ကလေးကို ကလိထိုးပြီး စနောက်တတ်သောမိဘများ သတိပြုဖွယ်ရာ…

News

Unicode
ကလေးကို ကလိထိုးပြီး စနောက်တတ်သောမိဘများ သတိပြုဖွယ်ရာ…

ကလေးတွေကို ကလိထိုးခြင်းက သိပ်ကိုအန္တရာယ်များပါတယ်။ လူကြီးတွေက ကလေးကို စနောက်ချင်လို့ ကလိ ထိုးကြပါတယ်။ ကလေးကို ကလိထိုးလို့ တခစ်ခစ် ရယ်နေခြင်းက ကလိထိုးတာကို သဘောကျလို့ ရယ်တာ မဟုတ်ပါဘူး။

အချို့ ယားတတ်တဲ့ ကလေးတွေက ကလိထိုးတဲ့ အခါ မကြိုက်ရင်တောင် ရယ်တာ မရပ်တော့ပါဘူး။ တကယ်တော့ ကလေးရယ်နေခြင်းက ပျော်လို့၊ သဘောကျလို့ ရယ်တာ မဟုတ်ပါဘူး။

ဟာသ တစ်ခုကို တွေ့လို့ ရယ်တာနဲ့ ကလိထိုးခံရလို့ ရယ်တာ ဟာ မတူဘူးလို့ ကယ်လီဖိုးနီးယားတက္ကသိုလိရဲ့ 1997 ခုနှစ်က စာတမ်းတစ်စောင်မှာ ဖော်ပြ ထားပါတယ်။

ကလိထိုးခြင်း က တစ်စုံတစ်ယောက်အပေါ် လွှမ်းမိုးခြင်း တစ်မျိုးပါပဲ။ ကလိထိုးခံရတဲ့ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တဲ့အခါ

hihihihihihihihihi

this is test

ကလေးက ရှက်သွားမှာပါ။အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်က ကလေးတွေကို ကလိထိုးတာက ပျော်စေချင်လို့ ဖြစ်ပြီးတော့ အန္တရာယ်ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်တော့ မပါဝင်ပါဘူး။

ကလိထိုးခြင်းက သူတစ်ပါးအပေါ် လွှမ်းမိုးနိုင်အောင် ပြုလုပ်တဲ့ နည်း ဖြစ်တယ်လို့ Michigan တက္ကသိုလ်က Dr Richard Alexender က ပြောပါတယ်။

ရှေးတုန်းက လူတွေကို ညှဉ်းပန်းနှိပ်စက်ဖို့ အတွက် ကလိထိုးခြင်းနည်းကို သုံးခဲ့ကြပါတယ်။ ရှေးတုန်းကဆိုရင် ကလိထိုးတာဟာ နှိပ်စက်တဲ့နည်း တစ်မျိုးပါပဲ။

တရုတ်နိုင်ငံ၊ ဟန်မင်းဆက်လက်ထက်တုန်းက ကလိထိုးခြင်းက သက်သာတဲ့ ညှဉ်းပန်းနှိပ်စက်တဲ့ နည်းပါပဲ။

ဂျပန်နိုင်ငံမှာလည်း ဒီလိုညှင်းပန်း နှိပ်စက်တဲ့နည်းက ထင်ရှားပါတယ်။ ကလိထိုးတဲ့အခါ အခန့်မသင့်ရင် အန်ခြင်း၊ အမောလွန်ပြီး နှလုံးရပ်ခြင်း၊ အသက်ရှုမရခြင်းတို့ ဖြစ်တတ်ပါတယ်။

ကလေးတွေက ကလိမထိုးဖို့ မပြောပြတတ်ပါဘူး။ ကလိထိုးတဲ့အခါ အကြာကြီး ရယ်မိပြီး မောလာပါတယ်။ အဲဒီအခါ ကလေးတွေက အသက်ကောင်းကောင်း ရှူလို့ မရတော့ပါဘူး။

ကလိ ထိုးခြင်းကြောင့် စိတ်လုံခြုံမှု မရ နိုင်တော့ပါဘူး။ ကလေးဘဝတုန်းက ကလိထိုးပြီး စနောက်ခံရတဲ့ အခါ အိပ်ပျော်နေတဲ့ အချိန်မှာ လန့်နိုးတတ်တဲ့ အကျင့် ဖြစ်သွားစေပါတယ်။ နောက်ပြီး တစ်ခုခုဆိုရင် ကြောက်လန့်တတ်တဲ့ စိတ်က စွဲသွားတတ်ပါတယ်။

ကလိထိုးခြင်းထက် ကလေးနဲ့ ချစ်ချစ်ခင်ခင်နေတာ ပိုကောင်းပါတယ်။ မိဘတွေက ကလေးတွေကို ပျော်ရွှင်အောင် အမြဲပြုလုပ်ပေးပြီး ကလိထိုးတာကို သာမန် ကိစ္စလို့ ထင်ကြပါတယ်။

မထင်မှတ်ဘဲ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ရှိပါတယ်။ ပြီးတော့ တခြားသူက ကလေးကို ကလိထိုးပြီး စနေတယ်ဆိုရင်လည်း ခွင့် မပြုသင့်ပါဘူး။

Credit: မူရင်းရေးသူ အားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Zawgyi

ကေလးကို ကလိထိုးၿပီး စေနာက္တတ္ေသာမိဘမ်ား သတိျပဳဖြယ္ရာ…

ကေလးေတြကို ကလိထိုးျခင္းက သိပ္ကိုအႏၲရာယ္မ်ားပါတယ္။ လူႀကီးေတြက ကေလးကို စေနာက္ခ်င္လို႔ ကလိ ထိုးၾကပါတယ္။ ကေလးကို ကလိထိုးလို႔ တခစ္ခစ္ ရယ္ေနျခင္းက ကလိထိုးတာကို သေဘာက်လို႔ ရယ္တာ မဟုတ္ပါဘူး။

အခ်ိဳ႕ ယားတတ္တဲ့ ကေလးေတြက ကလိထိုးတဲ့ အခါ မႀကိဳက္ရင္ေတာင္ ရယ္တာ မရပ္ေတာ့ပါဘူး။ တကယ္ေတာ့ ကေလးရယ္ေနျခင္းက ေပ်ာ္လို႔၊ သေဘာက်လို႔ ရယ္တာ မဟုတ္ပါဘူး။

ဟာသ တစ္ခုကို ေတြ႕လို႔ ရယ္တာနဲ႔ ကလိထိုးခံရလို႔ ရယ္တာ ဟာ မတူဘူးလို႔ ကယ္လီဖိုးနီးယားတကၠသိုလိရဲ႕ 1997 ခုႏွစ္က စာတမ္းတစ္ေစာင္မွာ ေဖာ္ျပ ထားပါတယ္။

ကလိထိုးျခင္း က တစ္စုံတစ္ေယာက္အေပၚ လႊမ္းမိုးျခင္း တစ္မ်ိဳးပါပဲ။ ကလိထိုးခံရတဲ့ လူတစ္ေယာက္က ကိုယ့္ကိုယ္ကိုယ္ မထိန္းခ်ဳပ္ႏိုင္ေတာ့ပါဘူး။ ကိုယ့္ကိုယ္ကိုယ္ မထိန္းခ်ဳပ္ႏိုင္တဲ့အခါ

ကေလးက ရွက္သြားမွာပါ။အ႐ြယ္ေရာက္ၿပီးသား လူႀကီးတစ္ေယာက္က ကေလးေတြကို ကလိထိုးတာက ေပ်ာ္ေစခ်င္လို႔ ျဖစ္ၿပီးေတာ့ အႏၲရာယ္ျဖစ္ေစလိုတဲ့ ရည္႐ြယ္ခ်က္ေတာ့ မပါဝင္ပါဘူး။

ကလိထိုးျခင္းက သူတစ္ပါးအေပၚ လႊမ္းမိုးႏိုင္ေအာင္ ျပဳလုပ္တဲ့ နည္း ျဖစ္တယ္လို႔ Michigan တကၠသိုလ္က Dr Richard Alexender က ေျပာပါတယ္။

ေရွးတုန္းက လူေတြကို ညႇဥ္းပန္းႏွိပ္စက္ဖို႔ အတြက္ ကလိထိုးျခင္းနည္းကို သုံးခဲ့ၾကပါတယ္။ ေရွးတုန္းကဆိုရင္ ကလိထိုးတာဟာ ႏွိပ္စက္တဲ့နည္း တစ္မ်ိဳးပါပဲ။

တ႐ုတ္ႏိုင္ငံ၊ ဟန္မင္းဆက္လက္ထက္တုန္းက ကလိထိုးျခင္းက သက္သာတဲ့ ညႇဥ္းပန္းႏွိပ္စက္တဲ့ နည္းပါပဲ။

ဂ်ပန္ႏိုင္ငံမွာလည္း ဒီလိုညႇင္းပန္း ႏွိပ္စက္တဲ့နည္းက ထင္ရွားပါတယ္။ ကလိထိုးတဲ့အခါ အခန႔္မသင့္ရင္ အန္ျခင္း၊ အေမာလြန္ၿပီး ႏွလုံးရပ္ျခင္း၊ အသက္ရႈမရျခင္းတို႔ ျဖစ္တတ္ပါတယ္။

ကေလးေတြက ကလိမထိုးဖို႔ မေျပာျပတတ္ပါဘူး။ ကလိထိုးတဲ့အခါ အၾကာႀကီး ရယ္မိၿပီး ေမာလာပါတယ္။ အဲဒီအခါ ကေလးေတြက အသက္ေကာင္းေကာင္း ရႉလို႔ မရေတာ့ပါဘူး။

ကလိ ထိုးျခင္းေၾကာင့္ စိတ္လုံၿခဳံမႈ မရ ႏိုင္ေတာ့ပါဘူး။ ကေလးဘဝတုန္းက ကလိထိုးၿပီး စေနာက္ခံရတဲ့ အခါ အိပ္ေပ်ာ္ေနတဲ့ အခ်ိန္မွာ လန႔္ႏိုးတတ္တဲ့ အက်င့္ ျဖစ္သြားေစပါတယ္။ ေနာက္ၿပီး တစ္ခုခုဆိုရင္ ေၾကာက္လန႔္တတ္တဲ့ စိတ္က စြဲသြားတတ္ပါတယ္။

ကလိထိုးျခင္းထက္ ကေလးနဲ႔ ခ်စ္ခ်စ္ခင္ခင္ေနတာ ပိုေကာင္းပါတယ္။ မိဘေတြက ကေလးေတြကို ေပ်ာ္႐ႊင္ေအာင္ အၿမဲျပဳလုပ္ေပးၿပီး ကလိထိုးတာကို သာမန္ ကိစၥလို႔ ထင္ၾကပါတယ္။

မထင္မွတ္ဘဲ ျဖစ္လာႏိုင္တဲ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ အမ်ားႀကီး ရွိပါတယ္။ ၿပီးေတာ့ တျခားသူက ကေလးကို ကလိထိုးၿပီး စေနတယ္ဆိုရင္လည္း ခြင့္ မျပဳသင့္ပါဘူး။

Credit: မူရင္းေရးသူ အားေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Leave a Reply

Your email address will not be published.