သတိရွိပါ။ လူအမ်ား ကတိ ပ်က္ယြင္းတတ္သည္။ အလုပ္ေနရာ၊ ေနအိမ္ေနရာ ျပဳျပင္ျခင္း၊ ေျပာင္းလဲျခင္းမ်ား မလုပ္သင့္ပါ။

ယေန႔ ဓနသိဒၶိနကၡတ္ေပၚ၊မြန္းတည့္မ်ဥ္းျဖတ္တဲ့ အခ်ိန္ကာလကေတာ့(ဝဝး၂၀)နာရီမွ (၀၁း၁၁)နာရီအတြင္း အတြင္းျဖစ္ပါတယ္။ဒီအခ်ိန္ကာလအတြင္းမဟာ ေဝဒဗၺ မႏၲန္ေတာ္ႀကီး ရြတ္ဖတ္ျခင္း၊ လာဘ္ရႊင္ဂါထာ၊ ေငြရဂါထာ မ်ားရြတ္ ဖတ္ျခင္းျဖင့္ ေငြေၾကးလာဘ္လာဘေပါ မ်ားျခင္း၊ေရႊေငြရတနာ စည္းစိမ္ႂကြယ္ဝလာျခင္းမ်ား ၾကဳံလာရ ပါလိမ့္မယ္။ မိမိတို႔အတိတ္ကံအေလ်ာက္ ပမာဏ အနည္းအမ်ားကြာေပမဲ့ ေငြေၾကးျပတ္လပ္သြားတာမ်ိဳးမရွိျခင္း၊ ေငြလိုရင္ ကူညီမဲ့သူေပၚလာျခင္းအက်ိဳးသြားမ်ား ရရွိနိုင္ပါတယ္။

နဂါးေပၚရက္ဆိုတာကေတာ့ အျခားအညံ့အဆိုးျဖစ္တာေတာ့မဟုတ္ပါဘူး။ နဂါးေပၚရက္က်ေရာက္တဲ့ေန႔ မ်ိဳးက accident ျဖစ္လြယ္ပါတယ္။ ယာဥ္ကားကို သတိထားေမာင္းႏွင္ပါ။ လမ္းျဖတ္ကူးတာလဲသတိရွိပါတယ္။ ေခ်ာ္လဲ တာ စလစ္ျဖစ္တာမ်ိဳးေတြလဲျဖစ္လြယ္ပါတယ္။ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြမွာလုပ္ကိုင္သူဆို safety ျပည့္စုံ စြာဝတ္ပါ။

Halmet ေဆာင္းတာ၊ safety shoe ဝတ္ဆင္တာမ်ိဳးကို ဂ႐ုတစိုက္လုပ္ပါ။ ဒီေန႔မွာ PPE ျပည့္စုံ စြာနဲ႔ အလုပ္လုပ္ပါ။ အျမင့္တတ္ရင္လဲ သတိထားပါ။ ဒီလိုေန႔မ်ိဳးမွာ မေတာ္တဆထိခိုက္မႈေလးေတြ ေသြးထြက္ သံယို ဆိုတာမ်ိဳးေတြ ျဖစ္လြယ္ပါတယ္။ ဒါေၾကာင့္သတိရွိစြာ လုပ္ကိုင္ေဆာင္ရြက္ပါ။

သမားညိဳရက္ျဖစ္တာေၾကာင့္ အိမ္ေျပာင္းေရႊ႕တာ၊ အလုပ္ဆိုင္ ေျပာင္းတာ၊ အလုပ္႐ုံးခန္းေျပာင္းတာ မ်ိဳးေတြ ေရွာင္ အပ္ပါတယ္။ပညာစၿပီးသင္ယူလို႔မေကာင္းေသးပါဘူး။ ခိုင္ခန႔္ေသာ၊ေရရွည္တည္တံ့ေသာ အေဆာက္အဦး ေတြကို စတင္ေဆာက္လုပ္တာ ၊တိုင္ထူတာ၊ပႏၷက္ရိုက္တာ၊ မ်ိဳးေတြလုပ္မိရင္ အဆုံးမသတ္ ဘဲတစ္ပိုင္းတစ ျဖစ္ လြယ္ပါတယ္။

ဒီေန႔ေမြး ရင္ေသြးငယ္မ်ားဟာ အဓိပတိဖြား၊ ၿဗိစၧာစန္း၊မြန္းလြဲ ၁၂နာရီ၂၀မိနစ္ေက်ာ္ရင္ စန္းက ဓႏုရာသီေျပာင္း ပါတယ္။ ကရကဋ္ရာသီဖြားျဖစ္ပါသည္။ဒီေန႔ေမြးသူမ်ားဟာသူမ်ားေတြနဲ႔မတူ မိမိစိတ္ကိုေကာင္းစြာထိန္းခ်ဳပ္နိုင္ ၾကတဲ့သူေတြျဖစ္ပါတယ္။

စူးစမ္းမႈေတြအားေကာင္းသူ၊ေလ့လာမႈေတြမ်ားသူျဖစ္တာေၾကာင့္ ဘဝအခက္အခဲကို ေကာင္းစြာေျဖရွင္းနိုင္ပါလိမ့္မယ္။ ငယ္ရြယ္စဥ္ေတြမွာေတာ့ ခက္ခဲတာေတြသိပ္မရွိတဲ့သူေတြျဖစ္ပါတယ္။ အသက္ ၄၀ေက်ာ္ရင္ေတာ့ အခက္အခဲေတြကိုရင္ဆိုင္ရေလ့ရွိပါတယ္။ အသက္ ၄၁ကေန အသက္၅၀ထိကံညံ့တတ္တယ္။

ဒီေန႔အတြက္ ရာဟုကာလအေမွာင္ခ်ိန္ေတြကေတာ့ မနက္(၇း၂၃) နာရီမွ မနက္(၈း၅၉)နာရီအတြင္း က် ေရာက္ ေနပါတယ္။ဒီအခ်ိန္ကာလအတြင္းမွာ မဂၤလာအခါေပးတာေတြ၊ ေငြေပးေငြယူကိစၥေတြ၊ ကတိကဝတ္ျပဳတာေတြ၊ စာခ်ဳပ္ခ်ဳပ္ဆို တာေတြ၊ ရင္ေသြးငယ္ ခြဲစိတ္ေမြးဖြားတာကအစ ဒီကာလအတြင္းမွာ ေရွာင္နိုင္ရင္ အထူးေကာင္း ပါတယ္။

ဒီေန႔မွာ ကံေကာင္းေသာေန႔သားမ်ား တနလၤာ၊ ေသာၾကာ၊ စေန သားသမီးမ်ားပဲျဖစ္ပါတယ္။

ကံညံ့ေသာ ေန႔သားမ်ားကေတာ့ ဗုဒၶဟူး၊ ရာဟု၊ တနဂၤေႏြ သားသမီးမ်ားပဲျဖစ္ပါတယ္။

ကံသင့္ေသာေန႔သားမ်ားကေတာ့ အဂၤါ၊ ၾကာသပေတး သားသမီးမ်ားပဲျဖစ္ပါတယ္။

ဒီေန႔မွာ နို႔ႏွစ္ေရာင္ ႏွင့္ ညိဳဝါေရာင္ မ်ားမ်ားပါေသာ အဝတ္အစား၊ အသုံးအေဆာင္ပစၥည္းေတြကို အထူး အေလးထား ဝတ္ဆင္သုံးစြဲျခင္းျဖင့္ ကံၾကမၼာရဲ့ အေထာက္အပံ့ေကာင္းေတြကို ရရွိခံစားနိုင္ပါလိမ့္မည္။

ဒီေန႔မွာ ၇ရက္သားသမီးမ်ားအားလုံးအတြက္ အထူးအက်ိဳးေပးမယ့္ Lucky Number ေတြကေတာ့ (၅၊ ၇) ဂဏန္း ေတြပဲ ျဖစ္ပါတယ္။

ဒီေန႔မွာအေရးႀကီးကိစၥေတြရွိလို႔ သြားေရာက္၊ေျပာဆို၊လုပ္ကိုင္ေဆာင္ရြက္ရမယ္ဆိုရင္ေတာ့ဘုရားမွာအလင္းတိုင္ ပူေဇာ္ၿပီးမွ သြားပါ။ပိုမိုအဆင္ ေျပလြယ္ကူေခ်ာေမြ႕ပါလိမ့္မယ္။

အညံ့အဆိုးေတြ ေျပေပ်ာက္ၿပီး ေကာင္းက်ိဳးေတြရရွိေစမယ့္ ယၾတာကေတာ့ ပ်ားရည္ ဘုရားကပ္လႉၿပီး လိုရာ ဆုေတာင္းပါ။ ဒီေလာက္ဆိုေတြးဆ ဆင္ျခင္ နိုင္မယ္လို႔ ယူဆပါတယ္။ ၇ရက္သားသမီးမ်ားအားလုံး ေကာင္းေသာ လိုအင္ဆႏၵေတြျပည့္ဝၾကပါေစ။

၇ရက္သားသမီးအတြက္ တစ္ေန႔တာေဟာစာတမ္းအက်ဥ္း

တနဂၤေႏြ

အလုပ္ထဲမွာဖိအားေတြနဲ႔ လုပ္ကိုင္ရတတ္ပါတယ္။ကံေကာင္း ျခင္းေတြရဖို႔ထက္ ဉာဏ္ဝီရိယအားကို တိုးပြား ေအာင္ လုပ္သင့္ပါတယ္။ ဆင္ျခင္ဉာဏ္ရွိဖို႔လိုတယ္။ အဲလိုမွမဟုတ္ ရင္အလုပ္ခြင္မွာ မွားမွားယြင္းယြင္း ေတြျဖစ္ ေန ရတတ္ပါတယ္။

မိမိက်န္းမာေရးကိုဂ႐ုစိုက္လိုက္ပါ။ မိုးမိမခံနဲ႔ ။ မိခင္ ရွိရင္လဲ မိခင္က်န္းမာေရးကို ဂ႐ုစိုက္ ေပးပါ။ေငြကုန္ရေပမဲ့ တစ္ခုခုေတာ့အဖတ္တင္ပါလိမ့္မယ္။သားသမီးေတြကို ဆိုဆုံးမခက္ရတတ္ပါတယ္။ မိတ္ေဆြ ေကာင္းေတြရဲ့ အကူအညီေတြေတာ့ ရလာတတ္ပါတယ္။ အဖိုးတန္ ပစၥည္း မ်ားေမ့က်န္ က်ေပ်ာက္တတ္ပါတယ္။

တနလၤာ

အဘက္ဘက္ကကံအင္အားေကာင္းေနတတ္ပါတယ္။ သူ တစ္ပါးေတြကိုလဲ ေကာင္းစြာကူညီေပးနိုင္ပါလိမ့္မယ္။ မိမိလိုခ်င္တဲ့စက္ပစၥည္းေတြဒီေန႔မွာဝယ္ျဖစ္ပါလိမ့္မယ္။ စာအုပ္စာေပေတြထဲ ကအသိဉာဏ္ေတြကို ရရွိလာ နိုင္ပါ တယ္။

ေငြေၾကးနဲ႔ပတ္သက္ၿပီးေတာ့လဲ ေကာင္းမြန္ေသာ၊ သမၼာအာဇီဝက်ေသာအလုပ္ေတြကေန ဝင္ေငြထူးထူး ျခားျခား ရပါလိမ့္မယ္။နိုင္ငံျခားကိစၥေတြေဆာင္ရြက္လို႔ အဆင္ ေျပနိုင္ပါတယ္။

ေဆြမ်ိဳးထက္တစိမ္း တရံေတြဆီက အႀကံဉာဏ္ေကာင္းေတြရလာတတ္ပါတယ္။ကိုယ္၏က်န္းမာျခင္းေတြနဲ႔ျပည့္စုံကုံလုံမဲ့ေန႔ရက္မ်ိဳးပါပဲ။ သားသမီးေအာက္လက္ငယ္သားေတြကို မိမိတို႔လိုရာပုံသြင္းနိုင္မဲ့ေန႔ရက္ပါပဲ။

အဂၤါ

အၾကပ္အတည္းေတြမ်ားပါတယ္။ မိမိလုပ္ခ်င္တာေတြကိုလဲ လုပ္ခြင့္မရနိုင္ေသးပါဘူး။ ေငြေတြျမဳပ္ရင္လဲ ျပန္ေဖာ္ ရ ခက္ပါတယ္။အေရးႀကီးတဲ့ကိစၥမ်ား၊ေငြေၾကးရင္းႏွီးျမဳပ္ႏွံျခင္း မ်ားလဲ အထူးေရွာင္လိုက္ပါ။

က်န္းမာေရးကလဲ အျခားအရာဆိုအဆင္ေျပေပမဲ့ ဗိုက္ေအာက္ဗိုက္နာတယ္ဆိုရင္ ေတာ့မေပါ့သင့္ပါဘူး။ မိမိစခ်င္တဲ့၊ မိမိလုပ္ခ်င္တဲ့ အလုပ္ကိစၥေတြအတြက္စတင္ျပင္ဆင္လို႔ေတာ့အထူးေကာင္းပါ တယ္။

ဘာသာေရးနဲ႔ ပတ္သက္ၿပီး သံေဝဂဉာဏ္ ရရွိတတ္ပါတယ္။ ကိုယ္ပိုင္ဆိုင္မ်ား ေရာင္းအားေကာင္းေပမဲ့ အေႂကြး အလြန္က်ေနတတ္ပါတယ္။

ဗုဒၶဟူး၊ရာဟု

မိမိအတြက္အရာရာေလာင္းရိပ္မိေနတတ္ပါတယ္။ မိမိ စိတ္ကူးအႀကံအစည္း တိုင္းလုပ္ခြင့္မရတတ္တဲ့ ေန႔ရက္ ပါပဲ။ ေငြေၾကးနဲ႔ပတ္သက္ၿပီးေတာ့လဲ ကုန္က်စရိတ္မ်ားေန မယ္။ မိမိစုထားတာေလး ေတြထုတ္သုံးရတတ္ ပါ တယ္။

က်န္းမာေရးနဲ႔ ပတ္သက္ရင္ အဆုတ္ပြၿပီးေခ်ာင္းဆိုးတတ္ပါ တယ္။ မိမိအနားမွာမိတ္ေဆြအတုအေယာင္ ေတြမ်ားေနတတ္ပါတယ္။ ဝန္ထမ္းမ်ား အလုပ္မယ္မယ္ရရမရွိေပမဲ့ အလုပ္နဲ႔ပတ္သက္တဲ့ခရီးမ်ိဳးေတြ ၾကဳံရနိုင္ ပါတယ္။လက္ဝယ္ ရွိတဲ့ စက္ပစၥည္းေတြလဲ အပ်က္မ်ားေနတတ္ပါတယ္။ ကံေကာင္းတာကဘာဝနာတရား အလုပ္ ေတြက အထူးတိုးတတ္နိုင္တယ္ဗ်။

ၾကာသပေတး

အညံ့ေတြစတင္ေျပေပ်ာက္ပါလိမ့္မယ္။ လူအမ်ားရဲ့ေလးစားျခင္းကို ခံရတတ္ပါတယ္။မိတ္ေဆြသူငယ္ခ်င္းေတြ ဆီကအကူအညီေတြရလိမ့္မယ္။ သားသမီးေတြေၾကာင့္ မိဘေတြ ဂုဏ္တတ္ ပါလိမ့္မယ္။

ေငြေၾကးနဲ႔ပတ္သက္ ၿပီးေတာ့လဲ ရွာေဖြစုေဆာင္းလို႔အထူးေကာင္းပါတယ္။ က်န္းမာေရးကို လဲအထူးတိုးတတ္ေအာင္ စြမ္းေဆာင္ နိုင္လိမ့္မယ္။ ခံစားရတဲ့ေဝဒနာေတြသက္သာခြင့္ရလာပါလိမ့္မယ္။

ခရီးကိစၥ မ်ားအထူးအဆင္ေၿပ ပါလိမ့္မယ္။ လုပ္ငန္းနဲ႔ ပတ္သက္ၿပီး အထက္လူႀကီးရဲ့သင္ျပမႈေတြကို ရရွိပါလိမ့္မယ္။ မိသားစု ကိစၥမ်ား အဆင္ေျပေခ်ာေမြ႕ေန ပါလိမ့္မယ္။

ေသာၾကာ

စိတ္ခ်မ္းသာရတတ္ပါတယ္။ ၾကည္ႏူးေပ်ာ္ရႊင္ရပါလိမ့္ မယ္။မိမိအတြက္ေကာင္းေသာလိုအင္ဆႏၵ ေတြျပည့္၀ ရတတ္ပါတယ္။ခ်စ္သူဆီကတန္ဖိုးထားစရာလက္ေဆာင္ေတြ လဲရလာတတ္ပါတယ္။

မိသားစုမေျပလည္တာ ေတြ ကိုေကာင္းစြာေျဖရွင္းနိုင္ပါလိမ့္မယ္။ က်န္းမာေရးကေတာ့ အေကာင္းဘက္ကိုမ်ားပါတယ္။ အလွအပ နဲ႔ပတ္သက္ ေသာ အလုပ္ေတြအထူးေကာင္းပါတယ္။

အလွကုန္ပစၥည္း မ်ားစတင္ေရာင္းခ်ျခင္းအထူး ေကာင္းပါတယ္။ဒါနေတြ အလြန္ျပဳရတတ္ပါတယ္။လူခ်စ္လူခင္မ်ားေနတတ္ၿပီး အခ်စ္ ေရးကိစၥေတြမွာလဲစန္း အလြန္ပြင့္ေနတတ္ပါ တယ္။

စေန

အလုပ္ေတြတိုးတတ္လာလိမ့္မယ္။ အေဝးမွာခ်ဲ႕ထြင္ထား တဲ့အလုပ္ေတြကအက်ိဳးအျမတ္ႀကီးစြာရရွိပါလိမ့္မယ္။ ေလွာင္ကုန္ေတြေရာင္းထြက္ပါလိမ့္မယ္။ တစ္ပတ္ရစ္မ်ား၊ second ပစၥည္းေရာင္းခ်သူမ်ားအဆင္ေျပပါလိမ့္မယ္။

သူတစ္ပါးေတြကိုနားဝင္ေအာင္၊မိမိကိုလက္ခံလာေအာင္ သိမ္းသြင္းနိုင္ပါလိမ့္မယ္။ အခ်စ္ေရးကိစၥေတြမွာေတာ့ စန္းပြင့္ေနတတ္ပါတယ္။အိမ္ေထာင္သည္မ်ားျမဴဆြယ္ျခင္း ခံရတတ္ပါတယ္။ အလုပ္နဲ႔ပတ္သက္ၿပီး မိမိေတြးထား တာေတြရွိရင္အေကာင္အထည္ေဖာ္ပါ။ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

Leave a Reply

Your email address will not be published.