ငွေကြေးကံကောင်းလာပြီး ဝင်ငွေသိသိသာသာ တိုးလာစေတဲ့ အချက်(၅)ချက်…
International News
hihihihihihihihihi
this is test
(၁) ပိုက်ဆံအိတ် အရောင်”
created by inCollage
(၃) ပိုက်ဆံအိတ် အနေအထား”
created by inCollage
Credit – MAY THAZINHTOO
Unicode
ငွေကြေးကံကောင်းလာပြီး ဝင်ငွေသိသိသာသာ တိုးလာစေတဲ့ အချက်(၅)ချက်…
ငွေကြေးနဲ့ပတ်သက်လို့ကံမကောင်းချင်တဲ့သူ မရှိလောက်ဘူး ထင်ပါတယ်။ ကိုယ်ရှာသလောက်ပဲ ငွေက ဝင်မှာဆိုပေမယ့် ငွေကြေးကံကောင်းနေတာနဲ့ မကောင်းတာ နဲ့တော့ မတူပါဘူး ။
သင့်အနေနဲ့ သင့်ရဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ ကံကောင်းအောင် အခုဖော်ပြမယ့် အချက်လေးတွေကို လုပ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော် ။
(၁) ပိုက်ဆံအိတ် အရောင်”
ပိုက်ဆံအိတ်တစ်လုံးဝယ်တော့မယ်ဆိုရင် ရွှေရောင်၊ အဝါရောင်၊ ပန်းရောင်၊ အဖြူရောင်၊ အနက်ရောင်နဲ့ ထုံးခြောက်ရောင်တို့ကို ဦးစားပေး ရွေးချယ်သင့်ပါတယ် ။
အဲ့ဒီအရောင်တွေက ငွေပိုဝင်အောင် ဆွဲဆောင် နိုင်ပြီး ပိုက်ဆံမထွက်အောင်ထိန်းပေးထားနိုင်တယ်လို့ ယူဆကြပါတယ်။
ရွှေရောင်ကတော့ အားအကောင်းဆုံးအရောင်ဖြစ်ပြီး ပိုက်ဆံနဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေကို ရွှေရောင်သုံးပေးရင် အကောင်းဆုံးဖြစ်ပါတယ် ။
အနက်ရောင်ကတော့ ဝင်လာပြီးသား ပိုက်ဆံတွေ လွယ်လွယ်ထွက်မသွားအောင် ထိန်းပေးနိုင်ဆုံး အရောင်ဖြစ်ပါတယ် ။
ပိုက်ဆံအိတ်ဝယ်ရင် လုံးဝမရွေးသင့်တဲ့ အရောင်တွေ ကတော့ အနီရောင်နဲ့ အပြာရောင်ပါ။ အနီရောင်က မီးနဲ့တူတာကြောင့် သင့်ဆီဝင်လာမယ့် ပိုက်ဆံတွေနဲ့ ကံကောင်းခြင်းတွေကို လောင်ကျွမ်း သွားစေနိုင်ပြီး ၊
အပြာရောင်ကတော့ ရေလိုပဲ သင့်ဆီမှာရှိပြီးသား ငွေတွေကို စီးဆင်းသွားစေမယ်ဆိုတဲ့ အယူအဆ ရှိကြလို့ပါပဲ ။
(၂) အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့အရောင်”
အဲ့ဒါကတော့ ပန်းရောင်ပါ။ ပိုက်ဆံအိတ်ပန်းရောင်ကို ရွေးမယ်ဆိုရင် ပိုက်ဆံတွေကိုတိုးပွားစေနိုင်တဲ့အစွမ်းရှိပြီး၊ အမျိုးသမီးတွေအတွက် ကံကောင်ခြင်းတွေလည်း တိုးလာစေတယ်ဆိုတဲ့ အယူအဆ ရှိပါတယ် ။
(၃) ပိုက်ဆံအိတ် အနေအထား”
ပိုက်ဆံအိတ်ထဲမှာပိုက်ဆံကလွဲပြီး တခြား တိုလီမှုတ်စတွေ ဘာဆို ဘာမှမထည့်ပါနဲ့။ လိပ်စာကတ်တွေကိုလည်း မထည့်ထားပါနဲ့ ။
အဲ့ဒီလိုတွေထည့်ထားတာက ပိုက်ဆံဝင်လာမယ့်လမ်းကိုပိတ်ဆို့ထားတာနဲ့အတူတူပါပဲတဲ့။ တတ်နိုင်သမျှ ပိုက်ဆံအိတ်ကို အမြဲရှင်းလင်းနေအောင်ထားပါ။ အနံ့အသက်ဆိုးတွေ မထွက်နေအောင်ထားထား သင့်ပါတယ် ။
(၄) ပိုက်ဆံအိတ် ထားတဲ့နေရာ”
အပြင်ထွက်ပြီး အိမ်ပြန်ရောက်ရင် ပိုက်ဆံအိတ်ကိုဘယ်နေရာတွေမှာထား တတ်ပါသလဲ။ ပိုက်ဆံအိတ်ကို အသံဆူညံတဲ့ ရုပ်မြင်သံကြား၊
စပီကာတွေနားမှာမထားပါနဲ့။ တိတ်ဆိတ်တဲ့ နေရာမှာထားပါ။ ပြီးတော့ ပိုက်ဆံအိတ်ကို မီးဖိုချောင်မှာ လုံးဝမထားမိပါစေနဲ့ ။
(၅) ပိုက်ဆံအိတ်တစ်လုံးရဲ့ သက်တမ်း”
ပိုက်ဆံအိတ်မှာလည်းသက်တမ်းရှိပါတယ်နော်။ ဒီပိုက်ဆံအိတ်ကကောင်းသေးတယ် ဆိုပြီ မစုတ်မချင်းကိုင်နေမယ်ဆိုရင်လည်း ပိုက်ဆံဝင်တာကို နှောင့်နှေးစေပါတယ်တဲ့ ။
ပိုက်ဆံအိတ်တစ်လုံးကို အသုံးပြုသင့်တဲ့ သက်တမ်းကတော့ သုံးနှစ်ဖြစ်ပြီး အဲ့ဒီအချိန်ထက်ကြာနေတဲ့ပိုက်ဆံအိတ်တွေကို မဖြစ်မနေ လဲပစ်ဖို့ အကြံပေးလိုပါတယ် ။
ပြီးတော့ အရောင်တွေပြောင်းလာပြီ၊ ချုပ်ရိုးစတွေပြုတ်ထွက်လာပြီဆိုရင်လည်း အဲဒီပိုက်ဆံအိတ်ကို ဆက်မသုံးသင့်တော့ပါဘူးနော် ။ ။
Credit – MAY THAZINHTOO
Leave a Reply
Your email address will not be published.