၈၈၈၈ က ကမ်းလိုက်တဲ့ အောင်လံနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပန်းဝင်မှာပါ (မင်းကိုနိုင်)

News

Unicode
၈၈၈၈ က ကမ်းလိုက်တဲ့ အောင်လံနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပန်းဝင်မှာပါ (မင်းကိုနိုင်)

နွေဦးတော်လှန်ရေး စကတည်းကနေပြီးတော့ မိမိတို့ရဲ့ ကိုယ်စီ ကိုယ်စီ တန်ဖိုးတွေ လုပ်အားတွေကို ထဲ့ဝင်စိုက်ထုတ်လာခဲ့ကြတဲ့ အပေါ်မှာ

အသိအမှတ်ပြုပါကြောင်း၊ ကျေးဇူးများတင်ပါကြောင်း၊ ဦးစွာပြောပါရစေ။

၈၈၈၈ ကတော့ ၃၄ နှစ် ပြည့်ခဲ့ပါပြီ။ မီတဲ့သူတွေလည်း ရှိသလို မမှီတဲ့ သူတွေလည်း ရှိပါတယ်။

ဒါပေမယ့် ဒီနေ့အထိ ပြည်သူတရပ်လုံးက အဲဒီ ၈၈၈၈ က စိတ်ဓါတ်မျိုးနဲ့ ဇွဲသန်နေကြတုန်းပါပဲ။

hihihihihihihihihi

this is test

တော်လှန်ရေးတွေရဲ့ သဘောဟာ တကြိမ်တခါနဲ့ မပြတ်ရင်တော့ လက်ဆင့်ကမ်းရစမြဲပါ။

အခု ၁၉၆၂ ကစပြီးတော့ ဆဲဗင်းဂျူလိုင်ကစ လက်ဆင့်ကမ်းခဲ့ကြတာ ၇၄ ၊ ၇၅ ၊ ၇၆ ပြီးတော့ ၈၈၊ ပြီးတော့

မျိုးဆက်သစ်တွေရဲ့ ၉၆ ၊ ၂၀၀၇ ရွှေဝါရောင် စသဖြင့်ပေါ့၊ လက်ဆင့်ကမ်းခဲ့ကြတာပါ။

အဲဒီ အရေးတော်ပုံ တော်လှန်ရေးတိုင်းမှာ အဟောင်းမျိုးဆက်တွေက သူတို့ကျရာ တာဝန်ယူကြပါတယ်။

၈၈၈၈ တုန်းကလည်း ဒီအတိုင်းပါပဲ သူက တော်လှန်ရေးတိုင်းမှာတော့ မျိုးဆက်သစ်က ရှေ့တန်းကတိုက်ရတာပေါ့ ဒါသဘာဝပေါ့။

ဒါပေမယ့် မျိုးဆက်ဟောင်းတွေက ဝန်းရံကြရတယ်။ သူတို့ကို ကူညီစောင့်ရှောက်ကြရပါတယ်။ အတွေ့အကြုံတွေ မျှရတယ်ပေါ့။

အခုလည်း ဒီအတိုင်းပါပဲ။ အဲဒီတော့ ၈၈၈၈ ဟာ ဘယ်လို အဆုံးသတ်ခဲ့လဲလို့ မေးစရာ တွေးစရာ ရှိပါတယ်။

နေဝင်ခဲ့တာလား ဆန်းစစ်စရာ ရှိပါတယ်။ မှတ်ချက်မျိုးစုံကိုလည်း တွေ့ရပါတယ်။ တကယ်တော့ နေဝင်ခဲ့တာ မဟုတ်ပါဘူး။

ပန်းဝင်ဖို့ နောက်ဆုံး လက်ဆင့်ကမ်းတာပါ၊ နောက်ဆုံး လက်ဆင့်ကမ်းတာပါ။

ဘာကြောင့်လည်းဆိုတော့ ဒီတခါ နွေဦးတော်လှန်ရေးက ပန်းဝင်မှာ မို့လို့ပါ။

အခုကျွန်တော်တို့မှာ ဒီတော်လှန်ရေး အောင်ဖို့အတွက် ရလဒ်ကောင်းတွေ ရှိတယ်လေ။

အခြေခံကောင်းတွေ ရှိတယ်။ ဘာတွေလဲ ဆိုတော့ ရွေးကောက်ပွဲရလဒ်ကတဆင့် CRPH ဖြစ်လာတာ ၊

CRPH ကနေပြီးတော့ NUCC ဖြစ်လာတာ။ အဲဒီကနေပြီးတော့ NUG ဖြစ်လာတာ။

အဲဒီကနေ PDF ပေါ်လာတာ။ ပြောချင်တာကတော့ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲ အနိုင်ရလဒ်ဆိုတဲ့ အရာဟာ ၈၈၈၈ ကနေပြီးတော့

ပါတီစုံဒီမိုကရေစီ စနစ်ကို အရောင်ပြသည် ဖြစ်စေ ရွေးကောက်ပွဲကို လုပ်ခဲ့ရတယ်။

အဲဒီမှာ ရလဒ်ကောင်းတွေ ရှိခဲ့တယ်။ ဒါကနေပြီးတော့ ဒီအခြေအနေ ရောက်တာကိုး။

အဲဒီတော့ မျိုးဆက်တွေဟာ ၊ မျိုးဆက်ဟောင်းတိုင်းဟာ သူတို့ရဲ့ မျိုးဆက် အသစ်တွေကို စောင့်ရှောက်ကာကွယ်ပေးခဲ့ကြလို့

အဲဒီကျေးဇူးတွေကို ၈၈၈၈ အခမ်းအနားမှာလည်း အမှတ်တရ ပြန်ပြောချင်ပါတယ်။ ဝန်းရံတဲ့သူ ရှိသလို ဦးဆောင်တဲ့သူ ရှိပါတယ်။

မျိုးဆက်အသစ် အဟောင်းတွေ တွဲချိတ်ပြီးတော့ ပြည်တွင်း ၊ ပြည်ပ ဒါတွေကို ယန္တယားအသီးသီးမှာ အားကောင်းမောင်းသန် သွားနေတာကို အမြဲသတိရကြပါ။

တိုက်ပွဲဝင်နေတဲ့ ပြည်သူများ ခင်ဗျာ။ မကြာခင်ကမှ စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရမ်းကား ကြမ်းကြုတ်မှုတွေ အတွက် ခံပြင်းနားကျည်းနေကြမှာကိုလည်း နားလည်ပါတယ်။

သူရဲကောင်းတွေရဲ့ အမည်နာမကို ရွတ်ဆိုလိုက်တိုင်းမှာ သွေဖြန်းဖြန်းပူလာပြီး လက်သီးဆုပ် အံကြိတ်နေကြရမှာကိုလည်း နားလည်ပါတယ်။

တကယ်တော့ သူတို့ဟာ ယုံကြည်ချက်အတွက် အသက်ကို ပေးခဲ့ကြတာပါ။

အခုလည်း ဆက်ပြီးတော့ အကျည်းထောင်တွေထဲမှာရော စစ်ကြောရေး စခန်းတွေထဲမှာရော ၊ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရတယ်။

အဲဒီကြားထဲကနေကို တိုက်ပွဲဝင်နေကြတဲ့ ကျွန်တော်တို့ ရဲဘော်များ ရှိပါတယ်။

သူတို့က သူတို့ရဲ့ ဆန္ဒတွေ ၊ သူတို့ရဲ့ ဘဝတွေကို ပြည်သူတွေ သိပါစေ ၊ ကမ္ဘာကြီး သိပါစေလို့ သူတို့တောင်းဆိုနေပါတယ်။

အဲဒါကို လက်ဆင့်ကမ်းလိုက်ကြရအောင်ပါ။ အားလုံးရဲ့ ချီတက် ဆန္ဒပြပွဲတွေမှာ ၊ လှုပ်ရှားမှု မှန်သမျှမှာ

အဲဒီ အသက်အန္တာရယ် ခြိမ်းခြောက်ခံနေရတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်တွေရဲ့ ခံစားချက်နဲ့ ဘဝများ အနာဂါတ်များကို ဖေါ်ပြပေးကြပါ။

ကမ္ဘာကြီးကို ပြောပေးပါ။ စစ်ကောင်စီကို အဆက်ဖြတ် ၊ NUG ကို အသိအမှတ်ပြု ကူညီပါ။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြည်သူ့ကိုယ်စား မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် အသိပြုပါ။ အမှတ်ပြုပါ။

ဒါက ကျွန်တော်တို့ ကမ္ဘာကြီးကို ရှင်းရှင်းလင်းလင်းတော့ ပြောရလိမ့်မယ်။ ကျွန်တော်တို့ဟာ ဖက်ဆစ်စနစ်ကို ဆန့်ကျင်တော်လှန်နေတာ ဖြစ်တယ်။

ပြောချင်တာက ဖက်ဆစ်ကို သွားပြီးတော့ နားချ ဖြောင်းဖျလို့တော့ မရပါဘူး။

သူ့ထက်ပို ကြီးမားတဲ အင်အားနဲ့သာလျှင် အနိုင်ယူ အမြစ်ဖြတ်ရပါလိမ့်မယ်။

အဲဒီ ဖက်ဆစ် စစ်ကောင်စီကတော့ ပြည်သူလူထု ကြောက်အောင် ၊ ခြောက်ခြားအောင် ၊ တုန်လှုပ်အောင် ၊ အညံ့ခံအောင် အမျိုးမျိုး ရက်စက်ပြမှာပဲ။

ဒါပေမယ့် ပြည်သူလူထုကတော့ အဲဒီလို လုပ်ပြတဲ့အခါမှာ လှိုင်းလုံးကြီးများလို တဖန်ရုန်းကြွလာပြန်တယ်။

ဒီတခါ ကမ်းခြေရောက်အောင် ဒီလှိုင်းလုံးကြီးများကို အားယူရပါလိမ့်မယ်။ အဲဒီတော့ လက်တွေ့ကျတဲ့ အလုပ်တွေကို လုပ်ပေးကြပါ။

စစ်ကောင်စီရဲ့ ရပေါက်ရလမ်း မှန်သမျှကို ပိတ်ဆို့ကြပါ ။

သံတမန်ရေး နည်းအရရော ၊ ဘဏ္ဍာရေး နည်းအရရော ၊ ပိတ်ဆို့ပါ ၊ တားဆီးပါ ၊ အဲဒီလှုပ်ရှားမှုတွေမှာ ပါဝင်ပေးပါ။

NUG နဲ့တကွ တော်လှန်ရေးရဲ့ အောင်ရာ ၊ အောင်ကြောင်းအတွက် ရန်ပုံငွေ လှုပ်ရှားမှုတွေက အစ နည်းလမ်းပေါင်းစုံနဲ့ ပါဝင်ပေးကြပါ။

လှူတာ တန်းတာ တခုတည်းကို မပြောပါဘူး။ အားလုံးရဲ့ ဉာဏ်ပညာတွေကို အပြည့်အဝ ထဲ့ဝင်ပေးကြပါ။ ဆက်ပြီးတော့ လက်ခြင်းချိတ်ပြီးတော့ ချီတက်ပေးကြပါ။

ပန်းပွင့်တဲ့ အလုပ်ကို ရိုးတံက လုပ်ပါလိမ့်မယ်။

အမြစ်က အမြစ်အလုပ်ကို လုပ်ရုံပါပဲ။ မြေသားနက်နက်မှာ ရေရှာထွက်ကြရအောင်ပါ။

၈၈၈၈ က ကမ်းလိုက်တဲ့ အောင်လံနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပန်းဝင်မှာပါ။ အရေးတော်ပုံ အောင်ကို အောင်ရမည်။ DNA

Zawgyi

၈၈၈၈ က ကမ္းလိုက္တဲ့ ေအာင္လံနဲ႔အတူ ေႏြဦးေတာ္လွန္ေရးဟာ ပန္းဝင္မွာပါ (မင္းကိုႏိုင္)

ေႏြဦးေတာ္လွန္ေရး စကတည္းကေနၿပီးေတာ့ မိမိတို႔ရဲ႕ ကိုယ္စီ ကိုယ္စီ တန္ဖိုးေတြ လုပ္အားေတြကို ထဲ့ဝင္စိုက္ထုတ္လာခဲ့ၾကတဲ့ အေပၚမွာ

အသိအမွတ္ျပဳပါေၾကာင္း၊ ေက်းဇူးမ်ားတင္ပါေၾကာင္း၊ ဦးစြာေျပာပါရေစ။

၈၈၈၈ ကေတာ့ ၃၄ ႏွစ္ ျပည့္ခဲ့ပါၿပီ။ မီတဲ့သူေတြလည္း ရွိသလို မမွီတဲ့ သူေတြလည္း ရွိပါတယ္။

ဒါေပမယ့္ ဒီေန႔အထိ ျပည္သူတရပ္လုံးက အဲဒီ ၈၈၈၈ က စိတ္ဓါတ္မ်ိဳးနဲ႔ ဇြဲသန္ေနၾကတုန္းပါပဲ။

ေတာ္လွန္ေရးေတြရဲ႕ သေဘာဟာ တႀကိမ္တခါနဲ႔ မျပတ္ရင္ေတာ့ လက္ဆင့္ကမ္းရစၿမဲပါ။

အခု ၁၉၆၂ ကစၿပီးေတာ့ ဆဲဗင္းဂ်ဴလိုင္ကစ လက္ဆင့္ကမ္းခဲ့ၾကတာ ၇၄ ၊ ၇၅ ၊ ၇၆ ၿပီးေတာ့ ၈၈၊ ၿပီးေတာ့

မ်ိဳးဆက္သစ္ေတြရဲ႕ ၉၆ ၊ ၂၀၀၇ ေ႐ႊဝါေရာင္ စသျဖင့္ေပါ့၊ လက္ဆင့္ကမ္းခဲ့ၾကတာပါ။

အဲဒီ အေရးေတာ္ပုံ ေတာ္လွန္ေရးတိုင္းမွာ အေဟာင္းမ်ိဳးဆက္ေတြက သူတို႔က်ရာ တာဝန္ယူၾကပါတယ္။

၈၈၈၈ တုန္းကလည္း ဒီအတိုင္းပါပဲ သူက ေတာ္လွန္ေရးတိုင္းမွာေတာ့ မ်ိဳးဆက္သစ္က ေရွ႕တန္းကတိုက္ရတာေပါ့ ဒါသဘာဝေပါ့။

ဒါေပမယ့္ မ်ိဳးဆက္ေဟာင္းေတြက ဝန္းရံၾကရတယ္။ သူတို႔ကို ကူညီေစာင့္ေရွာက္ၾကရပါတယ္။ အေတြ႕အႀကဳံေတြ မွ်ရတယ္ေပါ့။

အခုလည္း ဒီအတိုင္းပါပဲ။ အဲဒီေတာ့ ၈၈၈၈ ဟာ ဘယ္လို အဆုံးသတ္ခဲ့လဲလို႔ ေမးစရာ ေတြးစရာ ရွိပါတယ္။

ေနဝင္ခဲ့တာလား ဆန္းစစ္စရာ ရွိပါတယ္။ မွတ္ခ်က္မ်ိဳးစုံကိုလည္း ေတြ႕ရပါတယ္။ တကယ္ေတာ့ ေနဝင္ခဲ့တာ မဟုတ္ပါဘူး။

ပန္းဝင္ဖို႔ ေနာက္ဆုံး လက္ဆင့္ကမ္းတာပါ၊ ေနာက္ဆုံး လက္ဆင့္ကမ္းတာပါ။

ဘာေၾကာင့္လည္းဆိုေတာ့ ဒီတခါ ေႏြဦးေတာ္လွန္ေရးက ပန္းဝင္မွာ မို႔လို႔ပါ။

အခုကြၽန္ေတာ္တို႔မွာ ဒီေတာ္လွန္ေရး ေအာင္ဖို႔အတြက္ ရလဒ္ေကာင္းေတြ ရွိတယ္ေလ။

အေျခခံေကာင္းေတြ ရွိတယ္။ ဘာေတြလဲ ဆိုေတာ့ ေ႐ြးေကာက္ပြဲရလဒ္ကတဆင့္ CRPH ျဖစ္လာတာ ၊

CRPH ကေနၿပီးေတာ့ NUCC ျဖစ္လာတာ။ အဲဒီကေနၿပီးေတာ့ NUG ျဖစ္လာတာ။

အဲဒီကေန PDF ေပၚလာတာ။ ေျပာခ်င္တာကေတာ့ ဘာပဲျဖစ္ျဖစ္ ေ႐ြးေကာက္ပြဲ အႏိုင္ရလဒ္ဆိုတဲ့ အရာဟာ ၈၈၈၈ ကေနၿပီးေတာ့

ပါတီစုံဒီမိုကေရစီ စနစ္ကို အေရာင္ျပသည္ ျဖစ္ေစ ေ႐ြးေကာက္ပြဲကို လုပ္ခဲ့ရတယ္။

အဲဒီမွာ ရလဒ္ေကာင္းေတြ ရွိခဲ့တယ္။ ဒါကေနၿပီးေတာ့ ဒီအေျခအေန ေရာက္တာကိုး။

အဲဒီေတာ့ မ်ိဳးဆက္ေတြဟာ ၊ မ်ိဳးဆက္ေဟာင္းတိုင္းဟာ သူတို႔ရဲ႕ မ်ိဳးဆက္ အသစ္ေတြကို ေစာင့္ေရွာက္ကာကြယ္ေပးခဲ့ၾကလို႔

အဲဒီေက်းဇူးေတြကို ၈၈၈၈ အခမ္းအနားမွာလည္း အမွတ္တရ ျပန္ေျပာခ်င္ပါတယ္။ ဝန္းရံတဲ့သူ ရွိသလို ဦးေဆာင္တဲ့သူ ရွိပါတယ္။

မ်ိဳးဆက္အသစ္ အေဟာင္းေတြ တြဲခ်ိတ္ၿပီးေတာ့ ျပည္တြင္း ၊ ျပည္ပ ဒါေတြကို ယႏၲယားအသီးသီးမွာ အားေကာင္းေမာင္းသန္ သြားေနတာကို အၿမဲသတိရၾကပါ။

တိုက္ပြဲဝင္ေနတဲ့ ျပည္သူမ်ား ခင္ဗ်ာ။ မၾကာခင္ကမွ စစ္ေကာင္စီ က်ဴးလြန္ခဲ့တဲ့ ရမ္းကား ၾကမ္းၾကဳတ္မႈေတြ အတြက္ ခံျပင္းနားက်ည္းေနၾကမွာကိုလည္း နားလည္ပါတယ္။

သူရဲေကာင္းေတြရဲ႕ အမည္နာမကို ႐ြတ္ဆိုလိုက္တိုင္းမွာ ေသြျဖန္းျဖန္းပူလာၿပီး လက္သီးဆုပ္ အံႀကိတ္ေနၾကရမွာကိုလည္း နားလည္ပါတယ္။

တကယ္ေတာ့ သူတို႔ဟာ ယုံၾကည္ခ်က္အတြက္ အသက္ကို ေပးခဲ့ၾကတာပါ။

အခုလည္း ဆက္ၿပီးေတာ့ အက်ည္းေထာင္ေတြထဲမွာေရာ စစ္ေၾကာေရး စခန္းေတြထဲမွာေရာ ၊ အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ခံေနရတယ္။

အဲဒီၾကားထဲကေနကို တိုက္ပြဲဝင္ေနၾကတဲ့ ကြၽန္ေတာ္တို႔ ရဲေဘာ္မ်ား ရွိပါတယ္။

သူတို႔က သူတို႔ရဲ႕ ဆႏၵေတြ ၊ သူတို႔ရဲ႕ ဘဝေတြကို ျပည္သူေတြ သိပါေစ ၊ ကမာၻႀကီး သိပါေစလို႔ သူတို႔ေတာင္းဆိုေနပါတယ္။

အဲဒါကို လက္ဆင့္ကမ္းလိုက္ၾကရေအာင္ပါ။ အားလုံးရဲ႕ ခ်ီတက္ ဆႏၵျပပြဲေတြမွာ ၊ လႈပ္ရွားမႈ မွန္သမွ်မွာ

အဲဒီ အသက္အႏၲာရယ္ ၿခိမ္းေျခာက္ခံေနရတဲ့ ကြၽန္ေတာ္တို႔ရဲ႕ ရဲေဘာ္ေတြရဲ႕ ခံစားခ်က္နဲ႔ ဘဝမ်ား အနာဂါတ္မ်ားကို ေဖၚျပေပးၾကပါ။

ကမာၻႀကီးကို ေျပာေပးပါ။ စစ္ေကာင္စီကို အဆက္ျဖတ္ ၊ NUG ကို အသိအမွတ္ျပဳ ကူညီပါ။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ျပည္သူ႔ကိုယ္စား ျမန္မာသံအမတ္ႀကီးအျဖစ္ ဆက္လက္ အသိျပဳပါ။ အမွတ္ျပဳပါ။

ဒါက ကြၽန္ေတာ္တို႔ ကမာၻႀကီးကို ရွင္းရွင္းလင္းလင္းေတာ့ ေျပာရလိမ့္မယ္။ ကြၽန္ေတာ္တို႔ဟာ ဖက္ဆစ္စနစ္ကို ဆန႔္က်င္ေတာ္လွန္ေနတာ ျဖစ္တယ္။

ေျပာခ်င္တာက ဖက္ဆစ္ကို သြားၿပီးေတာ့ နားခ် ေျဖာင္းဖ်လို႔ေတာ့ မရပါဘူး။

သူ႔ထက္ပို ႀကီးမားတဲ အင္အားနဲ႔သာလွ်င္ အႏိုင္ယူ အျမစ္ျဖတ္ရပါလိမ့္မယ္။

အဲဒီ ဖက္ဆစ္ စစ္ေကာင္စီကေတာ့ ျပည္သူလူထု ေၾကာက္ေအာင္ ၊ ေျခာက္ျခားေအာင္ ၊ တုန္လႈပ္ေအာင္ ၊ အညံ့ခံေအာင္ အမ်ိဳးမ်ိဳး ရက္စက္ျပမွာပဲ။

ဒါေပမယ့္ ျပည္သူလူထုကေတာ့ အဲဒီလို လုပ္ျပတဲ့အခါမွာ လႈိင္းလုံးႀကီးမ်ားလို တဖန္႐ုန္းႂကြလာျပန္တယ္။

ဒီတခါ ကမ္းေျခေရာက္ေအာင္ ဒီလႈိင္းလုံးႀကီးမ်ားကို အားယူရပါလိမ့္မယ္။ အဲဒီေတာ့ လက္ေတြ႕က်တဲ့ အလုပ္ေတြကို လုပ္ေပးၾကပါ။

စစ္ေကာင္စီရဲ႕ ရေပါက္ရလမ္း မွန္သမွ်ကို ပိတ္ဆို႔ၾကပါ ။

သံတမန္ေရး နည္းအရေရာ ၊ ဘ႑ာေရး နည္းအရေရာ ၊ ပိတ္ဆို႔ပါ ၊ တားဆီးပါ ၊ အဲဒီလႈပ္ရွားမႈေတြမွာ ပါဝင္ေပးပါ။

NUG နဲ႔တကြ ေတာ္လွန္ေရးရဲ႕ ေအာင္ရာ ၊ ေအာင္ေၾကာင္းအတြက္ ရန္ပုံေငြ လႈပ္ရွားမႈေတြက အစ နည္းလမ္းေပါင္းစုံနဲ႔ ပါဝင္ေပးၾကပါ။

လႉတာ တန္းတာ တခုတည္းကို မေျပာပါဘူး။ အားလုံးရဲ႕ ဉာဏ္ပညာေတြကို အျပည့္အဝ ထဲ့ဝင္ေပးၾကပါ။ ဆက္ၿပီးေတာ့ လက္ျခင္းခ်ိတ္ၿပီးေတာ့ ခ်ီတက္ေပးၾကပါ။

ပန္းပြင့္တဲ့ အလုပ္ကို ႐ိုးတံက လုပ္ပါလိမ့္မယ္။

အျမစ္က အျမစ္အလုပ္ကို လုပ္႐ုံပါပဲ။ ေျမသားနက္နက္မွာ ေရရွာထြက္ၾကရေအာင္ပါ။

၈၈၈၈ က ကမ္းလိုက္တဲ့ ေအာင္လံနဲ႔အတူ ေႏြဦးေတာ္လွန္ေရးဟာ ပန္းဝင္မွာပါ။ အေရးေတာ္ပုံ ေအာင္ကို ေအာင္ရမည္။ DNA

Leave a Reply

Your email address will not be published.