ရွှေစားရင် ဘာအကျိုးကျေးဇူးတွေ ရနိုင်လဲ

Knowledge

🌏ဒီနေ့ခေတ်မှာဆိုရင် ရွှေဆိုတာ အလှအပရေးရာအတွက် အသုံးပြုဝတ်ဆင်ရတဲ့ လက်ဝတ်ရတနာတစ်ခုတင်မဟုတ်တော့ပါဘူး…..

😱စားလို့ပါရနေပါပြီ……
မှားဖတ်မိတယ်ထင်ပြီး ပြန်ဖတ်မနေပါနဲ့နော်၊ မှားဖတ်တာ မဟုတ်ပါဘူးရှင်။ တကယ်စားလို့ရနေတာပါ။

💁‍♀️ကမ္ဘာအနှံ့အပြားမှာ ရွှေနဲ့ ပြုလုပ်တဲ့ အစားအသောက်တွေများစွာ ရှိနေပြီး၊ ဒီအစားအစာတွေအားလုံးကလည်း ကမ္ဘာ့ထိပ်တန်းဝင် စျေးအကြီးဆုံး စားစရာတွေထဲမှာ ပါဝင်နေပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ဘယ်အစားအစာတွေကို ရွှေနဲ့စားသုံးနေတာလဲဆိုတော့
🥇ရွှေနဲ့ ပြုလုပ်ထားတဲ့ Caviar ငါးဥဆားနယ်
🥇ရွှေလက်ဖက်ခြောက်
🥇ရွှေဆူရှီ
🥇ရွှေမှုန်Cappuccino
🥇ရွှေပီဇာ
🥇ရွှေLollipop
🥇ရွှေရေခဲမုန့်
🥇ရွှေဆေးလိပ် စတဲ့ရွှေနဲ့ပြုလုပ်ထားတဲ့ အမျိုးမျိုးသော အစားအစာတွေပါ။

hihihihihihihihihi

this is test

🤨ဒါဆိုရင် ရွှေက စားစရာမှမဟုတ်တာ၊ စားရင်ရောဂါရနိုင်လားလို့တော့ မေးစရာရှိပါတယ်။ တကယ်တော့ ရွှေတိုင်းက စားလို့မရသလို၊ စားသုံးမယ်ဆိုရင်လဲ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။

☺အစားအစာအဖြစ်စားလို့ရတဲ့ ရွှေကတော့ 23K,24K ရှိပြီး၊ သန့်စင်တဲ့ရွှေစစ်စစ်ဖြစ်တဲ့ Edible Gold လို့ခေါ်တဲ့ ရွှေအမျိုးအစားတစ်ခုတည်းသာ စားလို့ရတာပါရှင်…..
ဒီရွှေအမျိုးအစားက ဘုရားမှာ ရွှေသင်္ကန်းကပ်တဲ့ရွှေအမျိုးအစားနဲ့ အတူတူပါဘဲ။

💠ရွှေကို ဘာလို့စားကြတာလဲဆိုတော့ တစ်ချို့က ရွှေကို စားသုံးရင် ၉၆ ပါး ရောဂါ ကို ကာကွယ်နိုင်ပြီး အရွယ်တင်နုပျိုစေတယ်လို့ ယုံကြည်ကြသလို၊ လူချမ်းသာအများစုကလည်း ကိုယ်ရဲ့ ကြွယ်ဝချမ်းသာမှုကို ပြသလိုတဲ့အတွက်ကြောင့် ရွှေနဲ့ ပြုလုပ်တဲ့ အစားအစာတွေကို စားကြပါတယ်။

ရွှေကိုစားသုံးမယ်ဆိုရင် ရရှိမယ့်အကျိုးကျေးဇူးတွေကတော့
💛အဆစ်မြစ်ရောင်ရောဂါဖြစ်ခြင်းမှကာကွယ်ပေးခြင်း
💛ဦးနှောက်စွမ်းဆောင်မှုကိုတိုးမြှင့်ပေးခြင်း
💛Brain Tumour ဖြစ်ခြင်းမှကာကွယ်ပေးခြင်း
💛ကိုယ်ခံအားစနစ်အားကောင်းစေခြင်း
💛နှလုံးကျန်းမာရေးကိုကောင်းမွန်အောင် ထိန်းသိမ်းပေးနိုင်ခြင်း
💛အသားအရေလှပစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်ရှင်…

အမျိုးသမီးတွေအတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေ ပိုရရှိနိုင်ပါတယ်။

😍ဒီနေ့အတွက် စားသုံးလို့ရတဲ့ရွှေရှိတယ်ဆိုတာရယ်၊ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်တယ်ဆိုတာတွေကို သိသွားပြီဖြစ်လို့ ကျေနပ်လောက်ပြီထင်ပါတယ်နော်။

😚ကျွန်မတို့ စိမ်းရွှေဝါ Page လေးက ရွှေနဲ့ပတ်သက်တဲ့ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာလေးတွေကို ဆက်လက်တင်ပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးနော်….

#crd

Leave a Reply

Your email address will not be published.