စစ်ကောင်စီအရာရှိများက ကိုယ်ချင်းမစာဘဲ တိုက်ခိုင်းနေ၍ သေနတ်ပြောင်းနောက်ပြန်လှည့်ရန် စဉ်းစားခဲ့ကြရဟု CDM စစ်သားပြော

News

Unicode

READ NEXT

ကမ္ဘာ့အလုံခြုံဆုံး ဆွစ်ဇာလန်ဘဏ်တွေထက် ပိုပြီး လုံခြုံစိတ်ချရတဲ့ ဘဏ် (ဂုဏ်ယူစရာ ရွှေမြန်မာတွေပါ)
စစ်ကောင်စီအရာရှိများက ကိုယ်ချင်းမစာဘဲ တိုက်ခိုင်းနေ၍ သေနတ်ပြောင်းနောက်ပြန်လှည့်ရန် စဉ်းစားခဲ့ကြရဟု CDM စစ်သားပြော

” သေတွင်းထဲကို လုံး၀တွန်းပို့တာမဟုတ်ဘူး။ တစ်ခါတည်း ကန်ချတာ။ အကြောက်တရားနဲ့လုံး၀ အုပ်ချုပ်တာ”

သန်းဆင့်/People’s Spring

hihihihihihihihihi

this is test

စစ်ကောင်စီ၏ အရာရှိများအနေဖြင့် ရှေ့တန်းရောက် စစ်သည်များအား မဖြစ်နိုင်သည့် စစ်ရေးအခြေအနေတွင် ရှေ့အတင်းတက် တိုက်ခိုင်း၍ သေနတ်ပြောင်း နောက်ပြန်လှည့်ရန်ပင် စဉ်းစားခဲ့ကြရကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး(KNU)ထံ CDM ပြုလုပ် လာသည့် တပ်သားဟိန်းစိုးက ပြောသည်။

စစ်ကောင်စီ၏ တပ်မ ၄၄) ခမရ(၂)မှ တပ်သား ဟိန်းစိုးက စစ်ကောင်စီတပ်တွင်း အခြေအနေများ ပြောကြားချက်ကို Salewen Press က ယနေ့ဖော်ပြခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ကော်ဘရာစစ်ကြောင်း လှုပ်ရှားရာဒေသ ရှေ့တန်းနယ်မြေသို့ ရောက်လာသည့် ၎င်းတို့ စစ်ကြောင်းအနေဖြင့် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရ၍ တည်နေရာ မသိရှိစေရန် သေနတ်ပင် မဖောက်ရဲဟု တပ်သားဟိန်းစိုးက ပြောသည်။

” ဘယ်လိုမှကို လှုပ်လို့မရဘူး။ ကျွန်တော်တို့ရောက်တာနဲ့ကို ကွက်တိ ဗုံးသီးကလိုက်ချတာ။ သူက မတရားကြီးပဲ။ အဲဒီလို လိုက်ချနေလို့ အဘကျွန် တော်တို့တော့ အဆင်မပြေတော့ပါဘူး။နောက်ကို ပြန်ဆုတ်ရအောင် ။

ငတ်ပြတ်နေပါပြီ ပြောလည်းဟင့်အင်း တက်ဆိုတာချည်းပဲ။ မတရားကြီးခိုင်းတာ။ သေတွင်းထဲကို လုံး၀ တွန်းပို့တာမဟုတ်ဘူး။ တစ်ခါတည်း ကန်ချတာ။

အကြောက်တရားနဲ့လုံး၀ အုပ်ချုပ်တာ”ဟု တပ်သား ဟိန်းစိုးက ပြောသည်။

ထို့ကြောင့် သေနတ်ပြောင်းက ရှေ့တိုးမရ၍ နောက်ပြန်လှည့်မှပဲရတော့မည်ဟု ပြောဆိုမှုများ ရှိခဲ့သည်ဟု ၎င်းက ဖွင့်ဟသည်။

“အရှေ့ကိုတော့ မရတဲ့ဟာ မလုပ်ဘူး။ ကိုယ့်အသက်တော့ အသေမခံနိုင်ဘူး။ သူတို့ဘက် ပြန်လှည့်မှာ ။အရာရှိကအစ။

အခု ထွက်ပြေးသွားတဲ့ အရာရှိနှစ်ယောက်ဆိုရင် တစ်ယောက်ဆိုရင် တော်တော်ကြီးကို ပြောတာပါ။ ကျွန်တော်လိုပဲ ။ ဖုန်းထဲကနေ ဗျူဟာမှူးတို့၊ တပ်မမှူးတို့ကို တော်တော်ကြီးကို ပြောပစ်တာ။ ပြောပြီးတော့မှ သူက ပြေးတာ။

ကျွန်တော်တို့ ပြောင်းက ရှေ့တိုးလို့မရတော့ဘူးတဲ့ နောက်ပဲ လှည့်မှ ရတော့မယ်တဲ့။ ဘယ်လိုမှ တက်လို့မှ မရတော့တာ။ ကိုယ်ချင်းစာနာမှုဆိုတာ သူတို့မှာမရှိဘူး”ဟု တပ်သား ဟိန်းစိုးက ပြောသည်။

တစ်နိုင်ငံတည်းနေပြီး အချင်းချင်းပြန်တိုက်ခိုင်းသည်ကိုလည်း လုံး၀မကြိုက်ဟု တပ်သား ဟိန်းစိုးက ပြောသည်။

တပ်သား ဟိန်းစိုးက ရှေ့တန်းစစ်မြေပြင်တွင် တပ်ဖွဲ့ဝင်များ ဆင်းရဲငတ်ပြတ်မှုများ ကြုံနေရသကဲ့သို့ နောက်တန်း၌ ကျန်နေသည့် မိသားစုဝင်များလည်း အခက်အခဲများစွာ ကြုံခဲ့ကြရပြီး အနိုင်ကျင့်မှုများ ခံနေရကြောင်းကိုလည်း ပြောကြားခဲ့သည်။

ရုပ်သံ – Salewen Press

လူထုနွေဦး

LuduNwayOo

Zawgyi

READ NEXT

ကမာၻ႔အလုံၿခဳံဆုံး ဆြစ္ဇာလန္ဘဏ္ေတြထက္ ပိုၿပီး လုံၿခဳံစိတ္ခ်ရတဲ့ ဘဏ္ (ဂုဏ္ယူစရာ ေ႐ႊျမန္မာေတြပါ)
စစ္ေကာင္စီအရာရွိမ်ားက ကိုယ္ခ်င္းမစာဘဲ တိုက္ခိုင္းေန၍ ေသနတ္ေျပာင္းေနာက္ျပန္လွည့္ရန္ စဥ္းစားခဲ့ၾကရဟု CDM စစ္သားေျပာ

” ေသတြင္းထဲကို လုံး၀တြန္းပို႔တာမဟုတ္ဘူး။ တစ္ခါတည္း ကန္ခ်တာ။ အေၾကာက္တရားနဲ႔လုံး၀ အုပ္ခ်ဳပ္တာ”

သန္းဆင့္/People’s Spring

စစ္ေကာင္စီ၏ အရာရွိမ်ားအေနျဖင့္ ေရွ႕တန္းေရာက္ စစ္သည္မ်ားအား မျဖစ္ႏိုင္သည့္ စစ္ေရးအေျခအေနတြင္ ေရွ႕အတင္းတက္ တိုက္ခိုင္း၍ ေသနတ္ေျပာင္း ေနာက္ျပန္လွည့္ရန္ပင္ စဥ္းစားခဲ့ၾကရေၾကာင္း ၿပီးခဲ့သည့္ ရက္ပိုင္းက ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)ထံ CDM ျပဳလုပ္ လာသည့္ တပ္သားဟိန္းစိုးက ေျပာသည္။

စစ္ေကာင္စီ၏ တပ္မ ၄၄) ခမရ(၂)မွ တပ္သား ဟိန္းစိုးက စစ္ေကာင္စီတပ္တြင္း အေျခအေနမ်ား ေျပာၾကားခ်က္ကို Salewen Press က ယေန႔ေဖာ္ျပခဲ့သည္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) တပ္မဟာ (၆) ေကာ္ဘရာစစ္ေၾကာင္း လႈပ္ရွားရာေဒသ ေရွ႕တန္းနယ္ေျမသို႔ ေရာက္လာသည့္ ၎တို႔ စစ္ေၾကာင္းအေနျဖင့္ ဒ႐ုန္းျဖင့္ ဗုံးသီးခ်တိုက္ခိုက္ခံရ၍ တည္ေနရာ မသိရွိေစရန္ ေသနတ္ပင္ မေဖာက္ရဲဟု တပ္သားဟိန္းစိုးက ေျပာသည္။

” ဘယ္လိုမွကို လႈပ္လို႔မရဘူး။ ကြၽန္ေတာ္တို႔ေရာက္တာနဲ႔ကို ကြက္တိ ဗုံးသီးကလိုက္ခ်တာ။ သူက မတရားႀကီးပဲ။ အဲဒီလို လိုက္ခ်ေနလို႔ အဘကြၽန္ ေတာ္တို႔ေတာ့ အဆင္မေျပေတာ့ပါဘူး။ေနာက္ကို ျပန္ဆုတ္ရေအာင္ ။

ငတ္ျပတ္ေနပါၿပီ ေျပာလည္းဟင့္အင္း တက္ဆိုတာခ်ည္းပဲ။ မတရားႀကီးခိုင္းတာ။ ေသတြင္းထဲကို လုံး၀ တြန္းပို႔တာမဟုတ္ဘူး။ တစ္ခါတည္း ကန္ခ်တာ။

အေၾကာက္တရားနဲ႔လုံး၀ အုပ္ခ်ဳပ္တာ”ဟု တပ္သား ဟိန္းစိုးက ေျပာသည္။

ထို႔ေၾကာင့္ ေသနတ္ေျပာင္းက ေရွ႕တိုးမရ၍ ေနာက္ျပန္လွည့္မွပဲရေတာ့မည္ဟု ေျပာဆိုမႈမ်ား ရွိခဲ့သည္ဟု ၎က ဖြင့္ဟသည္။

“အေရွ႕ကိုေတာ့ မရတဲ့ဟာ မလုပ္ဘူး။ ကိုယ့္အသက္ေတာ့ အေသမခံႏိုင္ဘူး။ သူတို႔ဘက္ ျပန္လွည့္မွာ ။အရာရွိကအစ။

အခု ထြက္ေျပးသြားတဲ့ အရာရွိႏွစ္ေယာက္ဆိုရင္ တစ္ေယာက္ဆိုရင္ ေတာ္ေတာ္ႀကီးကို ေျပာတာပါ။ ကြၽန္ေတာ္လိုပဲ ။ ဖုန္းထဲကေန ဗ်ဴဟာမႉးတို႔၊ တပ္မမႉးတို႔ကို ေတာ္ေတာ္ႀကီးကို ေျပာပစ္တာ။ ေျပာၿပီးေတာ့မွ သူက ေျပးတာ။

ကြၽန္ေတာ္တို႔ ေျပာင္းက ေရွ႕တိုးလို႔မရေတာ့ဘူးတဲ့ ေနာက္ပဲ လွည့္မွ ရေတာ့မယ္တဲ့။ ဘယ္လိုမွ တက္လို႔မွ မရေတာ့တာ။ ကိုယ္ခ်င္းစာနာမႈဆိုတာ သူတို႔မွာမရွိဘူး”ဟု တပ္သား ဟိန္းစိုးက ေျပာသည္။

တစ္ႏိုင္ငံတည္းေနၿပီး အခ်င္းခ်င္းျပန္တိုက္ခိုင္းသည္ကိုလည္း လုံး၀မႀကိဳက္ဟု တပ္သား ဟိန္းစိုးက ေျပာသည္။

တပ္သား ဟိန္းစိုးက ေရွ႕တန္းစစ္ေျမျပင္တြင္ တပ္ဖြဲ႕ဝင္မ်ား ဆင္းရဲငတ္ျပတ္မႈမ်ား ႀကဳံေနရသကဲ့သို႔ ေနာက္တန္း၌ က်န္ေနသည့္ မိသားစုဝင္မ်ားလည္း အခက္အခဲမ်ားစြာ ႀကဳံခဲ့ၾကရၿပီး အႏိုင္က်င့္မႈမ်ား ခံေနရေၾကာင္းကိုလည္း ေျပာၾကားခဲ့သည္။

႐ုပ္သံ – Salewen Press

လူထုေႏြဦး

LuduNwayOo

Leave a Reply

Your email address will not be published.