စစ်ကောင်စီအတွက် လောင်စာဆီတင်သွင်းပေးနေသည့် ချစ်ခိုင်ပိုင် Denko ဆီဆိုင်မှ သိန်းရာချီငွေများ အသိမ်းခံရပြီး ကျည်တစ်တောင့်ပေး၍ သတိပေး
International News
စစ်ကောင်စီအတွက် လောင်စာဆီတင်သွင်းပေးနေသည့် ချစ်ခိုင်ပိုင် Denko ဆီဆိုင်မှ သိန်းရာချီငွေများ အသိမ်းခံရပြီး ကျည်တစ်တောင့်ပေး၍ သတိပေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၉
ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီအတွက် လောင်စာဆီ တင်သွင်း ထောက် ပံ့ပေးနေသည့် ချစ်ခိုင်ပိုင် Denko ဆီဆိုင်မှ သိန်းရာချီ ငွေများ သိမ်းဆည်းခံရပြီး ကျည်တစ်တောင့်ပေး၍ သတိပေးသွားကြောင်း စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ရှိ Denkoဆီဆိုင်များမှ ငွေသိမ်းသည့်ကားသည် ဖေဖော်ဝါရီလ ၇ ရက်နေ့ တောင်ဒဂုံမြို့နယ်အတွင်းတွင် တားဆီးခံရပြီး ဆီဆိုင်မှ ငွေများကို သိမ်းဆည်းသွားကြောင်း၊ ယင်းနောက် စစ်တပ်နှင့် စီးပွားရေး ပူးပေါင်းလုပ်နေသော ဆီဆိုင်ပိုင်ရှင် ချစ်ခိုင်အတွက် ကျည်တစ်တောင့်ပေးလိုက်ကြောင်း သိရှိရသည်။
“ပထမ ကားချင်းတိုက်တယ်။ နောက်တော့ ကားပေါ်ကနေ ကောင်လေးတွေဆင်းလာပြီး ငွေထုပ်ကို သိမ်းသွားတယ်။ သေနတ်ပါတယ်လည်း ပြောတယ် ” ဟု မျက်မြင်တစ်ဦးက ပြောသည်။
hihihihihihihihihi
this is test
ယင်းနောက် ငွေထုတ် သိမ်းဆည်းသွားသူများက ကျည်တစ်တောင့်ကို ဆိုင်ပိုင် ရှင် ချစ်ခိုင်အတွက် ပေးထားခဲ့ကြောင်း ၊ လက်ရှိတွင် စစ်တပ်က Denkoဆိုင်များမှာလည်း ဝန်ထမ်းများ စစ်ဆေးရေး လုပ်နေကြောင်း သိရှိရသည်။
ချစ်ခိုင်သည် အကြမ်းဖက် စစ်တပ်နှင့်ပူးပေါင်း၍ စီးပွားရေးလုပ်ကိုင်နေသူဖြစ်ပြီး စစ်တပ်အတွက်‌ လေယာဉ်ဆီ၊ လောင်စာဆီနှင့်စက်သုံးဆီများကို အဓိက တင်သွင်းပေးနေသူလည်းဖြစ်ကြောင်း၊ မြန်မာ့ရှေ့ဆောင်ဘဏ်ကိုလည်း တည် ထောင်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရှိရသည်။
zawgyi
ရန်ကုန်၊ ဖေဖော်ဝါရီ ၉
crd
Leave a Reply
Your email address will not be published.