အိမ်တိုင်းသိထားသင့်တဲ့ Safeguard (ဆေ့ဖ်ဂတ်)အကြောင်း သိကောင်းစရာ

Knowledge

Unicode
Safeguard ( ဆေ့ဖ်ဂတ် ) အကြောင်း သိကောင်း စရာ

ကျွန်တော်တို့ နိုင်ငံရဲ့ နေရာ ဒေသ အများအပြားမှာ လျှပ်စစ်မီးတွေ ရရှိနေကြပြီး ဖြစ်သလို အိမ်တိုင်း လိုလို လျှပ်စစ် အသုံးအဆောင် ပစ္စည်းလေးတွေ ဝယ်ယူ သုံးစွဲလာကြပါတယ်။

အဲဒီလို လူတိုင်း လူတိုင်း လျှပ်စစ်ပစ္စည်းလေးတွေ သုံးစွဲ လာကြတဲ့ အခါမှာ လျှပ်စစ်နဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေ အနည်းအကျဉ်းတော့ ရှိထားသင့်တယ် လို့ ထင်ပါတယ်။

လျှပ်စစ်မီး မတည်ငြိမ်ခြင်း၊ မီးအား နည်းလွန်းခြင်း၊ မီးအား များလွန်းခြင်း၊ မီး ခဏခဏ လာလိုက် ပြတ်လိုက် ဖြစ်ခြင်း၊ စသည်တို့ ကြောင့်လည်း လျှပ်စစ် ပစ္စည်းများ ပျက်စီး ရတတ် ပါတယ်။

ဒါကြောင့် ဒီနေ့ လျှပ်စစ် ပစ္စည်းတွေ သုံးတဲ့ အခါ မှာ လျှပ်စစ်မီးကြောင့် မလိုအပ်ဘဲ ပျက်စီး ဆုံးရှုံးမှုများ မရှိရစေရန် ဗဟုသုတ အနေနဲ့ Safeguard လေးတွေ အကြာင်း ပြောပြ ပေး ချင်ပါတယ်။

hihihihihihihihihi

this is test

Safeguard ဆေ့ဖ်ဂတ် ဆိုတာကတော့ လျှပ်စစ် ကာကွယ်ရေး စက်တစ်မျိုး ဖြစ်ပါတယ်။တစ်ချို့က မီးဖြတ်စက် လို့လည်း ခေါ်သေးတယ်ဗျ။

သူ့ကို ကြားခံ တပ်ဆင် ထားခြင်းဖြင့် ကိုယ် အသုံးပြု နေသည့် လျှပ်စစ် ပစ္စည်းအား လျှပ်စစ်မီး မတည်ငြိမ်ခြင်း၊ မီးအား နည်းလွန်းခြင်း၊ မီးအား များလွန်းခြင်း၊

မီး ခဏခဏ လာလိုက် ပြတ်လိုက် ဖြစ်ခြင်း၊ များကြောင့် မပျက်စီး ရလေအောင် တားဆီး ဖြတ်တောက် ကာကွယ် ပေးထား နိုင်ပါတယ်။

Safeguard ရဲ့ လုပ်ဆောင် ချက် ၃ ရပ်

၁။ မီးအားနည်းနေလျှင် ဖြတ်တောက် ကာကွယ် ပေးခြင်း

၂။ မီးအားများနေလျှင် ဖြတ်တောက် ကာကွယ် ပေးခြင်း

၃။ အချိန် စောင့်ဆိုင်း ပေးခြင်း

၁။ မီးအားနည်းနေလျှင် ဖြတ်တောက် ကာကွယ် ပေးခြင်း

လျှပ်စစ် ပစ္စည်းတိုင်းမှာ ၎င်း သုံးစွဲရမယ့် လျှပ်စစ် ဗို့အား (rated voltage ) ဆိုတာ ရှိပါတယ်။ ထို သတ်မှတ် ဗို့အားထက် အလွန်လျော့နည်းစွာ ရရှိ သုံးစွဲနေ ရလျှင် ၎င်း လျှပ်စစ် ပစ္စည်း ပျက်စီး တတ်ပါတယ်။

ထို့ကြောင့် သတ်မှတ် ဗို့အားထက် လျော့နည်းနေလျှင် ဆေ့ဖ်ဂတ်မှ ဖြတ်တောက် ပေးခြင်းဖြင့် စက် မပျက်ဆီးအောင် ကာကွယ် ပေးပါတယ်။

၂။ ထို သတ်မှတ် ဗို့အားထက် အလွန် ပိုမို မျာပြားစွာ ရရှိ သုံးစွဲ ရလျှင်လည်း ၎င်း လျှပ်စစ် ပစ္စည်း ပျက်စီးတတ်ပါတယ်။ ထို့ကြောင့် သတ်မှတ် ဗို့အားထက် ပိုမို များပြား နေလျှင်

ဆေ့ဖ်ဂတ်မှ ဖြတ်တောက် ပေးခြင်းဖြင့် စက် မပျက်ဆီးအောင် ကာကွယ် ပေးပါတယ်။

၃။ ( မီး အခုပျက် သွားတယ်။ ချက်ခြင်း ပြန်လာတယ်။ ( သို့မဟုတ် ) ခလုပ်မှားပိတ်မိ လိုက်တယ်။ ချက်ခြင်း ပြန်ဖွင့် လိုက်တယ်။ ) ဆိုကြပါစို့။

အဲဒီလို အချိန်မျိုးတွေမှာ မီးအား မတည်ငြိမ်မှုတွေကြောင့် ၎င်း လျှပ်စစ် ပစ္စည်း ပျက်စီးတတ်ပါတယ်။ ထို့ကြောင့် ထိုအချိန်မျိုးမှာ လျှပ်စစ် ပစ္စည်းကို ချက်ခြင်း ဗို့အား ပြန်ထုတ် မပေးပဲ

ဆေ့ဖ်ဂတ်မှ အချိန် စောင့်စိုင်းပြီးမှ ပြန်လည် ဗို့ထုတ် ပေးခြင်းဖြင့် စက် မပျက်ဆီးအောင် ကာကွယ် ပေးပါတယ်။

ရေခဲသေတ္တာတွေ၊ အဲကွန်းတွေဆိုရင် အခု ပိတ်ပြီး အခုချက်ခြင်း ပြန်ဖွင့်ရင် အထဲက compressor motor ဟာ ချက်ခြင်း မလည်နိုင်ပါဘူး။

ဒါကြောင့် အနည်းဆုံး သုံးမိနစ် စောင့်ပြီးမှ ပြန်ဖွင့်ပေးရပါတယ်။ အဲဒီ အတွက် ဆေ့ဖ်ဂတ်က ၅ မိနစ် စောင့်ပေးပြီးမှ ပြန်လည် မောင်နှင်ပေး ပါတယ်။

အခုနောက်ပိုင်း TVတွေ အဝတ်လျှော်စက် တွေမှာ အော်တို ဗို့အားထိန်း circuit ( AVR ) တွေ ထည့်သွင်း တည်ဆောက်လာ ကြပြီဖြစ်လို့

TV တွေ လျှော်စက်တွေ အတွက် မလိုတော့ပေမယ့် ခံသုံးရင်တော့ ပို စိတ်ချရပါတယ်။ရေခဲသေတ္တာနဲ့ အဲကွန်းအတွက်တော့ မဖြစ်မနေ ကြားခံ သုံးစွဲ ပေးရပါမယ်။

safeguard တွေမှာ ပါတဲ့ ၊under voltage ၊over voltage ၊delay time ၊current စတာတွေကို ကြည့်ပြီး ဘယ် လျှပ်စစ် ပစ္စည်းအတွက် ဘယ် safeguard သုံးရမလဲ ဆိုတာ ရွေးချယ် ရပါမယ်။

TV, DVD နဲ့ လျှော်စက်များ အတွက် under 90 V ၊over 240V ၊delay time 5sec ၊current 5A

ရေခဲသေတ္တာ အတွက် under 175 V ၊over 240V ၊delay time 5min ၊current 5A

အဲကွန်းအတွက် under 175 V ၊over 240V ၊delay time 5min ၊current 15A

အချို့ ရေခဲသေတ္တာ အဲကွန်း ဆေ့ဖ်ဂတ်တွေမှာ delay time 5min မစောင့်ပဲ ချက်ခြင်း operate လုပ်နိုင်ရန် နှိပ်ပေးလို့ ရတဲ့ quick start ခလုပ်ကလေးပါ ပါတယ်။

အဲဒီ ခလုပ်ကလေးက ရပ်ထားတာ ၅ မိနစ် ကျော်ပြီးမှ ပြန်ဖွင့်တာမျိုး ဆိုရင် နှိပ် သုံးရတာပါ။ရပ်ပြီး ၅ မိနစ် မကျော်သေးပဲ ပြန်ဖွင့်တာမျိုး ဆိုရင် မနှိပ် သင့်ပါဘူး။

ဒီလောက်ဆိုရင် လျှပ်စစ်ပစ္စည်း သုံးစွဲသူများ အနေနဲ့ ဘယ်လို ပစ္စည်းမျိုး တွေကို ဆေ့ဖ်ဂတ် ခံ သုံးသင့်လဲ။ ဘာကြောင့် ဆေ့ဖ်ဂတ်တွေ ကြားခံ သုံးစွဲ သင့်သလဲ ဆိုတာ သိလောက်ပြီ ဖြစ်ပါတယ် ခင်ဗျာ။

သိပြီးသူများ အတွက်လည်း ပိုမှတ်မိ စေတာပေါ့ဗျာ။ဒီနေရာမှာ ဆေ့ဖ်ဂတ် ထုပ်လုပ်သူ တွေကို အကြံပြု ချင်တာကတော့ အဲဒီ quick start ခလုပ် မထည့်ပဲ

delay time ကို မီးပိတ်သွားတဲ့ အချိန် ကနေ ပြန်လာတဲ့ အချိန်ကို တွက်ပြီး operate လုပ်ပေးတဲ့ စနစ် သုံးရင် သုံးစွဲသူတွေ အတွက် ပို အဆင်ပြေစေမယ်လို့ ထင်ပါတယ် ခင်ဗျာ။

ဆိုလိုတာက မီးပျက်တာ ၅မိနစ် ကျော်မှ ပြန်လာတာဆိုရင် ၅ စက္ကန့်လောက်ပဲ delay လုပ်ပြီး operate ပြန် လုပ်ပေးတာမျိုး၊

မီးပျက်ပြီး ၃မိနစ်မှာ ပြန်လာတယ် ဆိုရင် ၂ မိနစ်လောက် delay လုပ်ပြီး ပြန် operate လုပ်ပေးတာမျိုး ကို ပြောတာပါ။

ဆရာလုပ်တာမျိုး မဟုတ်ပါဘူး ခင်ဗျာ။ သုံးစွဲသူတွေ ပိုမို အဆင်ပြေ စေဖို့ အကြံပြု တာပါ ခင်ဗျာ။

အဲဒီလို လုပ်ပေးခြင်း အားဖြင့် သုံးစွဲသူတွေ အတွက် မီးပြန်လာလို့ ထနှိပ် ရတာမျိုး လုပ်စရာ မလိုတော့ဘူး။ ၅ မိနစ် မပြည့်သေးပဲ ထနှိပ်လို့ စက်ပျက်မှာလည်း မပူရတော့ ဘူးပေါ့ ခင်ဗျာ။

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ လိုအင် ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေ ခင်ဗျာ။

အဲကွန်း ပညာရပ်များကို လေ့လာလိုသူ လူငယ်များ Page ကို Like and Share လုပ်ပြီး see first လုပ်ထားခြင်းဖြင့် စောင့်မျှော် ကြည့်ရှု လေ့လာ နိုင်ပါတယ် ခင်ဗျာ။

မည်သူ မဆိုစိတ်ကြိုက် share နိုင်ပါတယ်။copy ယူပြီး credit မပေး ဘာမပေးနဲ့ သူရေးသလိုလို ဘာလိုလို လုပ်နေသူများ အရှက်တရား အသိတရား ရှိကြပါစေ။

❇ ကို ထိုက် ( မေတ္တာအိမ် )💜 မေတ္တာအိမ် electronic ✳️ Short Way Air-con; Training

Zawgyi

Safeguard ( ေဆ့ဖ္ဂတ္ ) အေၾကာင္း သိေကာင္း စရာ

ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ ေနရာ ေဒသ အမ်ားအျပားမွာ လွ်ပ္စစ္မီးေတြ ရရွိေနၾကၿပီး ျဖစ္သလို အိမ္တိုင္း လိုလို လွ်ပ္စစ္ အသုံးအေဆာင္ ပစၥည္းေလးေတြ ဝယ္ယူ သုံးစြဲလာၾကပါတယ္။

အဲဒီလို လူတိုင္း လူတိုင္း လွ်ပ္စစ္ပစၥည္းေလးေတြ သုံးစြဲ လာၾကတဲ့ အခါမွာ လွ်ပ္စစ္နဲ႔ ပတ္သက္တဲ့ ဗဟုသုတေလးေတြ အနည္းအက်ဥ္းေတာ့ ရွိထားသင့္တယ္ လို႔ ထင္ပါတယ္။

လွ်ပ္စစ္မီး မတည္ၿငိမ္ျခင္း၊ မီးအား နည္းလြန္းျခင္း၊ မီးအား မ်ားလြန္းျခင္း၊ မီး ခဏခဏ လာလိုက္ ျပတ္လိုက္ ျဖစ္ျခင္း၊ စသည္တို႔ ေၾကာင့္လည္း လွ်ပ္စစ္ ပစၥည္းမ်ား ပ်က္စီး ရတတ္ ပါတယ္။

ဒါေၾကာင့္ ဒီေန႔ လွ်ပ္စစ္ ပစၥည္းေတြ သုံးတဲ့ အခါ မွာ လွ်ပ္စစ္မီးေၾကာင့္ မလိုအပ္ဘဲ ပ်က္စီး ဆုံးရႈံးမႈမ်ား မရွိရေစရန္ ဗဟုသုတ အေနနဲ႔ Safeguard ေလးေတြ အၾကာင္း ေျပာျပ ေပး ခ်င္ပါတယ္။

Safeguard ေဆ့ဖ္ဂတ္ ဆိုတာကေတာ့ လွ်ပ္စစ္ ကာကြယ္ေရး စက္တစ္မ်ိဳး ျဖစ္ပါတယ္။တစ္ခ်ိဳ႕က မီးျဖတ္စက္ လို႔လည္း ေခၚေသးတယ္ဗ်။

သူ႔ကို ၾကားခံ တပ္ဆင္ ထားျခင္းျဖင့္ ကိုယ္ အသုံးျပဳ ေနသည့္ လွ်ပ္စစ္ ပစၥည္းအား လွ်ပ္စစ္မီး မတည္ၿငိမ္ျခင္း၊ မီးအား နည္းလြန္းျခင္း၊ မီးအား မ်ားလြန္းျခင္း၊

မီး ခဏခဏ လာလိုက္ ျပတ္လိုက္ ျဖစ္ျခင္း၊ မ်ားေၾကာင့္ မပ်က္စီး ရေလေအာင္ တားဆီး ျဖတ္ေတာက္ ကာကြယ္ ေပးထား ႏိုင္ပါတယ္။

Safeguard ရဲ႕ လုပ္ေဆာင္ ခ်က္ ၃ ရပ္

၁။ မီးအားနည္းေနလွ်င္ ျဖတ္ေတာက္ ကာကြယ္ ေပးျခင္း

၂။ မီးအားမ်ားေနလွ်င္ ျဖတ္ေတာက္ ကာကြယ္ ေပးျခင္း

၃။ အခ်ိန္ ေစာင့္ဆိုင္း ေပးျခင္း

၁။ မီးအားနည္းေနလွ်င္ ျဖတ္ေတာက္ ကာကြယ္ ေပးျခင္း

လွ်ပ္စစ္ ပစၥည္းတိုင္းမွာ ၎ သုံးစြဲရမယ့္ လွ်ပ္စစ္ ဗို႔အား (rated voltage ) ဆိုတာ ရွိပါတယ္။ ထို သတ္မွတ္ ဗို႔အားထက္ အလြန္ေလ်ာ့နည္းစြာ ရရွိ သုံးစြဲေန ရလွ်င္ ၎ လွ်ပ္စစ္ ပစၥည္း ပ်က္စီး တတ္ပါတယ္။

ထို႔ေၾကာင့္ သတ္မွတ္ ဗို႔အားထက္ ေလ်ာ့နည္းေနလွ်င္ ေဆ့ဖ္ဂတ္မွ ျဖတ္ေတာက္ ေပးျခင္းျဖင့္ စက္ မပ်က္ဆီးေအာင္ ကာကြယ္ ေပးပါတယ္။

၂။ ထို သတ္မွတ္ ဗို႔အားထက္ အလြန္ ပိုမို မ်ာျပားစြာ ရရွိ သုံးစြဲ ရလွ်င္လည္း ၎ လွ်ပ္စစ္ ပစၥည္း ပ်က္စီးတတ္ပါတယ္။ ထို႔ေၾကာင့္ သတ္မွတ္ ဗို႔အားထက္ ပိုမို မ်ားျပား ေနလွ်င္

ေဆ့ဖ္ဂတ္မွ ျဖတ္ေတာက္ ေပးျခင္းျဖင့္ စက္ မပ်က္ဆီးေအာင္ ကာကြယ္ ေပးပါတယ္။

၃။ ( မီး အခုပ်က္ သြားတယ္။ ခ်က္ျခင္း ျပန္လာတယ္။ ( သို႔မဟုတ္ ) ခလုပ္မွားပိတ္မိ လိုက္တယ္။ ခ်က္ျခင္း ျပန္ဖြင့္ လိုက္တယ္။ ) ဆိုၾကပါစို႔။

အဲဒီလို အခ်ိန္မ်ိဳးေတြမွာ မီးအား မတည္ၿငိမ္မႈေတြေၾကာင့္ ၎ လွ်ပ္စစ္ ပစၥည္း ပ်က္စီးတတ္ပါတယ္။ ထို႔ေၾကာင့္ ထိုအခ်ိန္မ်ိဳးမွာ လွ်ပ္စစ္ ပစၥည္းကို ခ်က္ျခင္း ဗို႔အား ျပန္ထုတ္ မေပးပဲ

ေဆ့ဖ္ဂတ္မွ အခ်ိန္ ေစာင့္စိုင္းၿပီးမွ ျပန္လည္ ဗို႔ထုတ္ ေပးျခင္းျဖင့္ စက္ မပ်က္ဆီးေအာင္ ကာကြယ္ ေပးပါတယ္။

ေရခဲေသတၱာေတြ၊ အဲကြန္းေတြဆိုရင္ အခု ပိတ္ၿပီး အခုခ်က္ျခင္း ျပန္ဖြင့္ရင္ အထဲက compressor motor ဟာ ခ်က္ျခင္း မလည္ႏိုင္ပါဘူး။

ဒါေၾကာင့္ အနည္းဆုံး သုံးမိနစ္ ေစာင့္ၿပီးမွ ျပန္ဖြင့္ေပးရပါတယ္။ အဲဒီ အတြက္ ေဆ့ဖ္ဂတ္က ၅ မိနစ္ ေစာင့္ေပးၿပီးမွ ျပန္လည္ ေမာင္ႏွင္ေပး ပါတယ္။

အခုေနာက္ပိုင္း TVေတြ အဝတ္ေလွ်ာ္စက္ ေတြမွာ ေအာ္တို ဗို႔အားထိန္း circuit ( AVR ) ေတြ ထည့္သြင္း တည္ေဆာက္လာ ၾကၿပီျဖစ္လို႔

TV ေတြ ေလွ်ာ္စက္ေတြ အတြက္ မလိုေတာ့ေပမယ့္ ခံသုံးရင္ေတာ့ ပို စိတ္ခ်ရပါတယ္။ေရခဲေသတၱာနဲ႔ အဲကြန္းအတြက္ေတာ့ မျဖစ္မေန ၾကားခံ သုံးစြဲ ေပးရပါမယ္။

safeguard ေတြမွာ ပါတဲ့ ၊under voltage ၊over voltage ၊delay time ၊current စတာေတြကို ၾကည့္ၿပီး ဘယ္ လွ်ပ္စစ္ ပစၥည္းအတြက္ ဘယ္ safeguard သုံးရမလဲ ဆိုတာ ေ႐ြးခ်ယ္ ရပါမယ္။

TV, DVD နဲ႔ ေလွ်ာ္စက္မ်ား အတြက္ under 90 V ၊over 240V ၊delay time 5sec ၊current 5A

ေရခဲေသတၱာ အတြက္ under 175 V ၊over 240V ၊delay time 5min ၊current 5A

အဲကြန္းအတြက္ under 175 V ၊over 240V ၊delay time 5min ၊current 15A

အခ်ိဳ႕ ေရခဲေသတၱာ အဲကြန္း ေဆ့ဖ္ဂတ္ေတြမွာ delay time 5min မေစာင့္ပဲ ခ်က္ျခင္း operate လုပ္ႏိုင္ရန္ ႏွိပ္ေပးလို႔ ရတဲ့ quick start ခလုပ္ကေလးပါ ပါတယ္။

အဲဒီ ခလုပ္ကေလးက ရပ္ထားတာ ၅ မိနစ္ ေက်ာ္ၿပီးမွ ျပန္ဖြင့္တာမ်ိဳး ဆိုရင္ ႏွိပ္ သုံးရတာပါ။ရပ္ၿပီး ၅ မိနစ္ မေက်ာ္ေသးပဲ ျပန္ဖြင့္တာမ်ိဳး ဆိုရင္ မႏွိပ္ သင့္ပါဘူး။

ဒီေလာက္ဆိုရင္ လွ်ပ္စစ္ပစၥည္း သုံးစြဲသူမ်ား အေနနဲ႔ ဘယ္လို ပစၥည္းမ်ိဳး ေတြကို ေဆ့ဖ္ဂတ္ ခံ သုံးသင့္လဲ။ ဘာေၾကာင့္ ေဆ့ဖ္ဂတ္ေတြ ၾကားခံ သုံးစြဲ သင့္သလဲ ဆိုတာ သိေလာက္ၿပီ ျဖစ္ပါတယ္ ခင္ဗ်ာ။

သိၿပီးသူမ်ား အတြက္လည္း ပိုမွတ္မိ ေစတာေပါ့ဗ်ာ။ဒီေနရာမွာ ေဆ့ဖ္ဂတ္ ထုပ္လုပ္သူ ေတြကို အႀကံျပဳ ခ်င္တာကေတာ့ အဲဒီ quick start ခလုပ္ မထည့္ပဲ

delay time ကို မီးပိတ္သြားတဲ့ အခ်ိန္ ကေန ျပန္လာတဲ့ အခ်ိန္ကို တြက္ၿပီး operate လုပ္ေပးတဲ့ စနစ္ သုံးရင္ သုံးစြဲသူေတြ အတြက္ ပို အဆင္ေျပေစမယ္လို႔ ထင္ပါတယ္ ခင္ဗ်ာ။

ဆိုလိုတာက မီးပ်က္တာ ၅မိနစ္ ေက်ာ္မွ ျပန္လာတာဆိုရင္ ၅ စကၠန႔္ေလာက္ပဲ delay လုပ္ၿပီး operate ျပန္ လုပ္ေပးတာမ်ိဳး၊

မီးပ်က္ၿပီး ၃မိနစ္မွာ ျပန္လာတယ္ ဆိုရင္ ၂ မိနစ္ေလာက္ delay လုပ္ၿပီး ျပန္ operate လုပ္ေပးတာမ်ိဳး ကို ေျပာတာပါ။

ဆရာလုပ္တာမ်ိဳး မဟုတ္ပါဘူး ခင္ဗ်ာ။ သုံးစြဲသူေတြ ပိုမို အဆင္ေျပ ေစဖို႔ အႀကံျပဳ တာပါ ခင္ဗ်ာ။

အဲဒီလို လုပ္ေပးျခင္း အားျဖင့္ သုံးစြဲသူေတြ အတြက္ မီးျပန္လာလို႔ ထႏွိပ္ ရတာမ်ိဳး လုပ္စရာ မလိုေတာ့ဘူး။ ၅ မိနစ္ မျပည့္ေသးပဲ ထႏွိပ္လို႔ စက္ပ်က္မွာလည္း မပူရေတာ့ ဘူးေပါ့ ခင္ဗ်ာ။

အားလုံး စိတ္ခ်မ္းသာ ကိုယ္က်န္းမာ၍ လိုအင္ ဆႏၵမ်ား တစ္လုံးတစ္ဝတည္း ျပည့္စုံၾကပါေစ ခင္ဗ်ာ။

အဲကြန္း ပညာရပ္မ်ားကို ေလ့လာလိုသူ လူငယ္မ်ား Page ကို Like and Share လုပ္ၿပီး see first လုပ္ထားျခင္းျဖင့္ ေစာင့္ေမွ်ာ္ ၾကည့္ရႈ ေလ့လာ ႏိုင္ပါတယ္ ခင္ဗ်ာ။

မည္သူ မဆိုစိတ္ႀကိဳက္ share ႏိုင္ပါတယ္။copy ယူၿပီး credit မေပး ဘာမေပးနဲ႔ သူေရးသလိုလို ဘာလိုလို လုပ္ေနသူမ်ား အရွက္တရား အသိတရား ရွိၾကပါေစ။

❇ ကို ထိုက္ ( ေမတၱာအိမ္ )💜 ေမတၱာအိမ္ electronic ✳️ Short Way Air-con; Training

Leave a Reply

Your email address will not be published.