၂၀၃၀ ပြည့်နှစ်မှာ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်စွမ်းအင်ရရှိရေး စီမံချက်ထား ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ-SAC ရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သက်ဦးက ပြောပါတယ်။




ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တို့မှာ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ကျင်းပတဲ့ SGE ASEAN-India High Level Conference on Renewable Energy အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သက်ဦးက အဖွင့်အမှာစကားပြောကြားရင်း အခုလို ပြောတာဖြစ်ပါတယ်။




လက်ရှိ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုက သဘာဝဓာတ်ငွေ့ကနေ ၅၆ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်ကနေ ၄၀ ရာခိုင်နှုန်း၊ ကျောက်မီးသွေးကနေ ၃ ရာခိုင်နှုန်းနဲ့ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေကနေ ၁ ရာခိုင်နှုန်း ရှိနေတယ်လို့ ဝန်ကြီး ဦးအောင်သက်ဦးက ဆိုပါတယ်။
this is test




နေနဲ့ လေစွမ်းအင်လိုမျိုး ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေကနေ လျှပ်စစ်ထုတ်လုပ်မှုကို ၉ ရာခိုင်နှုန်းအထိ ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပြီး အဲ့ဒီရည်မှန်းချက် ပြည်မီစေဖို့အတွက် လျှပ်စစ်ဓာတ်အား ၃၇၀ မဂ္ဂဝပ်ထုတ်လုက်နိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း ၁၃ ခုကို စတင်အကောင်အထည် ဖော်ဆောင်ရွက်နေပြီလို့လည်း ပြောကြားပါတယ်။




မြန်မာနိုင်ငံဟာ အာဆီယံရည်မှန်းချက်ဖြစ်တဲ့ ၂၀၂၅ ခုနှစ်မှာ ဒေသတွင်းစွမ်းအင်သုံးစွဲမှုရဲ့ ၂၃ ရာခိုင်နှုန်းကို ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေကနေ ရယူသုံးစွဲနိုင်ရေး အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိနေတယ်လို့လည်း ထည့်သွင်းပြောကြားသွားပါတယ်။




ဒါ့ပေမဲ့ လက်ရှိ မြန်မာနိုင်ငံအနှံ့မှာတော့ နေ့စဉ် လျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေ အခက်တွေ့နေရပါတယ်။
crd